Kantharyar Centre
×

ပြင့္လင္းတဲ့ ႏွလုံးသားနဲ႔ အခ်စ္ကုိ ရွာေဖြပါ။ အခ်စ္ရဲ႕ အရသာကုိ ခံစားပါ။ ဒါေပမဲ့ ကုိယ့္ကုိယ္ အေပ်ာ္ၾကံမယ့္ ေယာက္်ားေတြရဲ႕ အလွည့္စားမခံရပါေစနဲ႔။ ႏွလုံးသားဖြင့္ျပီး ခ်စ္တတ္သလုိ ဦးေႏွာက္သုံးျပီး လည္း ေရြးတတ္ပါေစ။ မ်က္စိနဲ႔နားက ခ်စ္ျခင္းရဲ႕ အရသာကုိ ခံစားဖို႔ျဖစ္သလုိ အမွားအမွန္ခြဲျခားႏုိင္ဖုိ႔ကိုလည္း ျပေပးႏုိင္တဲ့ တံခါးေပါက္ေတြ ျဖစ္ပါေစ။ ေယာက္်ားတစ္ေယာက္ရဲ႕ လွည့္စားမႈကို လြယ္လြယ္မခံရေအာင္ မိန္းကေလးေတြ လုပ္ေဆာင္ႏုိင္မယ့္ အရာေတြကေတာ့-

ကုိယ္က သူ႔အတြက္ ဦးစားေပးအဆင့္ ဟုတ္ရဲ႕လားဆုိတာ ေသခ်ာသိရပါမယ္။

သူက ကုိယ္နဲ႔ အျမဲအတူရွိဖုိ႔ ၾကိဳးစားတတ္သူလား။ တျခားအရာေတြနဲ႔ ယွဥ္လာရင္ ကုိယ့္ကုိ ဘယ္ေနရာမွာ ထားလဲဆုိတာ သိဖုိ႔လုိပါတယ္။

သူကကိုယ့္ကို သူနဲ႔ဆုိင္တဲ့ ဘဝထဲကုိ ဆြဲေခၚသြင္းဖုိ႔ဆုိတာ ေသခ်ာပါသလား။

သူ႔မိသားစု ၊မိတ္ေဆြအေပါင္းအသင္းေတြ ေရွ႔မွာ ကုိယ့္ကုိ ဂုဏ္ယူဝင့္ၾကြားစြာ ထုတ္ျပမယ့္သူျဖစ္ရဲ႔လား။ ကုိယ္နဲ႔အတူ တစ္ဘဝလုံး လက္တြဲသြားခ်င္တဲ့သူ ျဖစ္ပါရဲ႕လား ဆုိတာ ေသခ်ာသိေအာင္ လုပ္ပါ။

သူ႕ရဲ႕မေကာင္းတဲ့ အခ်က္ေတြကို လက္မခံပါနဲ႔။

ကုိယ့္ကုိ ထိခိုက္ေစႏုိင္တဲ့ ကုိယ္မၾကိဳက္တဲ့ အျပဳအမူေတြကုိ ျပင္ဖုိ႔ေျပာပါ။ အခ်စ္ေရး ပတ္သက္မႈမွာ ကုိ္ယ္မၾကိဳက္တာကုိ သည္းခံျပီးေနရတာ မျဖစ္သင့္တဲ့ ကိစၥျဖစ္ပါတယ္။

သူ႕ရဲ႕ မိသားစု၊ေပါင္းသင္းဆက္ဆံေရး အေပၚထားတဲ့သေဘာထားက ကိုယ္နဲ႔ ကုိက္ညီမႈရွိလားဆုိတာ ၾကည့္ရပါမယ္။

သူ႔မွာ တာဝန္ယူစိတ္ရွိတာ၊ ကုိယ္နဲ႔ ပတ္သက္တဲ့ သူေတြအေပၚမွာ သေဘာထား ဘယ္လိုရွိတယ္ဆုိတာေတြ သိဖုိ႔လိုပါတယ္။

သူ႕အေျပာထက္ အလုပ္ကုိ ဂရုစုိက္ျပီးေစာင့္ၾကည့္ပါ။

အေျပာေကာင္းျပီး လက္ေတြ႔မလုပ္တဲ့သူက စိတ္ရင္းအမွန္မပါဘူးဆုိတဲ့ လကၡဏာ ျဖစ္ပါတယ္။ သူ႔အျပဳအမူက ကိုယ့္အေပၚ ဘယ္ေလာက္ ဂရုစုိက္လဲဆုိတာ သိေစႏုိင္ပါတယ္။

ခ်စ္တင္းေႏွာဖုိ႔အတြက္ အခ်ိန္ေစာင့္ပါ။

သူနဲ႔ကုိယ္ အေလးအနက္ မရည္ရြယ္မခ်င္း ဒီကိစၥကို လုံးဝေခါင္းထဲ မထည့္ပါနဲ႔။ သူ႔ဘက္က လုိခ်င္တာက ကုိယ္လား၊ကုိယ့္ကုိ အေပ်ာ္သက္သက္ သေဘာထားတာလားဆုိတာ မေသခ်ာမခ်င္း မလိုက္ေလ်ာပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yourtango

#Unicode Version
ပွင့်လင်းတဲ့ နှလုံးသားနဲ့ အချစ်ကို ရှာဖွေပါ။ အချစ်ရဲ့ အရသာကို ခံစားပါ။ ဒါပေမဲ့ ကိုယ့်ကိုယ် အပျော်ကြံမယ့် ယောက်ျားတွေရဲ့ အလှည့်စားမခံရပါစေနဲ့။ နှလုံးသားဖွင့်ပြီး ချစ်တတ်သလို ဦးနှောက်သုံးပြီး လည်း ရွေးတတ်ပါစေ။ မျက်စိနဲ့နားက ချစ်ခြင်းရဲ့ အရသာကို ခံစားဖို့ဖြစ်သလို အမှားအမှန်ခွဲခြားနိုင်ဖို့ကိုလည်း ပြပေးနိုင်တဲ့ တံခါးပေါက်တွေ ဖြစ်ပါစေ။ ယောက်ျားတစ်ယောက်ရဲ့ လှည့်စားမှုကို လွယ်လွယ်မခံရအောင် မိန်းကလေးတွေ လုပ်ဆောင်နိုင်မယ့် အရာတွေကတော့-

ကိုယ်က သူ့အတွက် ဦးစားပေးအဆင့် ဟုတ်ရဲ့လားဆိုတာ သေချာသိရပါမယ်။

သူက ကိုယ်နဲ့ အမြဲအတူရှိဖို့ ကြိုးစားတတ်သူလား။ တခြားအရာတွေနဲ့ ယှဉ်လာရင် ကိုယ့်ကို ဘယ်နေရာမှာ ထားလဲဆိုတာ သိဖို့လိုပါတယ်။

သူကကိုယ့်ကို သူနဲ့ဆိုင်တဲ့ ဘဝထဲကို ဆွဲခေါ်သွင်းဖို့ဆိုတာ သေချာပါသလား။

သူ့မိသားစု ၊မိတ်ဆွေအပေါင်းအသင်းတွေ ရှေ့မှာ ကိုယ့်ကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြမယ့်သူဖြစ်ရဲ့လား။ ကိုယ်နဲ့အတူ တစ်ဘဝလုံး လက်တွဲသွားချင်တဲ့သူ ဖြစ်ပါရဲ့လား ဆိုတာ သေချာသိအောင် လုပ်ပါ။

သူ့ရဲ့မကောင်းတဲ့ အချက်တွေကို လက်မခံပါနဲ့။

ကိုယ့်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်မကြိုက်တဲ့ အပြုအမူတွေကို ပြင်ဖို့ပြောပါ။ အချစ်ရေး ပတ်သက်မှုမှာ ကိုယ်မကြိုက်တာကို သည်းခံပြီးနေရတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

သူ့ရဲ့ မိသားစု၊ပေါင်းသင်းဆက်ဆံရေး အပေါ်ထားတဲ့သဘောထားက ကိုယ်နဲ့ ကိုက်ညီမှုရှိလားဆိုတာ ကြည့်ရပါမယ်။

သူ့မှာ တာဝန်ယူစိတ်ရှိတာ၊ ကိုယ်နဲ့ ပတ်သက်တဲ့ သူတွေအပေါ်မှာ သဘောထား ဘယ်လိုရှိတယ်ဆိုတာတွေ သိဖို့လိုပါတယ်။

သူ့အပြောထက် အလုပ်ကို ဂရုစိုက်ပြီးစောင့်ကြည့်ပါ။

အပြောကောင်းပြီး လက်တွေ့မလုပ်တဲ့သူက စိတ်ရင်းအမှန်မပါဘူးဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သူ့အပြုအမူက ကိုယ့်အပေါ် ဘယ်လောက် ဂရုစိုက်လဲဆိုတာ သိစေနိုင်ပါတယ်။

ချစ်တင်းနှောဖို့အတွက် အချိန်စောင့်ပါ။

သူနဲ့ကိုယ် အလေးအနက် မရည်ရွယ်မချင်း ဒီကိစ္စကို လုံးဝခေါင်းထဲ မထည့်ပါနဲ့။ သူ့ဘက်က လိုချင်တာက ကိုယ်လား၊ကိုယ့်ကို အပျော်သက်သက် သဘောထားတာလားဆိုတာ မသေချာမချင်း မလိုက်လျောပါနဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Yourtango
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top