Kantharyar Centre
×

အိႏၵိယႏိုင္ငံရွိ ေသြးတိုးေရာဂါခံစားေနရသည့္ လူငယ္မ်ား၏ ၂၀ ရာ ခိုင္ႏႈန္းခန္႔သည္ ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ ႏွလံုးခုန္ႏႈန္းရပ္ဆုိင္း ျခင္း၏ အႏၲရာယ္ ၄၀ ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားသည္။

ေသြးတိုးေရာဂါသည္ အစဥ္သျဖင့္ လကၡဏာမ်ား ျပသေလ့မရွိေသာ္လည္း ခႏၶာကိုယ္အစိတ္အပိုင္းအမ်ိဳးမ်ိဳးကို တျဖည္းျဖည္း ထိခိုက္ေစႏုိင္သည္ဟု ဆရာဝန္မ်ားကေျပာသည္။

လူငယ္အမ်ားအျပားသည္ ၎တို႔တြင္ ေသြးတိုးေရာဂါရွိ ေၾကာင္း သတိမထားမိၾကဘဲ လႈပ္လႈပ္ရွားရွားမေနတတ္သည့္ ေန ထုိင္မႈပံုစံမ်ိဳးျဖင့္ ဆက္လက္ေနထိုင္ၾကစဥ္ ေက်ာက္ကပ္မ်ား ျဖည္း ျဖည္းခ်င္း ပ်က္စီးလာၿပီး ႏွလုံးလည္း ထိခိုက္လာကာ အျခားေသာ ျပႆနာအမ်ိဳးမ်ိဳးျဖစ္ေပၚလာႏိုင္သည့္ အႏၲရာယ္မ်ားျမင့္တက္လာ ႏိုင္ေၾကာင္း ဆရာဝန္မ်ားကေျပာသည္။

လူငယ္လူရြယ္မ်ား၏ ၉၅ ရာခိုင္ႏႈန္းခန္႔သည္ ေဆးလိပ္အလြန္ အကြၽံေသာက္ျခင္း၊ ေသခ်ာစြာ အိပ္စက္မႈမရွိျခင္း၊ အရက္ေသာက္ျခင္း၊ ေလထုညစ္ညမ္းမႈႏွင့္ ႀကံဳရျခင္းႏွင့္ ရွည္ၾကာေသာ အလုပ္ခ်ိန္ တို႔ေၾကာင့္ ေသြးတိုးေရာဂါ စျဖစ္လာရေၾကာင္း ဆရာဝန္မ်ားက ေျပာသည္။

ေသြးတိုးျခင္းကို မကုသဘဲထားပါက ႏွလံုးႏွင့္ ေက်ာက္ကပ္ မ်ား ထိခိုက္ပ်က္စီးႏိုင္ၿပီး ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း (သို႔မဟုတ္) ေက်ာက္ကပ္ျပႆနာမ်ားကဲ့သို႔ အသက္အႏၲရာယ္ရွိေသာ ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚလာႏိုင္သည္။

ေသြးတိုးေရာဂါသည္ ခႏၶာကိုယ္၏ အေရးႀကီးေသာ အဂၤါမ်ားကို ထိခုိက္ဖ်က္ဆီးပစ္ၿပီးမွသာ ေရာဂါလကၡဏာမ်ား ျပသေလ့ရွိေသာေၾကာင့္ အသံတိတ္လူသတ္သမားေရာဂါဟု ေခၚဆိုေလ့ရွိသည္။

ေသြးတိုးေရာဂါမျဖစ္ေစေရး ကိုယ္လက္လႈပ္ရွားမႈတိုးျမႇင့္ျခင္း၊ တရားထိုင္ျခင္း၊ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ျခင္းႏွင့္ ေဆးလိပ္၊ အရက္မေသာက္ဘဲေနျခင္းတို႔သည္ အဓိကက်ေသာ နည္းလမ္း မ်ားျဖစ္သည္ဟု ဆရာဝန္မ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

အိန္ဒိယနိုင်ငံရှိ သွေးတိုးရောဂါခံစားနေရသည့် လူငယ်များ၏ ၂၀ ရာ ခိုင်နှုန်းခန့်သည် ကျောက်ကပ်ပျက်စီးခြင်းနှင့် နှလုံးခုန်နှုန်းရပ်ဆိုင်း ခြင်း၏ အန္တရာယ် ၄၀ ရာခိုင်နှုန်း ပိုများကြောင်း ဆရာဝန်များက ပြောကြားသည်။

သွေးတိုးရောဂါသည် အစဉ်သဖြင့် လက္ခဏာများ ပြသလေ့မရှိသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးကို တဖြည်းဖြည်း ထိခိုက်စေနိုင်သည်ဟု ဆရာဝန်များကပြောသည်။

လူငယ်အများအပြားသည် ၎င်းတို့တွင် သွေးတိုးရောဂါရှိ ကြောင်း သတိမထားမိကြဘဲ လှုပ်လှုပ်ရှားရှားမနေတတ်သည့် နေ ထိုင်မှုပုံစံမျိုးဖြင့် ဆက်လက်နေထိုင်ကြစဉ် ကျောက်ကပ်များ ဖြည်း ဖြည်းချင်း ပျက်စီးလာပြီး နှလုံးလည်း ထိခိုက်လာကာ အခြားသော ပြဿနာအမျိုးမျိုးဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များမြင့်တက်လာ နိုင်ကြောင်း ဆရာဝန်များကပြောသည်။

လူငယ်လူရွယ်များ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်အလွန် အကျွံသောက်ခြင်း၊ သေချာစွာ အိပ်စက်မှုမရှိခြင်း၊ အရက်သောက်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် ကြုံရခြင်းနှင့် ရှည်ကြာသော အလုပ်ချိန် တို့ကြောင့် သွေးတိုးရောဂါ စဖြစ်လာရကြောင်း ဆရာဝန်များက ပြောသည်။

သွေးတိုးခြင်းကို မကုသဘဲထားပါက နှလုံးနှင့် ကျောက်ကပ် များ ထိခိုက်ပျက်စီးနိုင်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း (သို့မဟုတ်) ကျောက်ကပ်ပြဿနာများကဲ့သို့ အသက်အန္တရာယ်ရှိသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

သွေးတိုးရောဂါသည် ခန္ဓာကိုယ်၏ အရေးကြီးသော အင်္ဂါများကို ထိခိုက်ဖျက်ဆီးပစ်ပြီးမှသာ ရောဂါလက္ခဏာများ ပြသလေ့ရှိသောကြောင့် အသံတိတ်လူသတ်သမားရောဂါဟု ခေါ်ဆိုလေ့ရှိသည်။

သွေးတိုးရောဂါမဖြစ်စေရေး ကိုယ်လက်လှုပ်ရှားမှုတိုးမြှင့်ခြင်း၊ တရားထိုင်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဆေးလိပ်၊ အရက်မသောက်ဘဲနေခြင်းတို့သည် အဓိကကျသော နည်းလမ်း များဖြစ်သည်ဟု ဆရာဝန်များကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top