Property Expo
×

လီယြန္နယ္မက္ဆီႏွင့္ လူး၀စ္္ဆြာရက္ဇ္ကုိ အရန္ခုံတြင္ ထား၍ ပြဲစတင္ခဲ့ျခင္းအတြက္ နည္းျပ အင္းနရစ္က တန္ဖိုးႀကီး ႀကီးေပးဆပ္လိုက္ရၿပီး ဘာကာ အိမ္ကြင္း ႏ်ဴးကမ့္၌ အသစ္စက္ စက္တန္းတက္လာေသာ အလာဗက္စ္က ၂-၁ ဂုိးျဖင့္ မထင္မွတ္ ဘဲ အႏုိင္ရရိွသြားသည္။

ရီးရဲလ္ကမူ ၎တို႔၏ အိမ္ ကြင္းတြင္ အုိဆာဆူနာကုိ ၅- ၂

ဂုိးျဖင့္ ျပတ္ျပတ္သားသားအႏိုင္ ယူခဲ့ၿပီး ဒဏ္ရာေၾကာင့္ ႏွစ္လတာအနားယူခဲ့ရာမွ ျပန္ကစား ေသာ ေရာ္နယ္ဒုိက ငါးမိနစ္အ တြင္း ဂုိးသြင္းယူခဲ့သည္။ ဘာကာ သည္ ဇယားထိပ္မွ ရီးရဲလ္ႏွင့္ သံုးမွတ္ကြာဟေနၿပီျဖစ္သည္။

လြန္ခဲ့ေသာ သီတင္းႏွစ္ပတ္ က ဘီလ္ဘာအိုကို ၁-၀ ဂုိးျဖင့္ ႏုိင္ေသာ အသင္းမွ ကစားသမား ခုနစ္ဦးကို အင္းနရစ္က အေျပာင္းအလဲလုပ္ခဲ့သည္။ တံေကာက္ ေၾကာဒဏ္ရာမွ အကင္းမေသ ေသးေသာ မက္ဆီႏွင့္ ကမၻာ့ ဖလားပြဲပါ၀င္ခဲ့ေသာ ဆြာရက္ဇ္ ကုိ အနားေပးထားခဲ့သည္။

‘‘ကြၽန္ေတာ္တုိ႔ တိက်မႈမရိွ ခဲ့ဘူး။ တုိက္စစ္ညက္ေညာမႈမရိွ၊ ခံစစ္က ယုိင္နဲ႔န႔ဲျဖစ္ခဲ့တယ္။ သူ တုိ႔က ဂုိးေပါက္တည့္တာ သံုးလံုး ကန္ၿပီး ႏွစ္ဂုိးရသြားတယ္’’ဟု ဘာကာနည္းျပ အင္းနရစ္က ေျပာၾကားသည္။

အလာဗက္စ္က ၃၉ မိနစ္ တြင္ ဦးေဆာင္ဂုိးသြင္းခဲ့ၿပီး ဘာ ကာမွ မက္သ႐ူးက ၃၇ မိနစ္တြင္ ေခ်ပခဲ့သည္။ သုိ႔ေသာ္ အုိင္ဗုိင္ ဂုိမက္စ္က ၆၄ မိနစ္တြင္ ထပ္မံ ဂုိးသြင္းခဲ့ၿပီး ဘာကာတို႔ ႐ႈံးပြဲ ေတြ႕ခဲ့သည္။

အျခားပြဲစဥ္မ်ားတြင္ လာပါး မတ္စ္က ဆီဗီလာကုိ ၂-၁ဂုိးျဖင့္ ႐ႈံးနိမ့္ၿပီး ၎တို႔၏ ရာႏႈန္းျပည့္ ႏိုင္ပြဲ အဆံုးသတ္ခဲ့သည္။ ဗီလာ ရီးရဲလ္က မာလာဂါကုိ ၂-၀ ဂုိး ျဖင့္ အႏုိင္ရရိွခဲ့သည္။ ဆုိစီဒက္က အက္စ္ပန္ညိဳႏွင့္ တစ္ဂုိးစီသေရ က်ကာ ဂီဂြၽန္က လီဂါနက္စ္ကုိ၂-၁ ဂုိးျဖင့္ အႏုိင္ရရိွခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

လီယွန်နယ်မက်ဆီနှင့် လူးဝစ်ဆွာရက်ဇ်ကို အရန်ခုံတွင် ထား၍ ပွဲစတင်ခဲ့ခြင်းအတွက် နည်းပြ အင်းနရစ်က တန်ဖိုးကြီး ကြီးပေးဆပ်လိုက်ရပြီး ဘာကာ အိမ်ကွင်း နျူးကမ့်၌ အသစ်စက် စက်တန်းတက်လာသော အလာဗက်စ်က ၂-၁ ဂိုးဖြင့် မထင်မှတ် ဘဲ အနိုင်ရရှိသွားသည်။

ရီးရဲလ်ကမူ ၎င်းတို့၏ အိမ် ကွင်းတွင် အိုဆာဆူနာကို ၅- ၂

ဂိုးဖြင့် ပြတ်ပြတ်သားသားအနိုင် ယူခဲ့ပြီး ဒဏ်ရာကြောင့် နှစ်လတာအနားယူခဲ့ရာမှ ပြန်ကစား သော ရော်နယ်ဒိုက ငါးမိနစ်အ တွင်း ဂိုးသွင်းယူခဲ့သည်။ ဘာကာ သည် ဇယားထိပ်မှ ရီးရဲလ်နှင့် သုံးမှတ်ကွာဟနေပြီဖြစ်သည်။

လွန်ခဲ့သော သီတင်းနှစ်ပတ် က ဘီလ်ဘာအိုကို ၁-၀ ဂိုးဖြင့် နိုင်သော အသင်းမှ ကစားသမား ခုနစ်ဦးကို အင်းနရစ်က အပြောင်းအလဲလုပ်ခဲ့သည်။ တံကောက် ကြောဒဏ်ရာမှ အကင်းမသေ သေးသော မက်ဆီနှင့် ကမ္ဘာ့ ဖလားပွဲပါဝင်ခဲ့သော ဆွာရက်ဇ် ကို အနားပေးထားခဲ့သည်။

‘‘ကျွန်တော်တို့ တိကျမှုမရှိ ခဲ့ဘူး။ တိုက်စစ်ညက်ညောမှုမရှိ၊ ခံစစ်က ယိုင်နဲ့နဲ့ဖြစ်ခဲ့တယ်။ သူ တို့က ဂိုးပေါက်တည့်တာ သုံးလုံး ကန်ပြီး နှစ်ဂိုးရသွားတယ်’’ဟု ဘာကာနည်းပြ အင်းနရစ်က ပြောကြားသည်။

အလာဗက်စ်က ၃၉ မိနစ် တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဘာ ကာမှ မက်သရူးက ၃၇ မိနစ်တွင် ချေပခဲ့သည်။ သို့သော် အိုင်ဗိုင် ဂိုမက်စ်က ၆၄ မိနစ်တွင် ထပ်မံ ဂိုးသွင်းခဲ့ပြီး ဘာကာတို့ ရှုံးပွဲ တွေ့ခဲ့သည်။

အခြားပွဲစဉ်များတွင် လာပါး မတ်စ်က ဆီဗီလာကို ၂-၁ဂိုးဖြင့် ရှုံးနိမ့်ပြီး ၎င်းတို့၏ ရာနှုန်းပြည့် နိုင်ပွဲ အဆုံးသတ်ခဲ့သည်။ ဗီလာ ရီးရဲလ်က မာလာဂါကို ၂-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ဆိုစီဒက်က အက်စ်ပန်ညိုနှင့် တစ်ဂိုးစီသရေ ကျကာ ဂီဂျွန်က လီဂါနက်စ်ကို၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top