Kantharyar Centre
×

အစိမ္း၊ အနီ၊ အျဖဴေရာင္စံုရွိတဲ့ ေဂၚဖီထုပ္ေတြဟာ ဗီတာမင္မ်ိဳးစံု နဲ႔ သတၱဳဓာတ္ေပါင္းမ်ားစြာႂကြယ္ ဝတဲ့အတြက္ ခႏၶာကိုယ္၊ အေရ ျပား၊ ဆံသားက်န္းမာေရးအတြက္ ေကာင္းက်ိဳးျပဳပါတယ္။ ဟင္း ခ်က္စား၊ ေၾကာ္စား၊ သုပ္စား ေလ့ရွိၾကေပမယ့္ အာနိသင္အထိ ေရာက္ဆံုးျဖစ္ေစတဲ့ ေဂၚဖီထုပ္ ေဖ်ာ္ရည္ရဲ႕ေကာင္းက်ိဳးေတြ သိ ထားရေအာင္လို႔ ေဖာ္ျပေပးလိုက္ ပါတယ္။

ေဂၚဖီထုပ္ ေဖ်ာ္ရည္ ေသာက္ေပးရင္ အဆုတ္၊ ရင္ သား၊ ပေရာ့စတိတ္၊ အူနဲ႔ ကင္ ဆာေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ ၿပီးသားျဖစ္ေစၿပီး ကင္ဆာျဖစ္ေန ရင္လည္း ေလ်ာ့ပါးသက္သာ ေအာင္ ေထာက္ကူေပးတယ္လို႔ ဆုိပါတယ္။ ေနာက္ၿပီး အစာအိမ္၊အူလမ္းေၾကာင္းကိုလည္း သန္႔စင္ေပးႏုိင္ၿပီး အူမေရာင္နာျဖစ္ျခင္း မွလည္း ကာကြယ္ေပးပါတယ္။

အဝလြန္ေရာဂါအတြက္ဆို ရင္ ေဂၚဖီထုပ္ေဖ်ာ္ရည္က အစြမ္းထက္သဘာဝေဆးျဖစ္ၿပီး ေသြးတိုးမျဖစ္ေအာင္ ကာကြယ္ေပး တယ္လို႔ ဆုိပါတယ္။ ေဂၚဖီထုပ္ ေဖ်ာ္ရည္ဟာ ဗီတာမင္ေအ ႂကြယ္ဝတဲ့အတြက္ မ်က္စိက်န္းမာေရး ေကာင္းေစသလို ကယ္လဆီယမ္ လည္း ႂကြယ္ဝတာေၾကာင့္ အ႐ိုးမ်ားသန္စြမ္းက်န္းမာေစပါတယ္။

ကိုယ္ခံစြမ္းအားေကာင္းေစ တဲ့အျပင္ ေရာင္ရမ္းတာေတြ၊ ေသြးအားနည္းေရာဂါေတြအ တြက္ ေကာင္းက်ိဳးျပဳပါတယ္။

အေရျပားက်န္းမာေအာင္ ေထာက္ကူေပးတဲ့အတြက္ ဝက္ၿခံ  ထြက္ျခင္း၊ အသားအေရေျခာက္ ေသြ႕ျခင္းကင္းၿပီး ႏူးညံ့စိုေျပေစ တယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး ဆံပင္အရမ္းကြၽတ္လြန္းရင္လည္း ေဂၚဖီထုပ္ေဖ်ာ္ရည္ေသာက္ေပး ရင္ ဆံပင္ကြၽတ္သက္သာေစၿပီး ဆံသားေတြကို က်န္းမာသန္စြမ္း ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အစိမ်း၊ အနီ၊ အဖြူရောင်စုံရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ ဗီတာမင်မျိုးစုံ နဲ့ သတ္တုဓာတ်ပေါင်းများစွာကြွယ် ဝတဲ့အတွက် ခန္ဓာကိုယ်၊ အရေ ပြား၊ ဆံသားကျန်းမာရေးအတွက် ကောင်းကျိုးပြုပါတယ်။ ဟင်း ချက်စား၊ ကြော်စား၊ သုပ်စား လေ့ရှိကြပေမယ့် အာနိသင်အထိ ရောက်ဆုံးဖြစ်စေတဲ့ ဂေါ်ဖီထုပ် ဖျော်ရည်ရဲ့ကောင်းကျိုးတွေ သိ ထားရအောင်လို့ ဖော်ပြပေးလိုက် ပါတယ်။

ဂေါ်ဖီထုပ် ဖျော်ရည် သောက်ပေးရင် အဆုတ်၊ ရင် သား၊ ပရော့စတိတ်၊ အူနဲ့ ကင် ဆာရောဂါအမျိုးမျိုးကို ကာကွယ် ပြီးသားဖြစ်စေပြီး ကင်ဆာဖြစ်နေ ရင်လည်း လျော့ပါးသက်သာ အောင် ထောက်ကူပေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး အစာအိမ်၊အူလမ်းကြောင်းကိုလည်း သန့်စင်ပေးနိုင်ပြီး အူမရောင်နာဖြစ်ခြင်း မှလည်း ကာကွယ်ပေးပါတယ်။

အဝလွန်ရောဂါအတွက်ဆို ရင် ဂေါ်ဖီထုပ်ဖျော်ရည်က အစွမ်းထက်သဘာဝဆေးဖြစ်ပြီး သွေးတိုးမဖြစ်အောင် ကာကွယ်ပေး တယ်လို့ ဆိုပါတယ်။ ဂေါ်ဖီထုပ် ဖျော်ရည်ဟာ ဗီတာမင်အေ ကြွယ်ဝတဲ့အတွက် မျက်စိကျန်းမာရေး ကောင်းစေသလို ကယ်လဆီယမ် လည်း ကြွယ်ဝတာကြောင့် အရိုးများသန်စွမ်းကျန်းမာစေပါတယ်။

ကိုယ်ခံစွမ်းအားကောင်းစေ တဲ့အပြင် ရောင်ရမ်းတာတွေ၊ သွေးအားနည်းရောဂါတွေအ တွက် ကောင်းကျိုးပြုပါတယ်။

အရေပြားကျန်းမာအောင် ထောက်ကူပေးတဲ့အတွက် ဝက်ခြံ  ထွက်ခြင်း၊ အသားအရေခြောက် သွေ့ခြင်းကင်းပြီး နူးညံ့စိုပြေစေ တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဆံပင်အရမ်းကျွတ်လွန်းရင်လည်း ဂေါ်ဖီထုပ်ဖျော်ရည်သောက်ပေး ရင် ဆံပင်ကျွတ်သက်သာစေပြီး ဆံသားတွေကို ကျန်းမာသန်စွမ်း စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top