Kantharyar Centre
×

ကၽြန္မနဲ႕သူကခ်စ္သူေတြပါ။ လက္ဖက္ရည္ႀကိဳက္တတ္တဲ့ ကၽြန္မဟာဆိုင္္မွာပူပူေလးထိုင္ေသာက္ရတာကို ႏွစ္သက္ပါတယ္။ အဲဒီအခါသူေျပာေလ့ရွိတာကေတာ ့ “မင္းကြာ…အပ်ိဳေလးတန္မဲ့ ဆိုင္ထိုင္ရသလား” တဲ့ ။ ကၽြန္မ ေအာ္ရယ္ပစ္လိုက္တယ္.. လူေတြအမ်ားႀကီးေရွ႕မွာပါပဲ… ဆိုင္ထိုင္ဖို႕ရာကို သင့္ေတာ္တယ္ဆိုတဲ့ဆိုင္မွာ ရုိးသားတဲ့အရည္ကို ရိုးသားစြာေသာက္ေနတာပါရွင္ ၊ ဒါေပမဲ့ မေျဖရွင္းေတာ့ပါဘူး ကိုယ္မွန္တယ္ထင္ရင္ မေျဖရွင္းပဲ ေရြးတဲ့လမ္းကို ေျဖာင့္ေအာင္ေလွ်ာက္တတ္တာ ကၽြန္မအက်င့္ကိုး ၊ ေဟာ…ထပ္ေျပာျပန္ၿပီ.. “မင္းကြာ…အပ်ိဳေလးျဖစ္ျပီး ရယ္တာႀကီးကိုက ” တဲ့ ၊ ထံုးစံအတိုင္း ကၽြန္မမေျဖရွင္းပါဘူး ။ စာရင္းကိုင္တေယာက္ျဖစ္တဲ့ ကၽြန္မဟာတခါတရံအလုပ္မ်ားပါတယ္၊အဲဒီအခါ အိမ္ျပန္ေနာက္က်တတ္တဲ့ ကၽြန္မကိ ု “မင္းကြာ…အပ်ိဳဆိုတာ အိမ္ျပန္သိပ္မိုးမခ်ဳပ္သင့္ဘူး” တဲ ့ ဒီလို…ဒီလိုနဲ႕ပဲ ခ်စ္သူဘ၀ကိုျဖတ္သန္းခဲ့ျပီးေတာ့ သူလဲႏိုင္ငံျခားကို အလုပ္လုပ္ဖို႕ထြက္သြားျပီေပါ့ ။

သူႏိုင္ငံျခားသြားလို႕သိပ္မၾကာခင္မွာပဲကၽြန္မတပည့္တေယာက္ရခဲ့တယ္၊ နာမည္ကေခ်ာေခ်ာတဲ့..။ ေကာင္မေလးရဲ႕ မ်က္ႏွာမွာအထင္ရွားဆံုးကေတာ့ ပါးႏွစ္ဘက္လံုးမွာပါတဲ့ ပါးခ်ိဳင့္ပါပဲ။ LCCI(3)ကို ေခ်ာေခ်ာအိမ္မွာ Guide လုပ္ေပးဖို႕ေပါ့ ၊ စာေမးပြဲေျဖဖို႕နီးကပ္လာတဲ့တစ္ေန႕မွာ မေအာင္မွာစိုးတဲ့ကၽြန္မ စာျပဖို႕ေစာေစာအေရာက္ ေခ်ာေခ်ာေဆးရုံတင္ထားရတယ္လို႕ ဆီးေျပာတာနဲ႕ ေဆးရုံကိုလိုက္သြားမိတယ္။ ကိုယ္၀န္(၂)လရွိတာသိလို႕ စိတ္ညစ္ၿပီး ပိုးသတ္ေဆးေသာက္တာတဲ့ ၊ လူဦးလို႕ေပါ့ ၊ မေသေကာင္းမေပ်ာက္ေကာင္းရွင္ ၊ ကၽြန္မလဲအားေပးစကားေျပာၿပီးအိမ္ျပန္လာခဲ့တယ္။ ကၽြန္မစိတ္ထဲ မရွင္းဘူးရွင္ ၊ ကၽြန္မသိသေလာက္ေတာ့ ေခ်ာေခ်ာဟာ အိမ္သားေတြမပါဘဲ အျပင္မထြက္တတ္ဘူးရွင့္..၊ ေရာ္…ဘာေတြလဲကြယ္…။

အဲဒီေန႕ကတည္းက စကားေျပာရင္ ေျဖးညွင္းစြာ ၊ရယ္ရင္လည္း တိုးတိုးေလးရယ္တတ္တဲ့ ပါးခ်ိဳင့္ႏွစ္ဘက္နဲ႕ေခ်ာေခ်ာကို ေနာက္ထပ္ မေတြ႕ရေတာ့ပါဘူး။ အခ်ိန္ေတြၾကာလာခဲ့ၿပီး တေန႕မွာေတာ့ ဖိတ္စာတစ္ေစာင္နဲ႕စာအိတ္တစ္လံုးကို ကၽြန္မရခဲ့တယ္။

 ဖိတ္စာကေတာ့ ကြ်န္မရဲ႔တစ္ေယာက္ထဲရွိခဲ႔ေသာခ်စ္သူရဲ႕မဂၤလာေဆာင္ဖိတ္စာေပါ့ ၊ ဆက္ဆက္လာပါတဲ့ ။ ေသြးေၾကာင္ရင္ ေဘးေခ်ာင္မွာရပ္ေနမွာေပါ့ ၊ ကၽြန္မဆက္ဆက္သြားမွာပါ ။ စာအိတ္ကလည္း သူေရးထားတဲ့စာပါပဲ ၊ဆက္ဖတ္ဖို႕မလိုအပ္ေတာ့ဘူးလို႕ထင္တာနဲ႕ ဒီတိုင္းပဲပစ္ထားလိုက္တယ္ ။ မဂၤလာေဆာင္ရက္မွာ အသဲမကြဲဘူးေဟ့လို႕ ျပခ်င္တဲ့ကၽြန္မ အလွဆံုးကိုျပင္ပစ္လိုက္တယ္ ။ အခ်စ္ဦးနဲ႕လြဲရေပမဲ့ အခ်စ္ဆံုးနဲ႕ဆံုႏိုင္ခြင့္ ရွိပါေသးတယ္ရွင္ ၊ အခ်စ္မပါဘဲ ဘ၀ကိုေအာင္ျမင္ေအာင္တည္ေဆာက္ခဲ့တဲ့ သူေတြမွအမ်ားႀကီးပါ ။

ေဟာ..လာေနၿပီ..မဂၤလာေမာင္ႏွံ ၊ သူေရြးတဲ့သတိုးသမီးကို ေသေသခ်ာခ်ာၾကည့္မွ.. ပါးခ်ိဳင့္..သတိုးသမီးမ်က္ႏွာေပၚက ထင္ရွားလွတဲ့ ပါးခ်ိဳင့္ .. ေခ်ာေခ်ာ..ေၾသာ္ သတိုးသမီးက ေခ်ာေခ်ာ ကိုး ။ အိမ္ျပန္ေရာက္တာနဲ႕ ဖြင့္ေဖာက္ဖတ္ဖို႕ မလိုအပ္ေတာ့ဘူးလို႕ထင္ၿပီး ပစ္ထားတဲ့သူ႕ရဲ႕စာကို ခ်က္ခ်င္းဖြင့္ၾကည့္မိတယ္ ၊ စာထဲပါတာကေတာ့.. ” ငါျပန္လာတာ နင့္ကိုအသိမေပးတာက အိမ္ေထာင္ျပဳေတာ့မွာမို႕ပဲ ၊ အိမ္ကရွာေပးတာ ၊ ငါလဲႏွစ္သက္တယ္ ၊ သူ႕မွာ ငါႀကိဳက္တဲ့ အပ်ိဳစင္အခ်က္ေတြရွိတယ္ ” ပါသတဲ႔ရွင္… ကၽြန္မ ဒီစာကို မွန္ေဘာင္သြင္းၿပီး ေရႊကြပ္ထားလိုက္ခ်င္မိတယ္ ကၽြန္မကို တသက္လံုးရယ္ေနေအာင္လုပ္ေပးမဲ့ ဟာသစစ္စစ္တစ္ပုဒ္အေနနဲ႕ေပါ့ ။

ကၽြန္မေလ ၀တၱဳမေရးတတ္လို႕ပါ ၊ ေရးမ်ားေရးတတ္ရင္ျဖင့္ ၀တၱဳေခါင္းစဥ္ကိ ု ” ဘယ္သူ အပ်ိဳစစ္ပါသလဲ ” လို႕ ေပးမိမွာပါ ပဲ ရွင္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လဝန္းသဇင္

Unicode Version

ကျွန်မနဲ့သူကချစ်သူတွေပါ။ လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။ အဲဒီအခါသူပြောလေ့ရှိတာကတော့ “မင်းကွာ…အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား” တဲ့ ။ ကျွန်မ အော်ရယ်ပစ်လိုက်တယ်.. လူတွေအများကြီးရှေ့မှာပါပဲ… ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင် ၊ ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊ ဟော…ထပ်ပြောပြန်ပြီ.. “မင်းကွာ…အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက ” တဲ့ ၊ ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။ စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကိ ု “မင်းကွာ…အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး” တဲ့ ဒီလို…ဒီလိုနဲ့ပဲ ချစ်သူဘဝကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။

သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲကျွန်မတပည့်တယောက်ရခဲ့တယ်၊ နာမည်ကချောချောတဲ့..။ ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။ LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊ စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့ ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။ ကိုယ်ဝန်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊ လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။ ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊ ရော်…ဘာတွေလဲကွယ်…။

အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ် မတွေ့ရတော့ပါဘူး။ အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။

 ဖိတ်စာကတော့ ကျွန်မရဲ့တစ်ယောက်ထဲရှိခဲ့သောချစ်သူရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ ဆက်ဆက်လာပါတဲ့ ။ သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ ကျွန်မဆက်ဆက်သွားမှာပါ ။ စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။ မင်္ဂလာဆောင်ရက်မှာ အသဲမကွဲဘူးဟေ့လို့ ပြချင်တဲ့ကျွန်မ အလှဆုံးကိုပြင်ပစ်လိုက်တယ် ။ အချစ်ဦးနဲ့လွဲရပေမဲ့ အချစ်ဆုံးနဲ့ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင် ၊ အချစ်မပါဘဲ ဘဝကိုအောင်မြင်အောင်တည်ဆောက်ခဲ့တဲ့ သူတွေမှအများကြီးပါ ။

ဟော..လာနေပြီ..မင်္ဂလာမောင်နှံ ၊ သူရွေးတဲ့သတိုးသမီးကို သေသေချာချာကြည့်မှ.. ပါးချိုင့်..သတိုးသမီးမျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့် .. ချောချော..သြော် သတိုးသမီးက ချောချော ကိုး ။ အိမ်ပြန်ရောက်တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ထင်ပြီး ပစ်ထားတဲ့သူ့ရဲ့စာကို ချက်ချင်းဖွင့်ကြည့်မိတယ် ၊ စာထဲပါတာကတော့.. ” ငါပြန်လာတာ နင့်ကိုအသိမပေးတာက အိမ်ထောင်ပြုတော့မှာမို့ပဲ ၊ အိမ်ကရှာပေးတာ ၊ ငါလဲနှစ်သက်တယ် ၊ သူ့မှာ ငါကြိုက်တဲ့ အပျိုစင်အချက်တွေရှိတယ် ” ပါသတဲ့ရှင်… ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်ချင်မိတယ် ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။

ကျွန်မလေ ဝတ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ဝတ္တုခေါင်းစဉ်ကိ ု ” ဘယ်သူ အပျိုစစ်ပါသလဲ ” လို့ ပေးမိမှာပါ ပဲ ရှင် ။

ဖိုးသူတော် (www.phothutaw.com)
Credit:လဝန်းသဇင်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top