Property Expo
×




Credit:Trend Myanmar

#Unicode Version
အချစ်ရေးနဲ့ ပတ်သက်လာရင် "မင်း" သို့မဟုတ် "ငါ" ဆိုတာ မရှိတော့ဘဲ "ငါတို့" ဆိုတာပဲ ရှိတော့တာပါ။ ဒီဘိုးဘွားစုံတွဲတို့က အဲဒီအချက်ကို အလေးအနက် ကျင့်သုံးကြပါတယ်။ ၅၂ နှစ်ကြာ အိမ်ထောင်သက်တမ်း ဖြတ်သန်းခဲ့ပြီးတဲ့ ဒီဘိုးဘွားမိဘတွေဟာ နေ့စဉ်ဆင်တူဝတ်စုံ ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။

တစ်သွေးတစ်သား၊ နှစ်ကိုယ်တစ်စိတ်ရှိရင်  ဒါ အချစ်ရေးအောင်မြင်မှု ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ သူတို့မှာ ဒီဂုဏ်သတင်းကျော်ကြားမှုအတွက် ကျေးဇူးတင်ပေးမယ့် မြေးလေး Anthony Cargiula ရှိနေပါတယ်။

Ed ၇၆ နှစ်နဲ့ Fran Gargiula ၇၄ နှစ်တို့ဟာ ဒီဖက်ရှင်ကို ဘုရားကျောင်း၊ အကသင်တန်းအတွက် ဆင်တူဝတ်ဆင်ရာကနေ စတင်ခဲ့တာပါ။ နောက် သူတို့ ဆင်တူဝတ်စုံ မဝတ်လာတဲ့တစ်နေ့မှာ "ဘာဖြစ်တာလဲ" သူတို့ကို လူတိုင်းမေးကြပါတယ်။ အဲဒီအချိန်ကစပြီး အပြင်ထွက်ရင် တစ်ရက်မပျက် ဆင်တူဝတ်ဆင်ဖို့ ဆုံးဖြတ်ကြတာလို့ သိရပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top