Property Expo
×

စာမ်က္ႏွာတစ္ခုကို တစ္ခ်က္ၾကည့္ရံုေလးနဲ႔ ဘယ္ေတာ့မ ွမေမ့ဘူးဆိုရင္ မေကာင္းဘူးလားဗ်ာ။ သူငယ္ခ်င္း ေမြးေန႔ကို ေနာက္တစ္ေခါက ္ထပ္ေမ့သြားမယ္ဆိုရင္ ဘာေတြ ျဖစ္လာႏိုင္သလဲ။ အသက္အရြယ္ ၾကီးလာတာနဲ႔အမွ် မွတ္ဥာဏ္လည္း သိသိသာသာ ဆံုးရွဳံးလာပါတယ္။ ဒါေပမဲ့ မွတ္ဥာဏ္ က်ဆင္းမႈကို တိုက္ထုတ္ႏိုင္ပါတယ္။ မွတ္ဥာဏ္အား ေကာင္းလာေစရတဲ့ နည္းလမ္းအခ်ိဳ႕ကို ဒီမွာ ေဖာ္ျပေပး လိုက္ပါတယ္။

၁. ဦးေႏွာက္ကို အလုပ္ေပးပါ။

ဦးေႏွာက္က ိုပံုမွန္ အလုပ္ေပးျခင္းဟာ မွတ္ဥာဏ္အား ေကာင္းလာေစတဲ့ အာရံုေၾကာအသစ္ ခ်ိတ္ဆက္ဖြံ႕ျဖိဳးမႈကို လႈံ႕ေဆာ္ေပးပါတယ္။

၂. ေန႔စဥ္ေလ့က်င့္ခန္းျပဳလုပ္ပါ

ပုံမွန္ေအရိုးဗစ္(ေသြးပူေလ့က်င့္ခန္း)ျပဳလုပ္ျခင္းဟာ ဦးေႏွာက္အပါ အ၀င္ ဇီ၀ခႏၶာကိုယ္အတြင္း ေသြးအလုံအေလာက္ လည္ပတ္မႈကို ျဖစ္ေစျပီး အိုမင္းရင့္ေရာ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ မွတ္ဥာဏ္ ဆံုးရွဳးံမႈကိုလည္း ထိေရာက္စြာ ခုခံကာကါယ္ေပးပါတယ္။

၃. စိတ္ဖိစီးမႈကိုေလ်ာခ်ပါ

နာတာရွည္ စိတ္ဖိစီးမႈဟာ ရုပ္သေဘာအရ ဦးေႏွာက္ကို ထိခိုက္ပ်က္ စီးေစျပီး မွတ္သားျခင္းကို ဆိုးဆိုးရြားရြား အခက္အခဲျဖစ္ေစပါတယ္။

၄. မွ်မွ်တတႏွင့္မွန္မွန္ကန္ကန္စားပါ

လတ္ဆတ္တဲ့ အသီးအႏွံနဲ႔ အစားအစာမ်ားကို မွ်မွ်တတႏွင့္ မွန္မွန္ကန္ကန္ စားေသာက္ျခင္းက ဦးေႏွာက္ကို က်န္းမာေစပါတယ္။ အန္တီေအာက္ဆိုဒ္ဒန္႔( Antioxidants) ဓါတ္ပါ၀င္တဲ့ အစားအစာေတြ ျဖစ္ၾကတဲ့ ဥပမာ……ပန္းမုန္လာ၊ ဗလူးဗယ္ရီသီးမ်ား၊ ဟင္းႏုႏြယ္၊ ဗယ္ရီးသီးမ်ားစတဲ့ အသီးအရြက္ေတြမွ ဦးေႏွာက္ေဆာင္ရြက္မႈကို ျမွင့္မားေစရန္ ကိုလက္စထေရာဓါတ္မျဖစ္ေပၚေစတဲ့ အဆီဓါတ္အက္ဆစ္ (Omega-3 fatty acids) မ်ားျဖစ္ေပၚေစပါ တယ္။

၅. ႏွစ္ႏွစ္ျခိဳက္ျခိုက္အိပ္ပါ

ကၽြန္ေတာ္တို႔ အိပ္စက္ခဲ့တဲ့ အိပ္စက္မႈပမာဏက ဦးေႏွာက္ရဲ႕စြမ္း ေဆာင္ရည္ေတြကို အက်ိဳးသက္ေရာက္ေစျပီး မၾကာေသးမီက သင္ၾကားခဲ့တဲ့ သတင္းအခ်က္အလက္ေတြကိုလည္း ျပန္လည္မွတ္မိေစပါတယ္။ မွတ္ဥာဏ္အား ေကာင္းလာေစဖုိ႔ ခိုင္လံုတဲ့အခ်ိဳ႕ထပ္ေလာင္းျဖည့္စြက္မႈေတြရဲ႕ အက်ိဳးအျမတ္ကို သင္ရယူႏိုင္ပါတယ္။ တစ္ခုကေတာ့ HGH လို႔ေခၚတဲ့ ကိုယ္ခႏၶာၾကီးထြားဖြ႔ံျဖိဳးေရးေဟာ္ မုန္းဓါတ္ (Human Growth Hormone) ျဖစ္ပါတယ္။ ကိုယ္ခႏၶာ ၾကီးထြားဖြ႔ံျဖိဳးေရး ေဟာ္မုန္းဓါတ္ အက်ိဳးသက္ေရာက္မႈ အဓိကေလ့လာမႈကို Palm Springs Life Extension ရဲ႕ ဒါရိုက္တာ Dr. Edmund Chein ႏွင့္ Wisconsin ေဆးပညာေကာလိပ္ေက်ာင္းမွ သူ႕ရဲ႕လက္ေထာက္ Dr. L. Cass Terry တို႔က ျပဳလုပ္ခဲ့ပါတယ္။ Dr. Terry ဟာ ၁၉၉၄ ႏွင့္ ၁၉၉၆ ခုႏွစ္မ်ားမွာ Life Extension Institute ၌ HGH ေဆးကုထံုးနဲ႔ သူကုသေပးခဲ့တဲ့ လူနာ ၂၀၂ ေယာက္ရဲ႕အခ်က္အလက္ေတြကို စုေဆာင္းခဲ့ပါတယ္။ အဲဒါရဲ႕ ရလာဒ္က အရမ္းေကာင္းျပီး ေဘးထြက္ဆိုးက်ိဳး မရွိေလာက္ေအာင္ကို နည္းပါးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar news

#Unicode Version

စာမျက်နှာတစ်ခုကို တစ်ချက်ကြည့်ရုံလေးနဲ့ ဘယ်တော့မ ှမမေ့ဘူးဆိုရင် မကောင်းဘူးလားဗျာ။ သူငယ်ချင်း မွေးနေ့ကို နောက်တစ်ခေါက ်ထပ်မေ့သွားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ အသက်အရွယ် ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်လည်း သိသိသာသာ ဆုံးရှုံးလာပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ် ကျဆင်းမှုကို တိုက်ထုတ်နိုင်ပါတယ်။ မှတ်ဉာဏ်အား ကောင်းလာစေရတဲ့ နည်းလမ်းအချို့ကို ဒီမှာ ဖော်ပြပေး လိုက်ပါတယ်။

၁. ဦးနှောက်ကို အလုပ်ပေးပါ။

ဦးနှောက်က ိုပုံမှန် အလုပ်ပေးခြင်းဟာ မှတ်ဉာဏ်အား ကောင်းလာစေတဲ့ အာရုံကြောအသစ် ချိတ်ဆက်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါတယ်။

၂. နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပါ

ပုံမှန်အေရိုးဗစ်(သွေးပူလေ့ကျင့်ခန်း)ပြုလုပ်ခြင်းဟာ ဦးနှောက်အပါ အဝင် ဇီဝခန္ဓာကိုယ်အတွင်း သွေးအလုံအလောက် လည်ပတ်မှုကို ဖြစ်စေပြီး အိုမင်းရင့်ရော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ် ဆုံးရှုးံမှုကိုလည်း ထိရောက်စွာ ခုခံကာကါယ်ပေးပါတယ်။

၃. စိတ်ဖိစီးမှုကိုလျောချပါ

နာတာရှည် စိတ်ဖိစီးမှုဟာ ရုပ်သဘောအရ ဦးနှောက်ကို ထိခိုက်ပျက် စီးစေပြီး မှတ်သားခြင်းကို ဆိုးဆိုးရွားရွား အခက်အခဲဖြစ်စေပါတယ်။

၄. မျှမျှတတနှင့်မှန်မှန်ကန်ကန်စားပါ

လတ်ဆတ်တဲ့ အသီးအနှံနဲ့ အစားအစာများကို မျှမျှတတနှင့် မှန်မှန်ကန်ကန် စားသောက်ခြင်းက ဦးနှောက်ကို ကျန်းမာစေပါတယ်။ အန်တီအောက်ဆိုဒ်ဒန့်( Antioxidants) ဓါတ်ပါဝင်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ဥပမာ……ပန်းမုန်လာ၊ ဗလူးဗယ်ရီသီးများ၊ ဟင်းနုနွယ်၊ ဗယ်ရီးသီးများစတဲ့ အသီးအရွက်တွေမှ ဦးနှောက်ဆောင်ရွက်မှုကို မြှင့်မားစေရန် ကိုလက်စထရောဓါတ်မဖြစ်ပေါ်စေတဲ့ အဆီဓါတ်အက်ဆစ် (Omega-3 fatty acids) များဖြစ်ပေါ်စေပါ တယ်။

၅. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ

ကျွန်တော်တို့ အိပ်စက်ခဲ့တဲ့ အိပ်စက်မှုပမာဏက ဦးနှောက်ရဲ့စွမ်း ဆောင်ရည်တွေကို အကျိုးသက်ရောက်စေပြီး မကြာသေးမီက သင်ကြားခဲ့တဲ့ သတင်းအချက်အလက်တွေကိုလည်း ပြန်လည်မှတ်မိစေပါတယ်။ မှတ်ဉာဏ်အား ကောင်းလာစေဖို့ ခိုင်လုံတဲ့အချို့ထပ်လောင်းဖြည့်စွက်မှုတွေရဲ့ အကျိုးအမြတ်ကို သင်ရယူနိုင်ပါတယ်။ တစ်ခုကတော့ HGH လို့ခေါ်တဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေးဟော် မုန်းဓါတ် (Human Growth Hormone) ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးရေး ဟော်မုန်းဓါတ် အကျိုးသက်ရောက်မှု အဓိကလေ့လာမှုကို Palm Springs Life Extension ရဲ့ ဒါရိုက်တာ Dr. Edmund Chein နှင့် Wisconsin ဆေးပညာကောလိပ်ကျောင်းမှ သူ့ရဲ့လက်ထောက် Dr. L. Cass Terry တို့က ပြုလုပ်ခဲ့ပါတယ်။ Dr. Terry ဟာ ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်များမှာ Life Extension Institute ၌ HGH ဆေးကုထုံးနဲ့ သူကုသပေးခဲ့တဲ့ လူနာ ၂၀၂ ယောက်ရဲ့အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။ အဲဒါရဲ့ ရလာဒ်က အရမ်းကောင်းပြီး ဘေးထွက်ဆိုးကျိုး မရှိလောက်အောင်ကို နည်းပါးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top