လတ္တစ္ေလာတြင္
ဇီကာဗိုင္းရပ္စ္ကူးစက္မႈအႏၱရာယ္ေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္မ်ား
ခရီးမသြားသင့္သည့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားစာရင္းကို
အေမရိကန္ကထုတ္ျပန္လုိက္ရာတြင္ ျမန္မာႏိုင္ငံလည္း ပါ၀င္ေနလ်က္ရွိသည္။
ဗိုင္းရပ္စ္ပိုးကူးစက္ခံရႏိုင္ေခ်
ရွိသျဖင့္ အေရွ႕ေတာင္အာရွေဒသႏွင့္ ေမာ္လ္ဒိုက္ႏိုင္ငံသို႔ မလိုအပ္ဘဲ
ခရီးမသြားၾကရန္ အေမရိကန္ က်န္းမာေရး တာ၀န္ရွိသူမ်ားက
ကိုယ္၀န္ေဆာင္မိခင္မ်ားအား သတိေပးခဲ့သည္ဟု ဆိုသည္။
အေမရိကန္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာ
CDC က ထုတ္ျပန္လုိက္ေသာ ၁၁ ႏိုင္ငံစာရင္းတြင္ ျမန္မာ၊ ဘရူႏိုင္း၊
ကေမၻာဒီးယား၊ အင္ဒိုနီးရွား၊ လာအို၊ မေလးရွား၊ ေမာ္လ္ဒိုက္ ၊ ဖိလစ္ပိုင္၊
ထုိင္း၊ တီေမာ ႏွင့္ ဗီယက္နမ္ တို႔ ပါ၀င္ေနသည္။
စက္တင္ဘာ ၂၉ ရက္က
CDC က ထုတ္ျပန္လိုက္ေသာ အႀကံျပဳခ်က္တြင္
အထက္ပါအေရွ႕ေတာင္အာရွႏိုင္ငံမ်ားသုိ႔ သြားေရာက္ရန္ စီစဥ္ထားသည့္
ခရီးစဥ္မ်ားကို မလိုအပ္ဘဲ ေရႊ႕ဆိုင္းဖ်က္သိမ္းလိုက္ရန္သာ
ညႊန္ၾကားထားျခင္းျဖစ္သည္။
ဇီကာပိုးကူးစက္မႈမ်ားျပားေနေသာ
ဘရာဇီးႏွင့္ စင္ကာပူ တုိ႔တြင္ ထုတ္ျပန္ထားေသာ
အထူးစခရီးသြားသတိေပးခ်က္မ်ဳိးကဲ့သုိ႔ ယခုအခ်ိန္ထိ အထက္ပါႏိုင္ငံမ်ားအတြက္
ထုတ္ျပန္ရေသးျခင္းမရွိေသးဘဲ အကယ္၍ ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာခဲ့ပါက
ယင္းအထူးသတိေပးခ်က္မ်ဳိး ထုတ္ျပန္ရန္ စဥ္းစားသြားမည္ဟု CDC
ကထုတ္ျပန္ေျပာၾကားသြားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima
#Unicode Version
လတ်တစ်လောတွင်
ဇီကာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ
ခရီးမသွားသင့်သည့် အရှေ့တောင်အာရှနိုင်ငံများစာရင်းကို
အမေရိကန်ကထုတ်ပြန်လိုက်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်နေလျက်ရှိသည်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ချေ
ရှိသဖြင့် အရှေ့တောင်အာရှဒေသနှင့် မော်လ်ဒိုက်နိုင်ငံသို့ မလိုအပ်ဘဲ
ခရီးမသွားကြရန် အမေရိကန် ကျန်းမာရေး တာဝန်ရှိသူများက
ကိုယ်ဝန်ဆောင်မိခင်များအား သတိပေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ
CDC က ထုတ်ပြန်လိုက်သော ၁၁ နိုင်ငံစာရင်းတွင် မြန်မာ၊ ဘရူနိုင်း၊
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက် ၊ ဖိလစ်ပိုင်၊
ထိုင်း၊ တီမော နှင့် ဗီယက်နမ် တို့ ပါဝင်နေသည်။
စက်တင်ဘာ ၂၉ ရက်က
CDC က ထုတ်ပြန်လိုက်သော အကြံပြုချက်တွင်
အထက်ပါအရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားသည့်
ခရီးစဉ်များကို မလိုအပ်ဘဲ ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရန်သာ
ညွှန်ကြားထားခြင်းဖြစ်သည်။
ဇီကာပိုးကူးစက်မှုများပြားနေသော
ဘရာဇီးနှင့် စင်ကာပူ တို့တွင် ထုတ်ပြန်ထားသော
အထူးစခရီးသွားသတိပေးချက်မျိုးကဲ့သို့ ယခုအချိန်ထိ အထက်ပါနိုင်ငံများအတွက်
ထုတ်ပြန်ရသေးခြင်းမရှိသေးဘဲ အကယ်၍ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ပါက
ယင်းအထူးသတိပေးချက်မျိုး ထုတ်ပြန်ရန် စဉ်းစားသွားမည်ဟု CDC
ကထုတ်ပြန်ပြောကြားသွားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
Home
»
က်န္းမာေရး
»
ျပည္တြင္း
»
သတင္း
» ဇီကာဗိုင္းရပ္စ္ေၾကာင့္ ကိုယ္၀န္ေဆာင္မ်ား ခရီးမသြားသင့္သည့္ ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာပါ၀င္ေန
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။