Property Expo
×

အသက္(၁၁)ႏွစ္ျပည့္ၿပီျဖစ္တဲ့ Eliana Lawrence အမည္ရတဲ့ ခ်ာတိတ္မေလးဟာ နာမည္ႀကီးသ႐ုပ္ေဆာင္ ေမာ္ဒယ္
ေတြနဲ႔ ေၾကာ္ျငာထားတဲ့ ေခါင္းေလွ်ာ္ရည္ကို တစ္ႏွစ္ခန္႔စြဲသုံးၿပီးေနာက္မွာေတာ့ ဆံပင္ေတြ အကုန္နီးပါး ကၽြတ္ခဲ့ရၿပီး
ေခါင္းတုံးဘ၀ကို ေရွာက္ရွိခဲ့ပါတယ္။ ဒီအတြက္ Eliana ရဲ႕ အေမကေတာ့ ေခါင္းေလွ်ာ္ရည္ကုမၼဏီမွာ အျပည့္အ၀ တာ၀န္ ရွိတယ္လုိ႔ ယူဆကာ အေပါင္းအပါ (200)ေက်ာ္နဲ႔အတူ တရားစြဲဆုိခဲ့ပါတယ္။

အဆုိပါ ေခါင္းေလွ်ာ္ရည္ရဲ႕ အမည္မွာ Wen Cleansing Conditioner ျဖစ္ၿပီး Eliana ဟာ ၎ ေခါင္းေလွ်ာ္ရည္ကုိ ေန႔စဥ္ တစ္ရက္ကုိ သုံးႀကိမ္ခန္႔ အသုံးျပဳကာ ေခါင္းေလွ်ာ္ခဲ့ပါတယ္။ အခုအခါမွာေတာ့ ဆံပင္ဟာ လုံးလုံးလွ်ားလွ်ား ကၽြတ္ကုန္ခဲ့
ၿပီမုိ႔ Eliana ဟာ အိမ္မွာပဲ ေက်ာင္းတက္ေနရတဲ့ အျဖစ္ပါ။ အစကေတာ့ ဆံပင္ေတြ ဆုိး၀ါးစြာ ကၽြတ္ခဲ့လုိ႔ ကင္ဆာေရာဂါ ခံစားေနရလားဆုိၿပီး စုိးရိမ္ခဲ့ပါတယ္။ ေနာက္မွ ေခါင္းေလွ်ာ္ရည္ေၾကာင့္ဆုိတာ သိခဲ့ရတာပါ။

အခုအခါမွာေတာ့ အေမရိကန္ အစားအေသာက္နဲ႔ေဆး၀ါးကြပ္ကဲေရးဌာန(FDA)ကို Wen ကထုတ္လုပ္တဲ့ ပစၥည္းေတြနဲ႔
ပတ္ သက္ၿပီး တုိင္ၾကားစာ 2 ေသာင္းေက်ာ္ လက္ခံရရွိထားၿပီမုိ႔ ၎ထုတ္ကုန္ေတြကို မသုံးစြဲသင့္ေၾကာင္း ေၾကာ္ျငာသာ ထုတ္ျပန္ခဲ့ပါတယ္။ Eliana ဟာ သူမရဲ႕ အသက္ (၁၀)ျပည့္ ေမြးေန႔မွာကတည္းက ဆံပင္ 70% ေက်ာ္ ဆုံး႐ႈံးခဲ့ရၿပီး အခုအခ်ိန္မွာေတာ့ ေခါင္ေပၚမွာ အနည္းငယ္သာ က်န္ပါေတာ့တယ္။

Eliana ရဲ႕ အေမ Miriam ကေတာ့ ကုမၼဏီကို တစ္စုံတစ္ခုေသာ အေရးယူမႈ မျပဳလုပ္ခဲ့ပါ။ အေၾကာင္းကေတာ့ FDA ဟာ လုပ္ပုိင္ခြင့္အာဏာအျပည့္အ၀ မရရွိျခင္းေၾကာင့္ ျဖစ္ပါတယ္။ အခုအခါမွာေတာ့ Eliana ဟာ နဂုိအလွေတြ ျပန္ရဖုိ႔ အခ်ိန္ ျပန္ယူရေတာ့မွာပါ။ ၀ါရွင္တန္ဒီစီမွာရွိတဲ့ ၾသဇာႀကီးႏုိင္ငံေရးသမားတစ္ေယာက္ဆီကုိ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး FDA အဖြဲ႕ႀကီးကုိ လုပ္ပုိင္ခြင့္ ပုိမုိေပးအပ္ဖုိ႔ တုိင္ပင္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ Eliana မွာ ဆံပင္တစ္ခ်ိဳ႕ ျပန္ေပါက္လာၿပီျဖစ္ေပမယ့္ အရွိန္မေကာင္းေသးပါ။ Wen ေခါင္းေလွ်ာ္ရည္ရဲ႕ ဆုိးက်ိဳးဟာ မ်က္ခုံးေမြးစသည္တုိ႔ကိုေတာင္ ကၽြတ္ေစခဲ့ပါတယ္။ Miriam က ” အစက ဒီထုတ္ကုန္ကုိ ကၽြန္မ မသိဘူးပါ … အေမက ညည္းသမီးကို ဒီထုတ္ကုန္နဲ႔ ေခါင္းေလွ်ာ္ခုိ္င္းၾကည့္ပါလားဆုိၿပီး တုိက္တြန္းခဲ့ပါတယ္ … နာမည္ႀကီးေတြနဲ႕ ေၾကာ္ျငာထားတဲ့ ထုတ္ကုန္ပါ … သဘာ၀အရင္းအျမစ္ေတြနဲ႔ ဖန္တီးထုတ္လုပ္ထားတယ္လုိ႔ ဆုိထားပါတယ္ … အခု
ေတာ့ ဆုိးဆုိး၀ါး၀ါးပါဘဲ “လုိ႔ ဆုိခဲ့ပါတယ္။

2015 ခုႏွစ္မွာ Wen ကို တရားစြဲဖုိ႔ Miriam က ႀကိဳးစားခဲ့ၿပီး ၎နဲ႔အတူ ထုတ္ကုန္ေၾကာင့္ ဆုိးက်ိဳးခံစားခဲ့ရတဲ့ လူ (200)ေက်ာ္က စုေပါင္းကာ Wen ကုမၼဏီကို တရားစြဲခဲ့ပါတယ္။ FDA အသင္းဟာလည္း စားသုံးသူေတြဘက္က အျပည့္အ၀ ကာကြယ္ေပးရမည္ဆုိတာ မွန္ေပမယ့္ တကယ့္တကယ္တမ္းက်ေတာ့ လုပ္ပုိင္ခြင့္အာဏာ အျပည့္အ၀ မရွိျခင္းဟာ
ျပည္သူျပည္သားေတြကို ယုံၾကည္မႈက်စင္းေစခဲ့တယ္လုိ႔ Miriam က ဆုိခဲ့ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္ထိ Wen ကုမၼဏီဟာ ၎တုိ႔ထုတ္လုပ္ခဲ့တဲ့ ကုန္ပစၥည္းေတြကို အကာအကြယ္ေပးေနဆဲ ျဖစ္ၿပီး၊ အရည္အေသြးျမင့္ ထုတ္ကုန္ေတြနဲထုတ္လုပ္ထားတာျဖစ္သလုိ၊ တရား၀င္မွတ္ပုံတင္ရရွိထားတဲ့ ကုမၼဏီျဖစ္ေၾကာင္း ေခ်ပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
အသက်(၁၁)နှစ်ပြည့်ပြီဖြစ်တဲ့ Eliana Lawrence အမည်ရတဲ့ ချာတိတ်မလေးဟာ နာမည်ကြီးသရုပ်ဆောင် မော်ဒယ်
တွေနဲ့ ကြော်ငြာထားတဲ့ ခေါင်းလျှော်ရည်ကို တစ်နှစ်ခန့်စွဲသုံးပြီးနောက်မှာတော့ ဆံပင်တွေ အကုန်နီးပါး ကျွတ်ခဲ့ရပြီး
ခေါင်းတုံးဘဝကို ရှောက်ရှိခဲ့ပါတယ်။ ဒီအတွက် Eliana ရဲ့ အမေကတော့ ခေါင်းလျှော်ရည်ကုမ္မဏီမှာ အပြည့်အ၀ တာဝန် ရှိတယ်လို့ ယူဆကာ အပေါင်းအပါ (200)ကျော်နဲ့အတူ တရားစွဲဆိုခဲ့ပါတယ်။

အဆိုပါ ခေါင်းလျှော်ရည်ရဲ့ အမည်မှာ Wen Cleansing Conditioner ဖြစ်ပြီး Eliana ဟာ ၎င်း ခေါင်းလျှော်ရည်ကို နေ့စဉ် တစ်ရက်ကို သုံးကြိမ်ခန့် အသုံးပြုကာ ခေါင်းလျှော်ခဲ့ပါတယ်။ အခုအခါမှာတော့ ဆံပင်ဟာ လုံးလုံးလျှားလျှား ကျွတ်ကုန်ခဲ့
ပြီမို့ Eliana ဟာ အိမ်မှာပဲ ကျောင်းတက်နေရတဲ့ အဖြစ်ပါ။ အစကတော့ ဆံပင်တွေ ဆိုးဝါးစွာ ကျွတ်ခဲ့လို့ ကင်ဆာရောဂါ ခံစားနေရလားဆိုပြီး စိုးရိမ်ခဲ့ပါတယ်။ နောက်မှ ခေါင်းလျှော်ရည်ကြောင့်ဆိုတာ သိခဲ့ရတာပါ။

အခုအခါမှာတော့ အမေရိကန် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန(FDA)ကို Wen ကထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့
ပတ် သက်ပြီး တိုင်ကြားစာ 2 သောင်းကျော် လက်ခံရရှိထားပြီမို့ ၎င်းထုတ်ကုန်တွေကို မသုံးစွဲသင့်ကြောင်း ကြော်ငြာသာ ထုတ်ပြန်ခဲ့ပါတယ်။ Eliana ဟာ သူမရဲ့ အသက် (၁၀)ပြည့် မွေးနေ့မှာကတည်းက ဆံပင် 70% ကျော် ဆုံးရှုံးခဲ့ရပြီး အခုအချိန်မှာတော့ ခေါင်ပေါ်မှာ အနည်းငယ်သာ ကျန်ပါတော့တယ်။

Eliana ရဲ့ အမေ Miriam ကတော့ ကုမ္မဏီကို တစ်စုံတစ်ခုသော အရေးယူမှု မပြုလုပ်ခဲ့ပါ။ အကြောင်းကတော့ FDA ဟာ လုပ်ပိုင်ခွင့်အာဏာအပြည့်အ၀ မရရှိခြင်းကြောင့် ဖြစ်ပါတယ်။ အခုအခါမှာတော့ Eliana ဟာ နဂိုအလှတွေ ပြန်ရဖို့ အချိန် ပြန်ယူရတော့မှာပါ။ ဝါရှင်တန်ဒီစီမှာရှိတဲ့ သြဇာကြီးနိုင်ငံရေးသမားတစ်ယောက်ဆီကို သွားရောက်တွေ့ဆုံခဲ့ပြီး FDA အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ဖို့ တိုင်ပင်ခဲ့ပါတယ်။

ယခုအခါမှာတော့ Eliana မှာ ဆံပင်တစ်ချို့ ပြန်ပေါက်လာပြီဖြစ်ပေမယ့် အရှိန်မကောင်းသေးပါ။ Wen ခေါင်းလျှော်ရည်ရဲ့ ဆိုးကျိုးဟာ မျက်ခုံးမွေးစသည်တို့ကိုတောင် ကျွတ်စေခဲ့ပါတယ်။ Miriam က ” အစက ဒီထုတ်ကုန်ကို ကျွန်မ မသိဘူးပါ … အမေက ညည်းသမီးကို ဒီထုတ်ကုန်နဲ့ ခေါင်းလျှော်ခိုင်းကြည့်ပါလားဆိုပြီး တိုက်တွန်းခဲ့ပါတယ် … နာမည်ကြီးတွေနဲ့ ကြော်ငြာထားတဲ့ ထုတ်ကုန်ပါ … သဘာဝအရင်းအမြစ်တွေနဲ့ ဖန်တီးထုတ်လုပ်ထားတယ်လို့ ဆိုထားပါတယ် … အခု
တော့ ဆိုးဆိုးဝါးဝါးပါဘဲ “လို့ ဆိုခဲ့ပါတယ်။

2015 ခုနှစ်မှာ Wen ကို တရားစွဲဖို့ Miriam က ကြိုးစားခဲ့ပြီး ၎င်းနဲ့အတူ ထုတ်ကုန်ကြောင့် ဆိုးကျိုးခံစားခဲ့ရတဲ့ လူ (200)ကျော်က စုပေါင်းကာ Wen ကုမ္မဏီကို တရားစွဲခဲ့ပါတယ်။ FDA အသင်းဟာလည်း စားသုံးသူတွေဘက်က အပြည့်အ၀ ကာကွယ်ပေးရမည်ဆိုတာ မှန်ပေမယ့် တကယ့်တကယ်တမ်းကျတော့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မရှိခြင်းဟာ
ပြည်သူပြည်သားတွေကို ယုံကြည်မှုကျစင်းစေခဲ့တယ်လို့ Miriam က ဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်ထိ Wen ကုမ္မဏီဟာ ၎င်းတို့ထုတ်လုပ်ခဲ့တဲ့ ကုန်ပစ္စည်းတွေကို အကာအကွယ်ပေးနေဆဲ ဖြစ်ပြီး၊ အရည်အသွေးမြင့် ထုတ်ကုန်တွေနဲထုတ်လုပ်ထားတာဖြစ်သလို၊ တရားဝင်မှတ်ပုံတင်ရရှိထားတဲ့ ကုမ္မဏီဖြစ်ကြောင်း ချေပခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top