Property Expo
×

တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပုိင္း အစြန္အဖ်ားေဒသ႐ွိ ေက်း႐ြာတစ္႐ြာမွာ ကေလးသုံးဦး အပါအဝင္ လူ ၁၉ ဦး အသတ္ခံရမႈနဲ႕ ပတ္သက္ၿပီး သံသယ႐ွိသူ အမ်ဳိးသားတစ္ဦးကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း အစုိးရသတင္းဌာနနဲ႕ အာဏာပိုင္ေတြက ေျပာပါတယ္။

တ႐ုတ္မွာ လူအမ်ားအျပား သတ္ျဖတ္ခံရမႈဟာ ျဖစ္ခဲလွၿပီး ယခု ျဖစ္ရပ္အေပၚ ဆုိ႐ွယ္မီဒီယာမွာ ေဆြးေႏြးေျပာဆုိမႈေတြလည္း ထြက္ေပၚေနပါတယ္။ ေသဆုံးသူေတြ မည္သုိ႕ အသတ္ခံခဲ့ရေၾကာင္းနဲ႕ လူအမ်ားအျပား သတ္ျဖတ္မႈအေၾကာင္းရင္းကုိ မသိရေသးပါဘူး။

အသတ္ခံရသူေတြဟာ မိသားစုေျခာက္ခုမွ မိသားစုဝင္ေတြျဖစ္ၿပီး ၎တုိ႕ရဲ႕႐ုပ္အေလာင္းေတြကုိ ၾကာသပေတးေန႕ (စက္တင္ဘာ ၂၉ ရက္) က ယီမေက်း႐ြာအတြင္း မတူညီတဲ့ ေနရာေတြမွာ ေတြ႕႐ွိခဲ့ရပါတယ္။

လူသတ္သမားအျဖစ္ သံသယ႐ွိသူ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ဳိးသားကုိ အခင္းျဖစ္ပြားရာ ေက်း႐ြာမွ ၁၂၄ မုိင္အကြာ ယူနန္ျပည္နယ္ ကူမင္းၿမဳိ႕မွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

အဆုိပါ သံသယတရားခံ အမ်ဳိးသားဟာ အသတ္ခံရသူေတြနဲ႕ တစ္႐ြာတည္းေနထုိင္သူလုိ႕လည္း ဆုိပါတယ္။ ရဲတပ္ဖြဲ႕က ယခုအမႈနဲ႕ ပတ္သက္ၿပီး အေသးစိတ္ကုိ စုံစမ္းစစ္ေဆးေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း အစွန်အဖျားဒေသရှိ ကျေးရွာတစ်ရွာမှာ ကလေးသုံးဦး အပါအဝင် လူ ၁၉ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အစိုးရသတင်းဌာနနဲ့ အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်မှာ လူအများအပြား သတ်ဖြတ်ခံရမှုဟာ ဖြစ်ခဲလှပြီး ယခု ဖြစ်ရပ်အပေါ် ဆိုရှယ်မီဒီယာမှာ ဆွေးနွေးပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။ သေဆုံးသူတွေ မည်သို့ အသတ်ခံခဲ့ရကြောင်းနဲ့ လူအများအပြား သတ်ဖြတ်မှုအကြောင်းရင်းကို မသိရသေးပါဘူး။

အသတ်ခံရသူတွေဟာ မိသားစုခြောက်ခုမှ မိသားစုဝင်တွေဖြစ်ပြီး ၎င်းတို့ရဲ့ရုပ်အလောင်းတွေကို ကြာသပတေးနေ့ (စက်တင်ဘာ ၂၉ ရက်) က ယီမကျေးရွာအတွင်း မတူညီတဲ့ နေရာတွေမှာ တွေ့ရှိခဲ့ရပါတယ်။

လူသတ်သမားအဖြစ် သံသယရှိသူ အသက် ၂၇ နှစ်အရွယ် အမျိုးသားကို အခင်းဖြစ်ပွားရာ ကျေးရွာမှ ၁၂၄ မိုင်အကွာ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သံသယတရားခံ အမျိုးသားဟာ အသတ်ခံရသူတွေနဲ့ တစ်ရွာတည်းနေထိုင်သူလို့လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့က ယခုအမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top