Kantharyar Centre
×

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ႏုိဗယ္ဆုရွင္ ကိုဖီအာနန္သည္ ယမန္ေန႔ မြန္းလဲြ ၃ နာရီ ၁၀ မိနစ္တြင္ ရန္ကုန္အျပည္္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာရာ ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ဦးေက်ာ္တင္ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိခဲ့သည္။

ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံ ေပး ေကာ္မရွင္ဥကၠ႒အျဖစ္ တာ ၀န္ ေပးအပ္ျခင္းခံထားရေသာ ကိုဖီအာနန္သည္ စက္တင္ဘာ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္း ခ်မ္းေရးဗဟုိဌာနတြင္ ႏုိင္ငံေတာ္ ၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္မည္ျဖစ္သည္။ ရခိုင္ျပည္နယ္၏ သိမ္ေမြ႕နက္နဲသည့္ အေရးကိစၥမ်ားကို ေျဖရွင္းႏုိင္မည့္ ေရရွည္နည္းလမ္းေကာင္းမ်ားကို ရွာေဖြအႀကံျပဳရမည့္ ေကာ္မရွင္ဖြဲ႕စည္းေရးအတြက္ ကိုဖီအာနန္ေဖာင္ေဒးရွင္း တည္ေထာင္သူႏွင့္ ဥကၠ႒ျဖစ္ေသာ ကိုဖီအာနန္ႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး ၀န္ႀကီးဌာနတို႔ၾကားလက္မွတ္ေရးထိုးမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဖြဲ႕စည္းစဥ္က အစိုးရက သတင္းထုတ္ျပန္ထားသည္။

ကိုဖီအာနန္သည္ ရန္ကုန္ ၿမိဳ႕သို႔ ယမန္ေန႔ မြန္းလြဲပိုင္းက ေရာက္ရွိၿပီး ယေန႔တြင္ (စက္ တင္ဘာ ၄ ရက္) ကိုယ္ပိုင္ အစီ အစဥ္ျဖင့္ ရန္ကုန္ၿမိဳ႕တြင္ ရွိေန မည္ျဖစ္ကာ စက္တင္ဘာ ၅ရက္ တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆံုမည္ျဖစ္သည္။

ထို႔ေနာက္ စက္တင္ဘာ ၆ ရက္ နံနက္တြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕သို႔ သြားေရာက္မည္ ျဖစ္ၿပီး စက္တင္ဘာ ၇ ရက္တြင္ ရခုိင္ျပည္နယ္မွ ရန္ကုန္ၿမိဳ႕သို႔ ျပန္လာမည္ျဖစ္သည္။ ထို႔ေနာက္ ေနျပည္ေတာ္သို႔ သြားေရာက္ၿပီး ႏိုင္ငံေတာ္သမၼတႏွင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔အား ေတြ႕ဆံုေဆြးေႏြးမည္ျဖစ္သည္။ ဆက္လက္၍ စက္တင္ဘာ ၈ ရက္တြင္ ခရီးစဥ္ႏွင့္ပတ္သက္၍ သတင္းစာရွင္းလင္း ပြဲျပဳလုပ္မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။ စက္တင္ဘာ ၉ ရက္ နံနက္တြင္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာ မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံ ေပးေကာ္မရွင္ကို ဥကၠ႒အျဖစ္ ကိုဖီအာနန္၊ အဖြဲ႕၀င္မ်ားအျဖစ္ UN AIDS ၏ အထူအႀကံေပး ပုဂၢိဳလ္ေဟာင္း မစၥလက္တီတီရာ ဗန္ဒန္အာဆမ္၊ ကုလသမဂၢ အ တြင္းေရးမွဴးခ်ဳပ္၏ အထူးအႀကံ ေပးပုဂၢိဳလ္ (၂၀၀၃-၂၀၀၆) ႏွင့္ လက္ဘႏြန္ႏိုင္ငံ ယဥ္ေက်းမႈ ၀န္ ႀကီးေဟာင္း မစၥတာဂါဆန္ဆလမ္ အပါအ၀င္ ျမန္မာႏိုင္ငံမွ ေျခာက္ ဦး စုစုေပါင္း ကိုးဦးျဖင့္ ဖြဲ႕စည္း ထားသည္။ ေကာ္မရွင္သည္ သက္ဆိုင္သူမ်ားႏွင့္ က်ယ္ျပန္႔စြာ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ၿပီး ေနာက္ ရွာေဖြေတြ႕ရွိခ်က္မ်ားႏွင့္ ေလ့လာသံုးသပ္ အႀကံျပဳခ်က္ မ်ားပါ၀င္သည့္ အစီရင္ခံစာကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ မွတစ္ဆင့္ ျမန္မာႏိုင္ငံအစိုးရထံ တင္ျပမည္ျဖစ္ၿပီး ျပည္သူလူထု သိရွိႏိုင္ေရးအတြက္လည္း အစီ ရင္ခံစာကို ထုတ္ေ၀ျဖန္႔ခ်ိမည္ျဖစ္ ပါသည္။ အစီရင္ခံစာကို ေကာ္မ ရွင္တည္ေထာင္ၿပီး ၁၂ လကာလ ထက္ ေနာက္မက်ေစဘဲ တင္ျပရ မည္ျဖစ္ေၾကာင္း အစိုးရက သတင္း ထုတ္ျပန္ထားသည္။

အဆုိပါေကာ္မရွင္တြင္ ကို ဖီအာနန္အပါအ၀င္ ျပည္ပမွ ပုဂၢိဳလ္သံုးဦး ထည့္သြင္းဖြဲ႕စည္း ျခင္းႏွင့္ပတ္သက္၍ ျပည္တြင္း ေရးကို ႏိုင္ငံျခားသားမ်ား ပါ၀င္ ေဆာင္ရြက္ခြင့္ျပဳသည္ဆိုကာ ေ၀ဖန္မႈအခ်ိဳ႕ ရွိေနသည္။ သို႔ေသာ္ ရခိုင္ျပည္နယ္အေရး အထူးသျဖင့္ဘဂၤါလီအေရးသည္ ျပည္တြင္းအတြက္သာမက ႏိုင္ငံတကာကလည္း အထူးအာ႐ံုစိုက္ေနသျဖင့္ ႏိုင္ငံတကာက ေလးစားယံုၾကည္သူမ်ားျဖင့္ ဖြဲ႕စည္းျခင္းျဖစ္ႏိုင္ၿပီး ဆံုးျဖတ္ရမည့္ေကာ္မရွင္ မဟုတ္ဘဲ အႀကံေပးရမည့္ေကာ္မရွင္သာျဖစ္သည္ဟုဆိုကာ အစိုးရ၏ ေဆာင္ရြက္မႈအေပၚေထာက္ခံသူအခ်ိဳ႕လည္း ရွိေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင် ကိုဖီအာနန်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာ ဝန် ပေးအပ်ခြင်းခံထားရသော ကိုဖီအာနန်သည် စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာနတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေအကြံပြုရမည့် ကော်မရှင်ဖွဲ့စည်းရေးအတွက် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သော ကိုဖီအာနန်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့ကြားလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကော်မရှင်ဖွဲ့စည်းစဉ်က အစိုးရက သတင်းထုတ်ပြန်ထားသည်။

ကိုဖီအာနန်သည် ရန်ကုန် မြို့သို့ ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိပြီး ယနေ့တွင် (စက် တင်ဘာ ၄ ရက်) ကိုယ်ပိုင် အစီ အစဉ်ဖြင့် ရန်ကုန်မြို့တွင် ရှိနေ မည်ဖြစ်ကာ စက်တင်ဘာ ၅ရက် တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၆ ရက် နံနက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်မည် ဖြစ်ပြီး စက်တင်ဘာ ၇ ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပြန်လာမည်ဖြစ်သည်။ ထို့နောက် နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံတော်သမ္မတနှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ဆက်လက်၍ စက်တင်ဘာ ၈ ရက်တွင် ခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၉ ရက် နံနက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်၊ အဖွဲ့ဝင်များအဖြစ် UN AIDS ၏ အထူအကြံပေး ပုဂ္ဂိုလ်ဟောင်း မစ္စလက်တီတီရာ ဗန်ဒန်အာဆမ်၊ ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်၏ အထူးအကြံ ပေးပုဂ္ဂိုလ် (၂၀၀၃-၂၀၀၆) နှင့် လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှု ဝန် ကြီးဟောင်း မစ္စတာဂါဆန်ဆလမ် အပါအဝင် မြန်မာနိုင်ငံမှ ခြောက် ဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်း ထားသည်။ ကော်မရှင်သည် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး နောက် ရှာဖွေတွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက် များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိနိုင်ရေးအတွက်လည်း အစီ ရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ် ပါသည်။ အစီရင်ခံစာကို ကော်မ ရှင်တည်ထောင်ပြီး ၁၂ လကာလ ထက် နောက်မကျစေဘဲ တင်ပြရ မည်ဖြစ်ကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါကော်မရှင်တွင် ကို ဖီအာနန်အပါအဝင် ပြည်ပမှ ပုဂ္ဂိုလ်သုံးဦး ထည့်သွင်းဖွဲ့စည်း ခြင်းနှင့်ပတ်သက်၍ ပြည်တွင်း ရေးကို နိုင်ငံခြားသားများ ပါဝင် ဆောင်ရွက်ခွင့်ပြုသည်ဆိုကာ ဝေဖန်မှုအချို့ ရှိနေသည်။ သို့သော် ရခိုင်ပြည်နယ်အရေး အထူးသဖြင့်ဘင်္ဂါလီအရေးသည် ပြည်တွင်းအတွက်သာမက နိုင်ငံတကာကလည်း အထူးအာရုံစိုက်နေသဖြင့် နိုင်ငံတကာက လေးစားယုံကြည်သူများဖြင့် ဖွဲ့စည်းခြင်းဖြစ်နိုင်ပြီး ဆုံးဖြတ်ရမည့်ကော်မရှင် မဟုတ်ဘဲ အကြံပေးရမည့်ကော်မရှင်သာဖြစ်သည်ဟုဆိုကာ အစိုးရ၏ ဆောင်ရွက်မှုအပေါ်ထောက်ခံသူအချို့လည်း ရှိနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top