Property Expo
×
Credit : Duwun
#Unicode Version
နွေရာသီကာလအတွင်း အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ဖလားကစားပြီးနောက် လူမြင်ကွင်း ပြန်ထွက်လာတဲ့အချိန်မှာ ဆံပင်တစ်ခေါင်းလုံး ရွှေရောင်ဆိုးထားတဲ့ မက်ဆီရဲ့ဖြစ်ရပ်ဟာ ပရိသတ်တွေအတွက် ထူးဆန်းခဲ့ပါတယ်။
အခုတော့ မက်ဆီက သူဘာကြောင့် ဆံပင်တွေ အရောင်ပြောင်းပစ်လိုက်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ပြောပြလိုက်က်ပါပြီ။ စိတ်ထိခိုက်နာကျင်ခဲ့ရမှုတွေက ရုန်းထွက်ပြီး အသစ်က ပြန်စချင်တဲ့အတွက် ဆံပင်တွေအရောင်ဆိုးပြီး စိတ်ကိုပြုပြင်လိုက်ကတာဖြစ်တယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။ ကိုပါအမေရိက ဗိုလ်လုပွဲမှာ ချီလီအသင်းကို ရှုှုံးခဲ့ပြီးတဲ့နောက် မက်ဆီက သူ့ရဲ့လက်ရွေးစင်ဘဝ ပြီးဆုံးပြီဆိုပြီး  ပြောကြားခဲ့ပါတယ်။
" အသစ်က ပြန်စချင်တဲ့အတွက် ကျွန်တော်အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်ရှုပ်ထွေး နောက်ကျိစရာ ကျွန်တော့်အတွက် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြောင်းလဲဖို့ ကျွန်တော် စဉ်းစားမိခဲ့တာပါ။ ဒီအရာတွေကနေ ရုန်းထွက်ပြီး မင်းအသစ်က ပြန်စရမယ်လို့ ကျွန်တော့်ကို ကျွန်တော် သတိပေးခဲ့ပါတယ်" လို့ မက်ဆီက ပြောပါတယ်။
လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှု မရတဲ့နောက် အာဂျင်တီးနား လက်ရွေးစင်ဘဝက အနားယူတော့မယ်လို့ ကြေညာခဲ့ပေမယ့် နှစ်လလောက်အကြာမှာ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး အသင်းအတွက် ပြန်ကစားပေးခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top