Property Expo
×










Credit:Thit Htoo Lwin

#Unicode Version
လေ့လာချက်တွေအရ  အမျိုးသားရော အမျိုးသမီးတွေမှာပါ အားလပ်ရက်အတွင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံတွေ မရှိကြပါဘူး။

အမေရိကန်လူမျိုးတွေကတော့ အားလပ်ရက်ဖြစ်တဲ့  နိုဝင်ဘာကနေ ဇန်နဝါရီလအတွင်းမှာဆိုရင် ကျန်းမားရေးအတွက် ကောင်းပါတယ်ဆိုတဲ့ အစားအစာတွေကို မစားသုံးကြတာတွေ့ရပါတယ်။

အမေရိကန်အပါအဝင် ဂျာမနီ နဲ့ ဂျပန်နိုင်ငံက အသက် ၄၂ နှစ်အရွယ် လူပေါင်း ၃၀၀၀ နီးပါးကို လေ့လာကြည့်တဲ့အခါ အမေရိကန်လူမျိုးတွေရဲ့ ၂၄ ရာခိုင်နှုန်းက အဝလွန်နေကြပြီး ဂျာမန်လူမျိုးတွေမှာ ၁၉ ရာခိုင်နှုန်းနဲ့ ဂျပန်လူမျိုးမှာ ၁၁ ရာခိုင်နှုန်း အသီးသီး ရှိကြပါတယ်။

နိုင်ငံသုံးနိုင်ငံစလုံးမှာ ခရစ်စမတ် အတိုင်ခင်နဲ့ ပြီးသွားတဲ့ ဆယ်ရက်တွေမှာ အလေးချိန်တွေ အများဆုံး ပိုတိုးလာကြတာပါ။ အမေရိကန်မှာ ပျန်းမျှလူဦးရေရဲ့ ဝ.၄  ရာခိုင်နှုန်း ၊ ဂျာမနီမှာ ဝ.၆ ရာခိုင်နှုန်းနဲ့ ဂျပန်မှာ ဝ.၅ ရာခိုင်နှုန်းတို့ဟာ ပွဲတော်ချိန်အတွင်းမှာ သူတို့ရဲ့ အလေးချိန်တွေ တိုးလာခဲ့တာပါ။

တစ်ချို့က အားလပ်ရက်တဝက်မှာ တိုးလားတဲ့ အလေးချိန်တွေက အားလပ်ရက်ကုန်သွားရင် လျော့သွားကြပေမယ့် တစ်ချို့ကတော့ အားလပ်ရက်တွေ ကုန်သွားတာတောင် ပြန်မကျတော့ပါဘူး။

ရိုးရာ နဲ့ မိသားစု ပေါင်းစည်းတဲ့ အာလပ်ရက်တွေက တစ်ခုခုကို မလုပ်ဘူးလို့ ပြောဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ တက်လာတဲ့ ဝိတ်တွေကြောင့် လူတွေက အားကစားလုပ်ဖို့ အာရုံရတတ်ကြပြီး နှစ်သစ်ကူးပွဲ အပြီးမှာဆိုရင် ကျန်းမာရေး သင်တန်းတွေက ခေတ်စားလာပါတယ်။

အားလပ်ရက်တွေမှာ ဝိတ်တွေ ပိုတိုးမလာဖို့ဆိုရင် ပုံမှန်စားနေကြအတိုင်း တတ်နိုင်သလောက်စားဖို့ ၊ ကယ်လိုရီပါဝင်မှုကို ထိန်းချုပ်ဖို့ နဲ့ အလွန်အကျွံ့ စားသောက်မိတာတွေကို ရှောင်ဖို့လိုပါတယ်။ အစားအစာမှာတင်မကပဲ အချိုရည်တွေမှာလည်း ကယ်လိုရီပါဝင်တာကို သတိပြုမိဖို့လည်း လိုပါတယ်။ ရေများများ သောက်ပေးသင့်ပြီး ကော့တေးဆိုရင်လည်း နှစ်ခွက်လောက်သာ သောက်သင့်ပါတယ်။

အားလပ်ရက်ပွဲတော်တွေမှာ မိသားစုနဲ့အတူ ကျန်းမာတဲ့ စားသောက်မှုပုံစံရဖို့ အစီအစဉ် လုပ်ထားသင့်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ဖို့ နည်းလမ်းတွေ ဖန်တီးထားသင့်ပါတယ်။

အားလပ်ရက်ဆိုတာက ကုန်ဆုံးသွားမှာ ဖြစ်ပေမယ့် ပိုလာတဲ့ အလေးချိန်တွေကတော့ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top