Kantharyar Centre
×

"ထမင္းစားၿပီး ခ်က္ခ်င္းေရခ်ိဳးရင္ ေရဖ်ဥ္းစြဲ တတ္တယ္"တဲ့။ စာ႐ႈသူအားလံုး မၾကာခဏ ၾကားဖူး ေနက်စကားျဖစ္မယ္လို႔ ယံုၾကည္ပါတယ္။ ဘာမွ မသိနားမလည္တဲ့ ကေလးဘ၀ကတည္းက ၾကားေန က်စကားမို႔လို႔ နားထဲစြဲေနၿပီး မွန္သလိုလိုေတာင္ ထင္လာရတဲ့အထိ လူအေတာ္မ်ားမ်ား ယံုေနၾကပါ ၿပီ။ ဒါက နည္းပညာဖြံ႕ၿဖိဳးမႈနဲ႔အလွမ္
းေ၀းခဲ့တဲ့ လူႀကီး သူမေတြ မေျပာနဲ႔၊ ယေန႔ေခတ္ (ေဆးေလာကထဲက မဟုတ္တဲ့) ပညာတတ္ အခ်ိဳ႕ကေတာင္ အမွားအမွန္ ခြဲမသိဘဲ အယူသည္း ေရွာင္ၾကဥ္ေနၾကတုန္းပဲ
။ ဒီ ေတာ့ ေမးစရာစကား ရွိလာပါတယ္။

"ထမင္းစားၿပီး ခ်က္ခ်င္းေရခ်ိဳးရင္ ေရဖ်ဥ္းတကယ္စြဲတာလား"
မဟုတ္ပါဘူး။ လံုး၀ မဟုတ္ပါဘူး။ အဂၤလိပ္ လို Ascites လို႔ေခၚတဲ့ ေရဖ်ဥ္းစြဲျခင္း ကိုယ္တိုင္က ေရာဂါတစ္ခုမဟုတ္ဘဲ အသည္းေရာဂါ၊ ႏွလံုးေရာ ဂါ၊ ကင္ဆာေရာဂါအခ်ိဳ႕၊ ေက်ာက္ကပ္ေရာဂါ စတာေတြမွာေတြ႔ရတဲ့ လကၡဏာတစ္ရပ္ပဲ ျဖစ္ပါ တယ္။ ဒါေတြ ေနာက္ခံရွိေနတဲ့အတြက္ ၀မ္းဗိုက္ထဲ ေရေတြစုလာကာ ေရဖ်ဥ္းစြဲရတာျဖစ္ၿပီး ထမင္းစား ၿပီး ခ်ိဳးလိုက္တဲ့ေရေတြ သြားစုတာ လံုး၀မဟုတ္ ေၾကာင္းပါ။

ဒါဆို ဘိုးဘြားဘီဘင္ေတြက လြဲေခ်ာ္ေနတဲ့ အခ်က္ၾကီးကို ယံုၾကည္ လက္ဆင့္ကမ္းခဲ့ၾကတာ လား။ အမွားႀကီးေျပာခဲ့ၾကတာလား။ အဲလိုေတာ့လဲ မဟုတ္ေလာက္ပါဘူး။ ထမင္းစားၿပီးၿပီးခ်င္း ေရခ်ိဳး ရင္ ခႏၶာကိုယ္ရဲ႕ အစာခ်က္မႈ၊ စုပ္ယူမႈေတြမွာ ႀကီးစြာ ေသာ အေႏွာင့္အယွက္ေတြ ျဖစ္ကုန္တာ သိပၸံနည္း က် စမ္းသပ္ေတြ႕ရွိထားရပါတယ္။ အစာေခ်တဲ့ အခ်ိန္မွာ ေသြးလွည့္ပတ္မႈရဲ႕ အမ်ားဆံုးေ၀စုကို အစာအိမ္နဲ႔ အူလမ္းေၾကာင္းက စြမ္းအင္ရဖို႔ ယူရပါ တယ္။ အဲအခ်ိန္မွာ ေရခိ်ဳးလိုက္ရင္ က်ဆင္းသြားတဲ့ အေရျပား အပူခ်ိန္ကိုထိန္းဖို႔ ေျခလက္ေတြနဲ႔ အေရ ျပားဆီ ေသြးေတြ ပံုမွန္ထက္ပိုၿပီး ပို႔လႊတ္ေပးလိုက္ ရလို႔ အူလမ္းေၾကာင္းကရတဲ့ ေ၀စုေလ်ာ့နည္းသြား ကာ အစာေခ်မႈအေႏွာင့္အယွက္ျဖစ္ပါတယ္။

အစာ မေၾက ေလပြျခင္း၊ မအီမသာျဖစ္ျခင္းတို႔ ခံစားရ တတ္တာကို ေရွးလူႀကီးေတြကသိလို႔ အက်ိဳးယုတ္ မွာစိုးလို႔ တားခဲ့တာျဖစ္ပါတယ္။ ခက္တာက ႐ိုး႐ိုး ရွင္းေအာင္ေျပာၿပီး မတားဘဲ အေၾကာက္တရား ႀကီးနဲ႔တြဲၿပီးတားခဲ့တာက ေနာက္မ်ိဳးဆက္ေတြ အယူ အဆလြဲမႈျဖစ္ေစေတာ့တာေပါ့။ (သိပၸံနဲ႔ နည္းပညာ မထြန္းကားေသးခ်ိန္ကမို႔ တကယ္အယူအဆလြဲခဲ့ တာလည္း ျဖစ္ႏိုင္ပါတယ္) ဒါကို ကြၽန္ေတာ္တို႔က သိျမင္ၿပီး အနာဂတ္ မ်ိဳးဆက္ေတြအတြက္ အသိ အျမင္မွန္ေတြပဲခ်န္ခဲ့ႏိုင္ဖို႔ ႀကိဳးစားရပါမယ္။ ထမင္း စားၿပီးရင္ မလုပ္သင့္တဲ့ အျခားအရာေတြကေတာ့ လမ္းျမန္ျမန္ ေ၀းေ၀းေလွ်ာက္ျခင္း၊ ေဆးလိပ္ ေသာက္ျခင္း၊ လက္ဖက္ရည္ေသာက္ျခင္း စတာေတြ ျဖစ္ပါတယ္။
(ေရွးလူႀကီးေတြဟာ ပံုတိုပတ္စေလးေတြ ဖန္ တီးျပီး ကေလးကို ဆံုးမရာမွာ ျဖတ္ထိုးÓဏ္ အင္မ တန္ရင့္သန္ခဲ့ၾကပါတယ္။ ညအိပ္ရာ၀င္ရင္ ခံစားရ တဲ့ အျမင့္က သိမ့္ကနဲက်သြားတဲ့ ခံစားမႈဟာ အိပ္ ေပ်ာ္မႈ ပံုမွန္မျဖစ္ေသးလို႔ ခံစားရတဲ့ အိပ္မက္ဆိုးတို ေလးတစ္ခု (A Short Nightmare) ျဖစ္ပါတယ္။ ထမင္းကို ႐ိုေသတာရယ္၊ အိပ္ရာထဲ မသန္႔တဲ့ ေျခ ေထာက္ေတြနဲ႔ ၀င္လာမွာစိုးလို႔ရယ္ ကေလးေတြကို "ထမင္းလံုးတေစၦ"ဆိုတဲ့ ေ၀ါဟာရတီထြင္ၿပီး ေျခာက္ ခဲ့တာ အခုဆိုရင္ အဲဒီေ၀ါဟာရဟာ တကယ္စြဲေန ၿပီး ယံုၾကည္လက္ခံထားမႈေတြ လူအမ်ားစုမွာ ရွိဆဲ ပါ။ ေရွးလူႀကီးေတြကို အျပစ္ဆိုစရာ မစဥ္းစားဘဲ ကြၽန္ေတာ္တို႔ မ်ိဳးဆက္သစ္ေတြက်ရင္ တကယ္မွန္ ကန္တဲ့ အသိပညာေတြ ဘယ္လို လက္ဆင့္ကမ္းခဲ့ မလဲဆိုတာ ေတြးထားရမွာ ျဖစ္ပါတယ္)

ေရဖ်ဥ္းစြဲျခင္းဆိုတာ ဘာလဲ
၀မ္းဗိုက္ေခါင္းထဲမွာ အ၀ါေဖ်ာ့ေရာင္ (သို႔) အၾကည္ေရာင္ အရည္ေတြစုလာျခင္းကို ေခၚပါ တယ္။ ၀မ္းဗိုက္နဲ႔ အဆုတ္၊ ႏွလံုးတို႔ ရွိရာ ရင္ေခါင္း ကို Diaphragm ေခၚ ကိုယ္တြင္းေခါင္း ကန္႔လန္႔ ကာ ၾကြက္သားနဲ႔ ပိုင္းျခားထားလို႔ အဆုတ္ထဲ ေရ ၀င္တာနဲ႔မတူဘူးလို႔ သိထားရပါမယ္။

ျဖစ္ေစတဲ႕အေၾကာင္းရင္းေတြက ဘာေတြလဲ
ေရဖ်ဥ္းစြဲျခင္းရဲ႕ အျဖစ္အမ်ားဆံုး အေၾကာင္း ရင္းက အသည္းေျခာက္ျခင္း (Cirrhosis of Liver) လိုမ်ိဳး ဆိုးရြားပ်က္စီးေနတဲ့ အသည္းေရာဂါေတြ ေၾကာင့္ ျဖစ္ရတာျဖစ္ပါတယ္။ ေရဖ်ဥ္းစြဲတဲ့သူ ငါး ေယာက္မွာ ေလးေယာက္ဟာ အသည္းေရာဂါ ေၾကာင့္ျဖစ္ရတာျဖစ္ပါတယ္။ အသည္းေျခာက္ျခင္း ဟာ အရက္ကို ႏွစ္ရွည္လမ်ား (သို႔) အလြန္အကြၽံ ေသာက္သူ အမ်ိဳးသားေတြမွာ ျဖစ္တာမ်ားေပမယ့္ င႐ုတ္သီးမႈိေတြစားျပီး အသည္းေရာင္အသား၀ါ ဘီပိုး၊ စီပိုး တစ္ခုခုရွိေနသူ အမ်ိဳးသမီးမ်ားလည္း အသည္းေျခာက္ႏိုင္တာ ေတြ႕ရပါတယ္။ အသည္း ေျခာက္တယ္ဆိုတဲ့ ေ၀ါဟာရဟာ ျမန္မာလို အဆင္ ေျပသလို ျပန္ထားတာျဖစ္ၿပီး တကယ္တမ္း ေျခာက္ ေသြ႕သြားတာေတာ့ မဟုတ္ပါဘူး။
အရက္၊ ဘီပိုး၊ စီပိုး၊ အသည္းအဆီဖံုးျခင္း စတဲ့ အျဖစ္အမ်ားဆံုး အေၾကာင္းတရားေတြေၾကာင့္ အသည္းက ဒဏ္ရာ ေတြရကာ အဲဒီေနရာမွာ အမာရြတ္တစ္သွ်ဴးေတြပဲ ျပန္ျဖစ္လို႔ ပံုမွန္အလုပ္လုပ္ဖို႔ မတတ္ႏိုင္ေတာ့တဲ့ အေျခအေနကိုေခၚတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေရာဂါ သေဘာက ပ်က္ၿပီးသား အသည္းေနရာက ျပန္ ေကာင္းဖို႔ အရမ္းခဲယဥ္းၿပီး အသည္းတစ္ခုလံုးသာ ဆက္ပ်က္သြားတာမ်ိဳး ျဖစ္ပါတယ္။ အသည္းပ်က္ လို႔ ပ႐ိုတိန္းေတြ မထုတ္လုပ္ႏိုင္ေတာ့တဲ့အတြက္ ေသြးေၾကာေတြထဲက ေရဓာတ္ကို မထိန္းထားႏိုင္ ေတာ့ဘဲ ေရေတြက ၀မ္းဗိုက္ထဲလာစုတာ ျဖစ္ပါ တယ္။
အသည္းေရာဂါ တစ္မ်ိဳးျဖစ္တဲ့ ေရွာင္တခင္ အသည္းလုပ္ငန္းမ်ား ရပ္ဆိုင္းသြားျခင္း (Acute Liver Failure) မွာလည္း ေရဖ်ဥ္းစြဲျခင္း ေပၚလာ တတ္ပါတယ္။ ျဖစ္ေစတဲ့ အေၾကာင္းရင္တစ္ခုကို ဥပမာေပးရရင္ ပါရာစီတေမာ လြန္ကဲစြာေသာက္မိ လို႔ အဆိပ္သင့္ျခင္းေပါ့။ အသည္းရဲ႕ ေသြးျပန္ေၾကာ ေတြ ပိတ္ဆို႔သြားတဲ့ ဘတ္ခ်ီရီေရာဂါစု (Budd-Chiari Syndrome) မွာလည္း ေရဖ်ဥ္းစြဲျခင္း၊ အသည္းနဲ႔ ေဘလံုးႀကီးလာျခင္းနဲ႔ ဗိုက္အသည္း အသန္ေအာင့္ျခင္းတို႔ တြဲျဖစ္ပါတယ္။ ဒါ့အျပင္ အူမ ႀကီးကင္ဆာ၊ ပန္ကရိယေခၚ မုန္႔ခ်ိဳအိတ္ကင္ဆာ၊ အစာအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ အဆုတ္ကင္ ဆာ၊ သားဥအိမ္ကင္ဆာ စတဲ့ ကင္ဆာအေတာ္မ်ား မ်ားက အသည္းနဲ႔၀မ္းဗိုက္တြင္း ကလီစာေတြကို ပ်ံ႕ႏွံ႔ေရာက္ရွိတတ္ၿပီး ေရဖ်ဥ္းစြဲေစတတ္ပါတယ္။

ႏွလံုးစြမ္းေဆာင္ရည္ က်ဆင္းရပ္ဆိုင္းလာျခင္း (Heart Failure) ေရာဂါမွာလည္း ေသြးေၾကာေတြ ထဲမွာ ေသြးေကာင္းေကာင္း ပ်ံ႕ႏွံ႔သြားေအာင္ ႏွလံုး က ညႇစ္မပို႔ႏိုင္ေတာ့လို႔ ေနာက္ဆက္တြဲအေနနဲ႔ ေရ ဖ်ဥ္းစြဲပါတယ္။ Nephrotic Syndrome လို႔ ေခၚ တဲ့ ေက်ာက္ကပ္ေရာဂါမွာလည္း ပ႐ိုတိန္းေခၚ အသားဓာတ္ေတြ ေသြးထဲကေန ဆီးစြန္႔တဲ့အထဲ ပါသြားၿပီး ဆံုး႐ႈံးကုန္လို႔ ေသြးက အရည္ေတြ မထိန္း ထားႏိုင္ေတာ့ဘဲ ဗိုက္ထဲမွာစုကာ ေရဖ်ဥ္းစြဲေစပါ တယ္။
ေရွာင္တခင္ ပန္ကရိယ ေရာင္ျခင္း (Acute Pancreatitis) နဲ႔ နာတာရွည္ ပန္ကရိယေရာင္ျခင္း (Chronic Pancreatitis) ႏွစ္မ်ိဳးစလံုးမွာ ေရဖ်ဥ္း ဟာ လကၡဏာတစ္ရပ္အေနနဲ႔ ေပၚလာႏိုင္ပါတယ္။ အသည္းေရာဂါေၾကာင့္ျဖစ္ရတဲ့ ေရဖ်ဥ္းေလာက္ ေတာ့မႀကီးဘူးေပါ့ေလ။ အစာအိမ္အူလမ္းေၾကာင္း မွာ ေရာဂါပိုး၀င္ေရာက္မႈ ျပင္းျပင္းထန္ထန္ျဖစ္ကာ ၀မ္းဗိုက္ေရာင္ရင္လည္း ျဖစ္ႏိုင္ပါတယ္။ ေတြ႕ေနက် မဟုတ္တဲ့ ေရဖ်ဥ္းစြဲရျခင္း အေၾကာင္းတစ္ခုကို ေျပာရမယ္ဆုိရင္ လည္ပင္းက သိုင္း႐ႈိက္အကိ်တ္ လုပ္ေဆာင္မႈနည္းလို႔ သိုင္း႐ႈိက္ေဟာ္မုန္း နည္းျခင္း (Hypothyroidism) မွာလည္း မကုဘဲ ပစ္ထား တာၾကာရင္ ေရဖ်ဥ္းစြဲပါတယ္။ သိုင္း႐ႈိက္ေဟာ္မုန္း ပမာဏ ျပန္မွန္သြားတာနဲ႔ ေရဖ်ဥ္းက အလိုလို ေပ်ာက္ပါတယ္။

ေရဖ်ဥ္းစြဲေနေၾကာင္း ဘယ္လိုအတည္ျပဳႏိုင္သလဲ
ေရသန္႔ပုလင္း တစ္၀က္စာ (500 ml) ေလာက္ ရွိေနၿပီဆိုရင္ပဲ ဆရာ၀န္က လက္နဲ႔ စမ္းသပ္သိရွိႏိုင္ ပါျပီ။ အရမ္းနည္းေနၿပီး မသိသာေပမယ့္ ေရာဂါ အေနအထားကို သံုးသပ္ျပီး ဆရာ၀န္က Ultrasound ေခၚ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္ခိုင္းရင္ သိႏိုင္ပါတယ္။

ဘယ္လို ကုသကာကြယ္ႏိုင္မလဲ
ေရဖ်ဥ္းစြဲျခင္း သက္သက္ကို ကုသစရာမလိုဘဲ ေနာက္ခံေရာဂါအေၾကာင္းရင္းကို ရွာကုရမွာ ျဖစ္ပါ တယ္။ အထက္မွာေျပာခဲ့တဲ့ ေရာဂါေတြထဲက တစ္ခု ခုေပါ့။ ဥပမာ ကင္ဆာဆိုရင္ ကင္ဆာခီမိုေဆး၊ ဓာတ္ေရာင္ျခည္စတဲ့ သက္ဆိုင္ရာကုထံုးနဲ႔ ကုရမွာ ျဖစ္ၿပီး အသည္းေရာဂါမွာ အသည္းေဆးေတြနဲ႔ ကုမလား၊ ခြဲစိတ္မလား၊ အသည္းအစားထိုးမလား စသျဖင့္ စဥ္းစားရမွာ ျဖစ္ပါတယ္။
ေရဖ်ဥ္းရွိတဲ့ ေ၀ဒနာရွင္ေတြ အားလံုးကို ေရနဲ႔ အငန္ဓာတ္ေလွ်ာ့စားခိုင္းပါတယ္။ ဆားဆိုရင္ တစ္ ေန႔ကို 2 g ထက္ပိုစားလို႔ မရပါဘူး။ လိုအပ္သလို ဆီးေဆးေတြေပးပါတယ္။ အရည္ေတြ အရမ္းမ်ားရင္ ေဖာက္ထုတ္မယ္။ အသည္း/ႏွလံုး/ေက်ာက္ကပ္ စတဲ့ေရာဂါျဖစ္ေနတဲ့အဂၤါကို ခြဲစိတ္ကုသဖို႔ အရမ္း ဆိုးရင္ အစားထိုးဖို႔ လုပ္ေဆာင္ပါမယ္။ ဒါေတြက ဗဟုသုတ အျဖစ္ေဖာ္ျပတာျဖစ္ၿပီး ေရာဂါတကယ္ ျဖစ္လာရင္ ေဆး႐ံုတက္ကုသမႈ ခံယူရမွာသာ ျဖစ္ ပါတယ္။ ကာကြယ္နည္းေတြကေတာ့ အထက္ပါ ေရာဂါေတြမျဖစ္ေအာင္ ေနထိုင္နည္းေတြပဲ ျဖစ္ပါ တယ္။ ဥပမာ အရက္အလြန္အကြၽံေသာက္ျခင္းကို ေရွာင္ၾကဥ္မယ္၊ အသည္းေရာင္အသား၀ါဘီပိုး ကာ ကြယ္ေဆးထိုးထားမယ္ဆိုရင္ အသည္းေၾကာင့္ ေရ ဖ်ဥ္းစြဲတာကို ကာကြယ္ႏိုင္မွာပါ။ ႏွလံုးေရာဂါ၊ သိုင္း ႐ႈိက္အကိ်တ္ဆိုင္ရာ ေရာဂါတစ္ခုခု ရွိေနရင္ ဂ႐ုတ စိုက္ကုမယ္၊ ညႊန္ၾကားထားတဲ့ေဆးကို မွန္မွန္ ေသာက္မယ္ စသျဖင့္ေပါ့။

ေရဖ်ဥ္းစြဲေနျခင္းရဲ႔ အေရးၾကီးေသာအခ်က္
၀မ္းဗိုက္ဟာ တျဖည္းျဖည္း ေဖာင္းလာျပီး အရည္ေတြရွိေနတယ္ထင္ရင္ နီးစပ္ရာ ေဆး႐ံုေဆး ခန္းကို အျမန္ဆံုးသြားေရာက္စစ္ေဆးၿပီး လုိအပ္တဲ့ ကုသမႈခံယူရမွာ ျဖစ္ပါတယ္။ ေရဖ်ဥ္းစြဲတယ္ဆိုတာ ခႏၶာကိုယ္ထဲက ကလီစာတစ္ခုခု ပ်က္ယြင္းေနျပီး ေသြးထဲက အရည္ေတြကို မထိန္းသိမ္းႏိုင္တဲ့ အေျခ အေနထိ ေရာက္ေနျပီဆိုတာျပတဲ့ လကၡဏာတစ္ရပ္ ျဖစ္ေၾကာင္းပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Good Health

Unicode Version

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ်"တဲ့။ စာရှုသူအားလုံး မကြာခဏ ကြားဖူး နေကျစကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာမှ မသိနားမလည်တဲ့ ကလေးဘဝကတည်းက ကြားနေ ကျစကားမို့လို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့အထိ လူအတော်များများ ယုံနေကြပါ ပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့အလှမ်
းဝေးခဲ့တဲ့ လူကြီး သူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ် အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ
။ ဒီ တော့ မေးစရာစကား ရှိလာပါတယ်။

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းတကယ်စွဲတာလား"
မဟုတ်ပါဘူး။ လုံး၀ မဟုတ်ပါဘူး။ အင်္ဂလိပ် လို Ascites လို့ခေါ်တဲ့ ရေဖျဉ်းစွဲခြင်း ကိုယ်တိုင်က ရောဂါတစ်ခုမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရော ဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေမှာတွေ့ရတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါ တယ်။ ဒါတွေ နောက်ခံရှိနေတဲ့အတွက် ဝမ်းဗိုက်ထဲ ရေတွေစုလာကာ ရေဖျဉ်းစွဲရတာဖြစ်ပြီး ထမင်းစား ပြီး ချိုးလိုက်တဲ့ရေတွေ သွားစုတာ လုံးဝမဟုတ် ကြောင်းပါ။

ဒါဆို ဘိုးဘွားဘီဘင်တွေက လွဲချော်နေတဲ့ အချက်ကြီးကို ယုံကြည် လက်ဆင့်ကမ်းခဲ့ကြတာ လား။ အမှားကြီးပြောခဲ့ကြတာလား။ အဲလိုတော့လဲ မဟုတ်လောက်ပါဘူး။ ထမင်းစားပြီးပြီးချင်း ရေချိုး ရင် ခန္ဓာကိုယ်ရဲ့ အစာချက်မှု၊ စုပ်ယူမှုတွေမှာ ကြီးစွာ သော အနှောင့်အယှက်တွေ ဖြစ်ကုန်တာ သိပ္ပံနည်း ကျ စမ်းသပ်တွေ့ရှိထားရပါတယ်။ အစာချေတဲ့ အချိန်မှာ သွေးလှည့်ပတ်မှုရဲ့ အများဆုံးဝေစုကို အစာအိမ်နဲ့ အူလမ်းကြောင်းက စွမ်းအင်ရဖို့ ယူရပါ တယ်။ အဲအချိန်မှာ ရေချိုးလိုက်ရင် ကျဆင်းသွားတဲ့ အရေပြား အပူချိန်ကိုထိန်းဖို့ ခြေလက်တွေနဲ့ အရေ ပြားဆီ သွေးတွေ ပုံမှန်ထက်ပိုပြီး ပို့လွှတ်ပေးလိုက် ရလို့ အူလမ်းကြောင်းကရတဲ့ ဝေစုလျော့နည်းသွား ကာ အစာချေမှုအနှောင့်အယှက်ဖြစ်ပါတယ်။

အစာ မကြေ လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရ တတ်တာကို ရှေးလူကြီးတွေကသိလို့ အကျိုးယုတ် မှာစိုးလို့ တားခဲ့တာဖြစ်ပါတယ်။ ခက်တာက ရိုးရိုး ရှင်းအောင်ပြောပြီး မတားဘဲ အကြောက်တရား ကြီးနဲ့တွဲပြီးတားခဲ့တာက နောက်မျိုးဆက်တွေ အယူ အဆလွဲမှုဖြစ်စေတော့တာပေါ့။ (သိပ္ပံနဲ့ နည်းပညာ မထွန်းကားသေးချိန်ကမို့ တကယ်အယူအဆလွဲခဲ့ တာလည်း ဖြစ်နိုင်ပါတယ်) ဒါကို ကျွန်တော်တို့က သိမြင်ပြီး အနာဂတ် မျိုးဆက်တွေအတွက် အသိ အမြင်မှန်တွေပဲချန်ခဲ့နိုင်ဖို့ ကြိုးစားရပါမယ်။ ထမင်း စားပြီးရင် မလုပ်သင့်တဲ့ အခြားအရာတွေကတော့ လမ်းမြန်မြန် ဝေးဝေးလျှောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း စတာတွေ ဖြစ်ပါတယ်။
(ရှေးလူကြီးတွေဟာ ပုံတိုပတ်စလေးတွေ ဖန် တီးပြီး ကလေးကို ဆုံးမရာမှာ ဖြတ်ထိုးÓဏ် အင်မ တန်ရင့်သန်ခဲ့ကြပါတယ်။ ညအိပ်ရာဝင်ရင် ခံစားရ တဲ့ အမြင့်က သိမ့်ကနဲကျသွားတဲ့ ခံစားမှုဟာ အိပ် ပျော်မှု ပုံမှန်မဖြစ်သေးလို့ ခံစားရတဲ့ အိပ်မက်ဆိုးတို လေးတစ်ခု (A Short Nightmare) ဖြစ်ပါတယ်။ ထမင်းကို ရိုသေတာရယ်၊ အိပ်ရာထဲ မသန့်တဲ့ ခြေ ထောက်တွေနဲ့ ဝင်လာမှာစိုးလို့ရယ် ကလေးတွေကို "ထမင်းလုံးတစ္ဆေ"ဆိုတဲ့ ဝေါဟာရတီထွင်ပြီး ခြောက် ခဲ့တာ အခုဆိုရင် အဲဒီဝေါဟာရဟာ တကယ်စွဲနေ ပြီး ယုံကြည်လက်ခံထားမှုတွေ လူအများစုမှာ ရှိဆဲ ပါ။ ရှေးလူကြီးတွေကို အပြစ်ဆိုစရာ မစဉ်းစားဘဲ ကျွန်တော်တို့ မျိုးဆက်သစ်တွေကျရင် တကယ်မှန် ကန်တဲ့ အသိပညာတွေ ဘယ်လို လက်ဆင့်ကမ်းခဲ့ မလဲဆိုတာ တွေးထားရမှာ ဖြစ်ပါတယ်)

ရေဖျဉ်းစွဲခြင်းဆိုတာ ဘာလဲ
ဝမ်းဗိုက်ခေါင်းထဲမှာ အဝါဖျော့ရောင် (သို့) အကြည်ရောင် အရည်တွေစုလာခြင်းကို ခေါ်ပါ တယ်။ ဝမ်းဗိုက်နဲ့ အဆုတ်၊ နှလုံးတို့ ရှိရာ ရင်ခေါင်း ကို Diaphragm ခေါ် ကိုယ်တွင်းခေါင်း ကန့်လန့် ကာ ကြွက်သားနဲ့ ပိုင်းခြားထားလို့ အဆုတ်ထဲ ရေ ဝင်တာနဲ့မတူဘူးလို့ သိထားရပါမယ်။

ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ
ရေဖျဉ်းစွဲခြင်းရဲ့ အဖြစ်အများဆုံး အကြောင်း ရင်းက အသည်းခြောက်ခြင်း (Cirrhosis of Liver) လိုမျိုး ဆိုးရွားပျက်စီးနေတဲ့ အသည်းရောဂါတွေ ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ရေဖျဉ်းစွဲတဲ့သူ ငါး ယောက်မှာ လေးယောက်ဟာ အသည်းရောဂါ ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ အသည်းခြောက်ခြင်း ဟာ အရက်ကို နှစ်ရှည်လများ (သို့) အလွန်အကျွံ သောက်သူ အမျိုးသားတွေမှာ ဖြစ်တာများပေမယ့် ငရုတ်သီးမှိုတွေစားပြီး အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး တစ်ခုခုရှိနေသူ အမျိုးသမီးများလည်း အသည်းခြောက်နိုင်တာ တွေ့ရပါတယ်။ အသည်း ခြောက်တယ်ဆိုတဲ့ ဝေါဟာရဟာ မြန်မာလို အဆင် ပြေသလို ပြန်ထားတာဖြစ်ပြီး တကယ်တမ်း ခြောက် သွေ့သွားတာတော့ မဟုတ်ပါဘူး။
အရက်၊ ဘီပိုး၊ စီပိုး၊ အသည်းအဆီဖုံးခြင်း စတဲ့ အဖြစ်အများဆုံး အကြောင်းတရားတွေကြောင့် အသည်းက ဒဏ်ရာ တွေရကာ အဲဒီနေရာမှာ အမာရွတ်တစ်သျှူးတွေပဲ ပြန်ဖြစ်လို့ ပုံမှန်အလုပ်လုပ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေကိုခေါ်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါ သဘောက ပျက်ပြီးသား အသည်းနေရာက ပြန် ကောင်းဖို့ အရမ်းခဲယဉ်းပြီး အသည်းတစ်ခုလုံးသာ ဆက်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ အသည်းပျက် လို့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တော့တဲ့အတွက် သွေးကြောတွေထဲက ရေဓာတ်ကို မထိန်းထားနိုင် တော့ဘဲ ရေတွေက ဝမ်းဗိုက်ထဲလာစုတာ ဖြစ်ပါ တယ်။
အသည်းရောဂါ တစ်မျိုးဖြစ်တဲ့ ရှောင်တခင် အသည်းလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Acute Liver Failure) မှာလည်း ရေဖျဉ်းစွဲခြင်း ပေါ်လာ တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်တစ်ခုကို ဥပမာပေးရရင် ပါရာစီတမော လွန်ကဲစွာသောက်မိ လို့ အဆိပ်သင့်ခြင်းပေါ့။ အသည်းရဲ့ သွေးပြန်ကြော တွေ ပိတ်ဆို့သွားတဲ့ ဘတ်ချီရီရောဂါစု (Budd-Chiari Syndrome) မှာလည်း ရေဖျဉ်းစွဲခြင်း၊ အသည်းနဲ့ ဘေလုံးကြီးလာခြင်းနဲ့ ဗိုက်အသည်း အသန်အောင့်ခြင်းတို့ တွဲဖြစ်ပါတယ်။ ဒါ့အပြင် အူမ ကြီးကင်ဆာ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင် ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ ကင်ဆာအတော်များ များက အသည်းနဲ့ဝမ်းဗိုက်တွင်း ကလီစာတွေကို ပျံ့နှံ့ရောက်ရှိတတ်ပြီး ရေဖျဉ်းစွဲစေတတ်ပါတယ်။

နှလုံးစွမ်းဆောင်ရည် ကျဆင်းရပ်ဆိုင်းလာခြင်း (Heart Failure) ရောဂါမှာလည်း သွေးကြောတွေ ထဲမှာ သွေးကောင်းကောင်း ပျံ့နှံ့သွားအောင် နှလုံး က ညှစ်မပို့နိုင်တော့လို့ နောက်ဆက်တွဲအနေနဲ့ ရေ ဖျဉ်းစွဲပါတယ်။ Nephrotic Syndrome လို့ ခေါ် တဲ့ ကျောက်ကပ်ရောဂါမှာလည်း ပရိုတိန်းခေါ် အသားဓာတ်တွေ သွေးထဲကနေ ဆီးစွန့်တဲ့အထဲ ပါသွားပြီး ဆုံးရှုံးကုန်လို့ သွေးက အရည်တွေ မထိန်း ထားနိုင်တော့ဘဲ ဗိုက်ထဲမှာစုကာ ရေဖျဉ်းစွဲစေပါ တယ်။
ရှောင်တခင် ပန်ကရိယ ရောင်ခြင်း (Acute Pancreatitis) နဲ့ နာတာရှည် ပန်ကရိယရောင်ခြင်း (Chronic Pancreatitis) နှစ်မျိုးစလုံးမှာ ရေဖျဉ်း ဟာ လက္ခဏာတစ်ရပ်အနေနဲ့ ပေါ်လာနိုင်ပါတယ်။ အသည်းရောဂါကြောင့်ဖြစ်ရတဲ့ ရေဖျဉ်းလောက် တော့မကြီးဘူးပေါ့လေ။ အစာအိမ်အူလမ်းကြောင်း မှာ ရောဂါပိုးဝင်ရောက်မှု ပြင်းပြင်းထန်ထန်ဖြစ်ကာ ဝမ်းဗိုက်ရောင်ရင်လည်း ဖြစ်နိုင်ပါတယ်။ တွေ့နေကျ မဟုတ်တဲ့ ရေဖျဉ်းစွဲရခြင်း အကြောင်းတစ်ခုကို ပြောရမယ်ဆိုရင် လည်ပင်းက သိုင်းရှိုက်အကျိတ် လုပ်ဆောင်မှုနည်းလို့ သိုင်းရှိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism) မှာလည်း မကုဘဲ ပစ်ထား တာကြာရင် ရေဖျဉ်းစွဲပါတယ်။ သိုင်းရှိုက်ဟော်မုန်း ပမာဏ ပြန်မှန်သွားတာနဲ့ ရေဖျဉ်းက အလိုလို ပျောက်ပါတယ်။

ရေဖျဉ်းစွဲနေကြောင်း ဘယ်လိုအတည်ပြုနိုင်သလဲ
ရေသန့်ပုလင်း တစ်ဝက်စာ (500 ml) လောက် ရှိနေပြီဆိုရင်ပဲ ဆရာဝန်က လက်နဲ့ စမ်းသပ်သိရှိနိုင် ပါပြီ။ အရမ်းနည်းနေပြီး မသိသာပေမယ့် ရောဂါ အနေအထားကို သုံးသပ်ပြီး ဆရာဝန်က Ultrasound ခေါ် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခိုင်းရင် သိနိုင်ပါတယ်။

ဘယ်လို ကုသကာကွယ်နိုင်မလဲ
ရေဖျဉ်းစွဲခြင်း သက်သက်ကို ကုသစရာမလိုဘဲ နောက်ခံရောဂါအကြောင်းရင်းကို ရှာကုရမှာ ဖြစ်ပါ တယ်။ အထက်မှာပြောခဲ့တဲ့ ရောဂါတွေထဲက တစ်ခု ခုပေါ့။ ဥပမာ ကင်ဆာဆိုရင် ကင်ဆာခီမိုဆေး၊ ဓာတ်ရောင်ခြည်စတဲ့ သက်ဆိုင်ရာကုထုံးနဲ့ ကုရမှာ ဖြစ်ပြီး အသည်းရောဂါမှာ အသည်းဆေးတွေနဲ့ ကုမလား၊ ခွဲစိတ်မလား၊ အသည်းအစားထိုးမလား စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
ရေဖျဉ်းရှိတဲ့ ဝေဒနာရှင်တွေ အားလုံးကို ရေနဲ့ အငန်ဓာတ်လျှော့စားခိုင်းပါတယ်။ ဆားဆိုရင် တစ် နေ့ကို 2 g ထက်ပိုစားလို့ မရပါဘူး။ လိုအပ်သလို ဆီးဆေးတွေပေးပါတယ်။ အရည်တွေ အရမ်းများရင် ဖောက်ထုတ်မယ်။ အသည်း/နှလုံး/ကျောက်ကပ် စတဲ့ရောဂါဖြစ်နေတဲ့အင်္ဂါကို ခွဲစိတ်ကုသဖို့ အရမ်း ဆိုးရင် အစားထိုးဖို့ လုပ်ဆောင်ပါမယ်။ ဒါတွေက ဗဟုသုတ အဖြစ်ဖော်ပြတာဖြစ်ပြီး ရောဂါတကယ် ဖြစ်လာရင် ဆေးရုံတက်ကုသမှု ခံယူရမှာသာ ဖြစ် ပါတယ်။ ကာကွယ်နည်းတွေကတော့ အထက်ပါ ရောဂါတွေမဖြစ်အောင် နေထိုင်နည်းတွေပဲ ဖြစ်ပါ တယ်။ ဥပမာ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်မယ်၊ အသည်းရောင်အသားဝါဘီပိုး ကာ ကွယ်ဆေးထိုးထားမယ်ဆိုရင် အသည်းကြောင့် ရေ ဖျဉ်းစွဲတာကို ကာကွယ်နိုင်မှာပါ။ နှလုံးရောဂါ၊ သိုင်း ရှိုက်အကျိတ်ဆိုင်ရာ ရောဂါတစ်ခုခု ရှိနေရင် ဂရုတ စိုက်ကုမယ်၊ ညွှန်ကြားထားတဲ့ဆေးကို မှန်မှန် သောက်မယ် စသဖြင့်ပေါ့။

ရေဖျဉ်းစွဲနေခြင်းရဲ့ အရေးကြီးသောအချက်
ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ဖောင်းလာပြီး အရည်တွေရှိနေတယ်ထင်ရင် နီးစပ်ရာ ဆေးရုံဆေး ခန်းကို အမြန်ဆုံးသွားရောက်စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ရေဖျဉ်းစွဲတယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု ပျက်ယွင်းနေပြီး သွေးထဲက အရည်တွေကို မထိန်းသိမ်းနိုင်တဲ့ အခြေ အနေထိ ရောက်နေပြီဆိုတာပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်းပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Good Health
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top