Property Expo
×

 ငလ်င္ဒဏ္သင့္ ပုဂံေစတီတစ္ဆူတြင္ လုံၿခံဳေရးေစာင့္ၾကပ္ေနၾကသူမ်ား ဓာတ္ပံု − ေဂ်ေမာင္ေမာင္ (အမရပူရ)

ငလ်င္ဒဏ္ေၾကာင့္ ပုဂံေဒသရွိ ထိခိုက္ပ်က္စီးခဲ့ေသာ ဘုရားေစတီ မ်ားအနက္ ၃၆ ဆူကိုသာ အတြင္းသို႔ ဝင္ေရာက္ ေလ့လာျခင္း မျပဳရန္ တားျမစ္ထားၿပီး လာေရာက္ လည္ပတ္သည့္ ခရီးသြား ဧည့္သည္မ်ား အျခားေသာ ဘုရားေစတီမ်ားအားလံုးကို လြတ္လပ္စြာ ဖူးေျမာ္ခြင့္ျပဳထားေၾကာင္း ေရွးေဟာင္း သုေတသန ယဥ္ေက်းမႈ ႏွင့္ စာၾကည့္တုိက္ဦးစီးဌာနမွ သတင္းရရွိသည္။


‘‘ဘုရား ၃၆ ဆူကိုပဲ အတြင္း ကို ဝင္ၾကည့္လို႔ မရဘူးဆိုၿပီး တားျမစ္ထားတာ ျဖစ္ပါတယ္။ အဲဒါကလည္း အႏၲရာယ္ရွိတဲ့အတြက္ ဝင္ခြင့္ မေပးတာျဖစ္ၿပီး တတ္ႏုိင္သေလာက္ အနီးဆံုးေနရာအထိ သြားၿပီး ၾကည့္လုိ႔ရေအာင္ေတာ့ စီစဥ္ ေပးထားပါတယ္’’ဟု ေရွးေဟာင္း သုေတသန ယဥ္ေက်းမႈႏွင့္ စာၾကည့္တိုက္ဦးစီးဌာန (ပုဂံ႐ံုးခြဲ)မွ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

အတြင္းသို႔ ဝင္ေရာက္ေလ့ လာခြင့္မရွိေသာ ဘုရားေစတီမ်ားကို ျပည္တြင္း၊ ျပည္ပမွ ခရီးသြား ဧည့္သည္မ်ားအေနျဖင့္ အလြယ္ တကူသိရွိႏုိင္ရန္ လက္ရွိတြင္ ဂ်ပန္အျပည္ျပည္ဆုိင္ရာ ဖြံ႕ၿဖိဳးေရးေအ ဂ်င္စီ (JICA)ႏွင့္ ပူးေပါင္း၍ လမ္းၫႊန္ ဆိုင္းဘုတ္မ်ား ထားရွိေပးထားကာ ဘုရားေစတီမ်ားေပၚသို႔ တက္ေရာက္ကာ ေနဝင္ခ်ိန္ ၾကည့္႐ႈျခင္းမ်ားကိုလည္း တတ္ႏုိင္သေရြ႕ မျပဳလုပ္ရန္ ေမတၱာရပ္ခံထားသည္ဟု ဆိုသည္။

‘‘အခုလိုအေျခအေနမွာ ဘုရားေတြေပၚတက္ၿပီး ေနဝင္ၾကည့္ တာမ်ိဳးကို မလုပ္ေစခ်င္ပါဘူး။ ဒါ ေပမဲ့ တားျမစ္ထားတာမ်ိဳးေတာ့ မလုပ္ဘဲ တတ္ႏုိင္သေရြ႕ မတက္ၾကဖို႔ သတိထားဖို႔ကိုေတာ့ ေမတၱာရပ္ခံမႈ ျပဳလုပ္ထားပါတယ္’’ဟု ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။ ၾသဂုတ္ ၂၄ ရက္ညေနက ေခ်ာက္ၿမိဳ႕အေနာက္ဘက္ ၁၂ မိုင္ခန္႔အကြာကို ဗဟိုျပဳ၍ အင္အား ၆ ဒသမ ၈ ရစ္ခ်္တာစေကးရွိ အင္အားျပင္း ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ ရာ ပုဂံေဒသရွိ ေစတီပုထိုး ၃၉၇ ဆူ ပ်က္စီးခဲ့သည္။ လက္ရွိတြင္ အတြင္းသို႔ ဝင္ေရာက္ေလ့လာခြင့္ တားျမစ္ထားသည့္ ဘုရားမ်ား၌ လူသိမ်ားသည့္ နာမည္ႀကီးဘုရား ေစတီမ်ားလည္း ပါဝင္ေၾကာင္း ေရွးေဟာင္း သုေတသနယဥ္ေက်း မႈႏွင့္ စာၾကည့္တုိက္ ဦးစီးဌာန(ပုဂံ႐ံုးခြဲ)မွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ငလျင်ဒဏ်သင့် ပုဂံစေတီတစ်ဆူတွင် လုံခြုံရေးစောင့်ကြပ်နေကြသူများ ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီ များအနက် ၃၆ ဆူကိုသာ အတွင်းသို့ ဝင်ရောက် လေ့လာခြင်း မပြုရန် တားမြစ်ထားပြီး လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်များ အခြားသော ဘုရားစေတီများအားလုံးကို လွတ်လပ်စွာ ဖူးမြော်ခွင့်ပြုထားကြောင်း ရှေးဟောင်း သုတေသန ယဉ်ကျေးမှု နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သတင်းရရှိသည်။


‘‘ဘုရား ၃၆ ဆူကိုပဲ အတွင်း ကို ဝင်ကြည့်လို့ မရဘူးဆိုပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒါကလည်း အန္တရာယ်ရှိတဲ့အတွက် ဝင်ခွင့် မပေးတာဖြစ်ပြီး တတ်နိုင်သလောက် အနီးဆုံးနေရာအထိ သွားပြီး ကြည့်လို့ရအောင်တော့ စီစဉ် ပေးထားပါတယ်’’ဟု ရှေးဟောင်း သုတေသန ယဉ်ကျေးမှုနှင့် စာကြည့်တိုက်ဦးစီးဌာန (ပုဂံရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

အတွင်းသို့ ဝင်ရောက်လေ့ လာခွင့်မရှိသော ဘုရားစေတီများကို ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များအနေဖြင့် အလွယ် တကူသိရှိနိုင်ရန် လက်ရှိတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေ ဂျင်စီ (JICA)နှင့် ပူးပေါင်း၍ လမ်းညွှန် ဆိုင်းဘုတ်များ ထားရှိပေးထားကာ ဘုရားစေတီများပေါ်သို့ တက်ရောက်ကာ နေဝင်ချိန် ကြည့်ရှုခြင်းများကိုလည်း တတ်နိုင်သရွေ့ မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်ဟု ဆိုသည်။

‘‘အခုလိုအခြေအနေမှာ ဘုရားတွေပေါ်တက်ပြီး နေဝင်ကြည့် တာမျိုးကို မလုပ်စေချင်ပါဘူး။ ဒါ ပေမဲ့ တားမြစ်ထားတာမျိုးတော့ မလုပ်ဘဲ တတ်နိုင်သရွေ့ မတက်ကြဖို့ သတိထားဖို့ကိုတော့ မေတ္တာရပ်ခံမှု ပြုလုပ်ထားပါတယ်’’ဟု ဦးအောင်အောင်ကျော်က ပြောသည်။ သြဂုတ် ၂၄ ရက်ညနေက ချောက်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ ရာ ပုဂံဒေသရှိ စေတီပုထိုး ၃၉၇ ဆူ ပျက်စီးခဲ့သည်။ လက်ရှိတွင် အတွင်းသို့ ဝင်ရောက်လေ့လာခွင့် တားမြစ်ထားသည့် ဘုရားများ၌ လူသိများသည့် နာမည်ကြီးဘုရား စေတီများလည်း ပါဝင်ကြောင်း ရှေးဟောင်း သုတေသနယဉ်ကျေး မှုနှင့် စာကြည့်တိုက် ဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top