Kantharyar Centre
×




Credit:Thit Htoo Lwin




#Unicode Version
ကြိုတင်ပြင်ဆင်တဲ့ ပရိုဂရမ်တွေဟာ ဘောလုံးကစားရမှာ ရရှိနိုင်တဲ့ ခြေကျင်းဝတ်မှာ ဖြစ်ပေါ်နိုင်တဲ့ ဒဏ်ရာအရေအတွက်ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလိုပြင်ဆင်မှုတွေ ပြုလုပ်တာဟာ ကြွက်သားတွေရဲ့ တင်မာမှုကို လျှော့ချပေးနိုင်ပြီး ဒါဟာဆိုရင် ခြေကျင်းဝတ်ကို ထိခိုင်မှုကို ၄၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဘောလုံးအားကစားသမားတွေကို လေ့လာရာမှာတွေ့ရှိခဲ့တဲ့ တွေ့ရှိချက်အရ သိရပါတယ်။

ဘောလုံးအားကစားသမားတွေဟာ ဒဏ်ရာတွေမကြာခဏရရှိတတ်တာကြောင့် ၂၀၁၅ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒဏ်ရာရရှိသူတွေထဲက ပမာဏ ၃၆၃၀၀ဟာ ခြေကျင်းဝတ်ကို ထိခိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီလေ့လာတွေ့ရှိချက်အသစ်ဟာ ဆေးပညာရှင်တွေအနေနဲ့ သူတို့လူနာတွေကို ပြောပြအကြံပြုနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်” လို့ သုတေသနပြုလုပ်ခဲ့တဲ့ Duke တက္ကသိုလ်က ဒေါက်တာ Nathan Grimm ကဆိုပါတယ်။ “ဒီအချက်ကို နည်းပြတွေအနေနဲ့ ကစားသမားတွေကို လေ့ကျင့်ပေးရမှာလည်း အသုံးပြုနိုင်မှာပါ” လို့ သူကဆက်ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top