Kantharyar Centre
×

 ဆီးရီးယားတြင္ ကုလသမဂၢ ေထာက္ပံ့ေရးယာဉ္တန္း တိုက္ခုိက္ခံရမႈ၌ ႐ုရွား၏စနက္ မကင္းခဲ့ဟု အေမရိကန္က စြပ္စြဲ ေျပာၾကားလုိက္သည္။

စက္တင္ဘာ ၁၉ ရက္က ေအလက္ပိုၿမိဳ႕ရွိ ဆီးရီးယား လျခမ္းနီအသင္း၏ စခန္းတြင္ လူသားခ်င္းစာနာမႈ ေထာက္ပံ့ေရးပစၥည္းမ်ား ခ်ေပးေနသည့္ ယာဉ္တန္းကို ေလေၾကာင္းမွ တုိက္ခုိက္မႈ ျဖစ္ပြားရာ ထရပ္ကား ၁၈ စီး မီးေလာင္ပ်က္စီးသြားၿပီး လူေပါင္း ၂၀ မွ် အသက္ဆံုး႐ံႈးခဲ့သည္။

အိမ္ျဖဴေတာ္က အဆိုပါ ျဖစ္ရပ္သည္ လူသားခ်င္းစာနာမႈ ကူညီလႈပ္ရွားသူမ်ားအတြက္ အစားထိုးမရသည့္ ဆံုး႐ံႈးမႈမ်ိဳးဟု သတင္းထုတ္ျပန္ခဲ့သည္။ ကုလသမဂၢကလည္း ဆီးရီးယားသို႔ ေထာက္ပံ့ေရးယာဉ္တန္းမ်ား ပို႔ေဆာင္မႈကို ဆိုင္းငံ့ထားလုိက္သည္။ ဆီးရီးယား လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက အဆုိပါ ေလေၾကာင္းတိုက္ခုိက္မႈကို ဆီးရီးယားအစိုးရႏွင့္ မဟာမိတ္႐ုရွားတုိ႔က လုပ္ေဆာင္ျခင္းဟု ဆိုသည္။

ထိုအေတာအတြင္း အေမရိကန္စစ္ဘက္အရာရွိ ႏွစ္ဦးက ယာဉ္တန္းကို တိုက္ခုိက္ျခင္းမွာ ႐ုရွား တိုက္ေလယာဉ္ ႏွစ္စီး၏ လက္ခ်က္ဟု ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ႐ုရွားကမူ အဆိုပါယာဉ္တန္းကို မိမိတို႔ႏွင့္ ဆီးရီးယားတိုက္ေလယာဉ္မ်ား တိုက္ခုိက္ခဲ့သည္ဆိုျခင္းမွာ လံုးဝမဟုတ္ေၾကာင္းႏွင့္ ေလေၾကာင္းတိုက္ခုိက္မႈေၾကာင့္ အပ်က္အစီးမ်ား ျဖစ္ခဲ့သည့္ အေထာက္အထားလည္း မရွိေၾကာင္း တံု႔ျပန္ထားသည္။

“အခင္းျဖစ္တဲ့ ေနရာမွာ ေလထဲက ဗံုးက်လာလုိ႔ ေျမျပင္ေပၚမွာ ခ်ိဳင့္သြားတာ၊ အက္ကြဲသြားတာမ်ိဳး မရွိသလို ယာဉ္ေတြရဲ႕ ပ်က္စီးမႈကလည္း ဗံုးေၾကာင့္ျဖစ္တယ္ဆိုၿပီး ယူဆလုိ႔ မရႏုိင္ပါဘူး”ဟု ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ ႐ုရွားႏုိင္ငံျခားေရး ဝန္ႀကီးဌာနကလည္း အေမရိကန္၏ စြပ္စြဲမႈသည္ တိက်သည့္ မည္သည့္ အေထာက္အထားမွ် မရွိဟု ေျပာၾကားခဲ့သည္။

အမည္မေဖာ္သည့္ အေမရိကန္ စစ္ဘက္အရာရွိမ်ားကမူ အူရမ္အယ္လ္ကူဘရာတြင္ ျဖစ္ပြားေသာ တိုက္ခုိက္မႈ အေတာအတြင္း ႐ုရွား၏ SU-24 တိုက္ေလယာဉ္ ႏွစ္စီးသည္ ေထာက္ပံ့ေရး ယာဉ္တန္း၏အထက္ ေကာင္းကင္တြင္ ပ်ံသန္းေနခဲ့ေၾကာင္း ဆိုသည္။

အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရ အရာရွိ ဘန္႐ုတ္ဒ္စ္က “ဒီျဖစ္ရပ္အတြက္ တာဝန္ရွိတာက ေရြးစရာ ႏွစ္ခုပဲ ရွိတယ္။ ဆီးရီးယား အစိုးရလား။ ဒါမွမဟုတ္ ႐ုရွားအစိုးရလား ဆိုတာပါပဲ။ ဒါေပမဲ့ သိထားသေလာက္ေတာ့ အဲဒီေဒသမွာ ျပဳလုပ္တဲ့ ေလေၾကာင္းတိုက္ခုိက္မႈ အားလံုးအတြက္ ႐ုရွားအစိုးရက တာဝန္ယူပါတယ္”ဟု ေျပာၾကားခဲ့သည္။

ကုလသမဂၢကမူ ျဖစ္ရပ္ကို ဆက္လက္စံုစမ္းေနၿပီး ေလေၾကာင္းတိုက္ခုိက္မႈမ်ားေၾကာင့္ ဟုတ္မဟုတ္ အတည္ျပဳခ်က္ေပးရန္ ျငင္းဆိုထားသည္။ ဆီးရီးယား လျခမ္းနီအသင္းက တိုက္ခုိက္မႈအတြင္း ထရပ္ကား ၃၁ စီးအနက္ ၁၈ စီးမွာ လံုးဝပ်က္စီးသြားေၾကာင္းႏွင့္ ေသဆံုးသူ ၂၀ လံုးမွာ အရပ္သားမ်ား ျဖစ္ၾကေၾကာင္း ေၾကညာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 ဆီးရီးယားတွင် ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်း တိုက်ခိုက်ခံရမှု၌ ရုရှား၏စနက် မကင်းခဲ့ဟု အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၉ ရက်က အေလက်ပိုမြို့ရှိ ဆီးရီးယား လခြမ်းနီအသင်း၏ စခန်းတွင် လူသားချင်းစာနာမှု ထောက်ပံ့ရေးပစ္စည်းများ ချပေးနေသည့် ယာဉ်တန်းကို လေကြောင်းမှ တိုက်ခိုက်မှု ဖြစ်ပွားရာ ထရပ်ကား ၁၈ စီး မီးလောင်ပျက်စီးသွားပြီး လူပေါင်း ၂၀ မျှ အသက်ဆုံးရှုံးခဲ့သည်။

အိမ်ဖြူတော်က အဆိုပါ ဖြစ်ရပ်သည် လူသားချင်းစာနာမှု ကူညီလှုပ်ရှားသူများအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုမျိုးဟု သတင်းထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂကလည်း ဆီးရီးယားသို့ ထောက်ပံ့ရေးယာဉ်တန်းများ ပို့ဆောင်မှုကို ဆိုင်းငံ့ထားလိုက်သည်။ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရနှင့် မဟာမိတ်ရုရှားတို့က လုပ်ဆောင်ခြင်းဟု ဆိုသည်။

ထိုအတောအတွင်း အမေရိကန်စစ်ဘက်အရာရှိ နှစ်ဦးက ယာဉ်တန်းကို တိုက်ခိုက်ခြင်းမှာ ရုရှား တိုက်လေယာဉ် နှစ်စီး၏ လက်ချက်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ရုရှားကမူ အဆိုပါယာဉ်တန်းကို မိမိတို့နှင့် ဆီးရီးယားတိုက်လေယာဉ်များ တိုက်ခိုက်ခဲ့သည်ဆိုခြင်းမှာ လုံးဝမဟုတ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးများ ဖြစ်ခဲ့သည့် အထောက်အထားလည်း မရှိကြောင်း တုံ့ပြန်ထားသည်။

“အခင်းဖြစ်တဲ့ နေရာမှာ လေထဲက ဗုံးကျလာလို့ မြေပြင်ပေါ်မှာ ချိုင့်သွားတာ၊ အက်ကွဲသွားတာမျိုး မရှိသလို ယာဉ်တွေရဲ့ ပျက်စီးမှုကလည်း ဗုံးကြောင့်ဖြစ်တယ်ဆိုပြီး ယူဆလို့ မရနိုင်ပါဘူး”ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အမေရိကန်၏ စွပ်စွဲမှုသည် တိကျသည့် မည်သည့် အထောက်အထားမျှ မရှိဟု ပြောကြားခဲ့သည်။

အမည်မဖော်သည့် အမေရိကန် စစ်ဘက်အရာရှိများကမူ အူရမ်အယ်လ်ကူဘရာတွင် ဖြစ်ပွားသော တိုက်ခိုက်မှု အတောအတွင်း ရုရှား၏ SU-24 တိုက်လေယာဉ် နှစ်စီးသည် ထောက်ပံ့ရေး ယာဉ်တန်း၏အထက် ကောင်းကင်တွင် ပျံသန်းနေခဲ့ကြောင်း ဆိုသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဘန်ရုတ်ဒ်စ်က “ဒီဖြစ်ရပ်အတွက် တာဝန်ရှိတာက ရွေးစရာ နှစ်ခုပဲ ရှိတယ်။ ဆီးရီးယား အစိုးရလား။ ဒါမှမဟုတ် ရုရှားအစိုးရလား ဆိုတာပါပဲ။ ဒါပေမဲ့ သိထားသလောက်တော့ အဲဒီဒေသမှာ ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှု အားလုံးအတွက် ရုရှားအစိုးရက တာဝန်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂကမူ ဖြစ်ရပ်ကို ဆက်လက်စုံစမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟုတ်မဟုတ် အတည်ပြုချက်ပေးရန် ငြင်းဆိုထားသည်။ ဆီးရီးယား လခြမ်းနီအသင်းက တိုက်ခိုက်မှုအတွင်း ထရပ်ကား ၃၁ စီးအနက် ၁၈ စီးမှာ လုံးဝပျက်စီးသွားကြောင်းနှင့် သေဆုံးသူ ၂၀ လုံးမှာ အရပ်သားများ ဖြစ်ကြကြောင်း ကြေညာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top