Kantharyar Centre
×

မိန္းကေလးတုိင္းရဲ့ဘ၀မွာ ေဒါက္ျမင့္ဖိနပ္ကို မစီးခ်င္ေတာ့တဲ့ အခ်ိန္မ်ိဳး တစ္ၾကိမ္တစ္ခါေတာ့ ၾကဳံေတြ ့ဖူးပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းကေန အနားယူလုိက္တာဟာ သင့္ခႏၶာကိုယ္ကို ေကာင္းမြန္တဲ့ အက်ိဳးဆက္ေတြ ျဖစ္လာေစတယ္ဆုိတာ သင္သိပါသလား။

၁။ သင့္ေျခေထာက္ေတြ ပုိရွည္သြယ္ေစတယ္

ေဒါက္ျမင့္ဖိနပ္စီးတာေၾကာင့္ သင့္ေျခေထာက္ေတြ ပုိရွည္ေနသလုိ ထင္ရပါတယ္။ ဒါေပမယ့္ ေဒါက္ျမင့္ဖိနပ္ေတြကို ေခ်ာင္ထုိးလုိက္တာက သင့္ေျခေထာက္ကို တကယ္ပုိရွည္ေစပါတယ္။ အသုံးခ်ဇီ၀ကမၼေဗဒ ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ေလ့လာမွဳအရ ေဒါက္ဖိနပ္စီးေလ့ ရွိသူေတြဟာ ေျခလွမ္းစိတ္စိတ္ေလွ်ာက္ေလ့ရွိျပီး ေျခသလုံးၾကြက္သားေတြလည္း မာက်စ္တယ္လုိ ့ဆုိပါတယ္။ သင့္ရဲ့ေျခဖေနာင့္ဟာ ေျခက်င္း၀တ္ကို အခ်ိန္အေတာ္ၾကာ အားစိုက္ထားရျပီး ေျခေထာက္ရဲ့ပုံမွန္အရွည္အတုိင္းဆန္ ့တန္းဖို ့ ခဲယဥ္းပါတယ္။ ေျခလက္ဆန္ ့ေလွ်ာက္တာ၊ foam rolling ေခၚ ရိုလာနဲ ့ေျခသလုံးၾကြက္သားႏွိပ္နယ္တာ အျပင္ ျပားခ်ပ္တဲ့ဖိနပ္ေတြကို စီးတာက ေျခသလုံးၾကြက္သားေတြ ပုိမုိ လွပေစပါတယ္။

၂။ ခါးနာတာ သက္သာတယ္

ေဒါက္ဖိနပ္က တင္ပါးဆုံရိုးကို ပင့္တင္ေပးထားျပီး တင္ပါးကို ေနာက္ကို ပုိေရာက္ေစပါတယ္။ ဒီအျဖစ္ေၾကာင့္ ေက်ာရိုးရဲ့ခါးဆစ္ပုိင္းမွာ ဖိအားမ်ားသလုိ ၾကြက္သားေတြကလည္း ထိန္းမတ္ေပးထားရတဲ့ အတြက္ ပုိမုိနာက်င္ေစပါတယ္။ ေဒါက္ဖိနပ္ခၽြတ္လုိက္တဲ့အခါ သင့္ရဲ့ေက်ာရိုးဟာ အလိုအေလ်ာက္ မူလပုံစံကို ျပန္ေရာက္ရွိသြားျပီး ဖိအားေတြေလ်ာ့နည္းသြားကာ နာက်င္မွဳသက္သာသြားပါတယ္။

၃။ ေျခဖေနာင့္နာတယ္

ရုတ္တရက္ ျပန္ ့ျပဴးတဲ့ဖိနပ္ကို ေျပာင္းစီးလုိက္မယ္ဆုိရင္ သင့္ရဲ့ေျခေခ်ာင္းဟာ ၉၀ ဒီဂရီျပန္ျဖစ္သြားျပီး ေဒါက္ဖိနပ္ေၾကာင့္ တင္းမာေနတဲ့ ဖေနာင့္ေၾကာေတြကို ခႏၶာကိုယ္က အဓိကအားစုိက္လုိက္ရပါတယ္။ တင္းမာေနတဲ့ ဖေနာင့္ေၾကာၾကြက္သား တစ္သွ်ဴးေတြေၾကာင့္ ေျခဖေနာင့္နာတာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ရက္အနည္းငယ္ၾကာရင္ေတာ့ ဖေနာင့္ေၾကာဟာ သာမန္ျပန္ျဖစ္သြားျပီး နာက်င္မွဳလည္း ေပ်ာက္သြားပါလိမ့္မယ္။

၄။ ဒူးအရြတ္နာတာ သက္သာသြားတယ္

ေဒါက္ဖိနပ္ခၽြတ္လုိက္ရင္ ဖေနာင့္ေၾကာနဲ ့ဒူးအရြတ္ေတြမွာ အားစုိက္ထားရမွဳကေန လြတ္ကင္းသြားျပီး ဒူးခုံညင္းလည္တာ ေခ်ာင္တာမျဖစ္ေစေတာ့ဘူးလုိ ့ဆုိပါတယ္။

၅။ ခႏၶာကုိယ္မွ်ေျခပုိေကာင္းလာတယ္

ေဒါက္ျမင့္ဖိနပ္စီးသူေတြဟာ ေျခက်င္း၀တ္ေဘးက ၾကြက္သားတင္းရင္းမွဳ မညီမွ်ျဖစ္ေစျပီး ေျခပြတ္တုိင္ တည္ျငိမ္မွဳ မရွိျဖစ္ေစႏိုင္ပါတယ္။ ေျခဖ၀ါးအျပည့္ ဖိနပ္စီးတာက ေျခက်င္း၀တ္ တစ္၀ုိက္က ၾကြက္သား ေတြကို ပုံမွန္အတုိင္း အလုပ္လုပ္ေစျပီး ေျခက်င္း၀တ္ တည္ျငိမ္ခုိင္ျမဲမွဳရွိကာ ခႏၶာကိုယ္မွ်ေျခလည္း ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar nwes

#Unicode Version

မိန်းကလေးတိုင်းရဲ့ဘဝမှာ ဒေါက်မြင့်ဖိနပ်ကို မစီးချင်တော့တဲ့ အချိန်မျိုး တစ်ကြိမ်တစ်ခါတော့ ကြုံတွေ့ဖူးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းကနေ အနားယူလိုက်တာဟာ သင့်ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးဆက်တွေ ဖြစ်လာစေတယ်ဆိုတာ သင်သိပါသလား။

၁။ သင့်ခြေထောက်တွေ ပိုရှည်သွယ်စေတယ်

ဒေါက်မြင့်ဖိနပ်စီးတာကြောင့် သင့်ခြေထောက်တွေ ပိုရှည်နေသလို ထင်ရပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်တွေကို ချောင်ထိုးလိုက်တာက သင့်ခြေထောက်ကို တကယ်ပိုရှည်စေပါတယ်။ အသုံးချဇီဝကမ္မဗေဒ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့လေ့လာမှုအရ ဒေါက်ဖိနပ်စီးလေ့ ရှိသူတွေဟာ ခြေလှမ်းစိတ်စိတ်လျှောက်လေ့ရှိပြီး ခြေသလုံးကြွက်သားတွေလည်း မာကျစ်တယ်လို့ဆိုပါတယ်။ သင့်ရဲ့ခြေဖနောင့်ဟာ ခြေကျင်းဝတ်ကို အချိန်အတော်ကြာ အားစိုက်ထားရပြီး ခြေထောက်ရဲ့ပုံမှန်အရှည်အတိုင်းဆန့်တန်းဖို့ ခဲယဉ်းပါတယ်။ ခြေလက်ဆန့်လျှောက်တာ၊ foam rolling ခေါ် ရိုလာနဲ့ခြေသလုံးကြွက်သားနှိပ်နယ်တာ အပြင် ပြားချပ်တဲ့ဖိနပ်တွေကို စီးတာက ခြေသလုံးကြွက်သားတွေ ပိုမို လှပစေပါတယ်။

၂။ ခါးနာတာ သက်သာတယ်

ဒေါက်ဖိနပ်က တင်ပါးဆုံရိုးကို ပင့်တင်ပေးထားပြီး တင်ပါးကို နောက်ကို ပိုရောက်စေပါတယ်။ ဒီအဖြစ်ကြောင့် ကျောရိုးရဲ့ခါးဆစ်ပိုင်းမှာ ဖိအားများသလို ကြွက်သားတွေကလည်း ထိန်းမတ်ပေးထားရတဲ့ အတွက် ပိုမိုနာကျင်စေပါတယ်။ ဒေါက်ဖိနပ်ချွတ်လိုက်တဲ့အခါ သင့်ရဲ့ကျောရိုးဟာ အလိုအလျောက် မူလပုံစံကို ပြန်ရောက်ရှိသွားပြီး ဖိအားတွေလျော့နည်းသွားကာ နာကျင်မှုသက်သာသွားပါတယ်။

၃။ ခြေဖနောင့်နာတယ်

ရုတ်တရက် ပြန့်ပြူးတဲ့ဖိနပ်ကို ပြောင်းစီးလိုက်မယ်ဆိုရင် သင့်ရဲ့ခြေချောင်းဟာ ၉၀ ဒီဂရီပြန်ဖြစ်သွားပြီး ဒေါက်ဖိနပ်ကြောင့် တင်းမာနေတဲ့ ဖနောင့်ကြောတွေကို ခန္ဓာကိုယ်က အဓိကအားစိုက်လိုက်ရပါတယ်။ တင်းမာနေတဲ့ ဖနောင့်ကြောကြွက်သား တစ်သျှူးတွေကြောင့် ခြေဖနောင့်နာတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာရင်တော့ ဖနောင့်ကြောဟာ သာမန်ပြန်ဖြစ်သွားပြီး နာကျင်မှုလည်း ပျောက်သွားပါလိမ့်မယ်။

၄။ ဒူးအရွတ်နာတာ သက်သာသွားတယ်

ဒေါက်ဖိနပ်ချွတ်လိုက်ရင် ဖနောင့်ကြောနဲ့ဒူးအရွတ်တွေမှာ အားစိုက်ထားရမှုကနေ လွတ်ကင်းသွားပြီး ဒူးခုံညင်းလည်တာ ချောင်တာမဖြစ်စေတော့ဘူးလို့ဆိုပါတယ်။

၅။ ခန္ဓာကိုယ်မျှခြေပိုကောင်းလာတယ်

ဒေါက်မြင့်ဖိနပ်စီးသူတွေဟာ ခြေကျင်းဝတ်ဘေးက ကြွက်သားတင်းရင်းမှု မညီမျှဖြစ်စေပြီး ခြေပွတ်တိုင် တည်ငြိမ်မှု မရှိဖြစ်စေနိုင်ပါတယ်။ ခြေဖဝါးအပြည့် ဖိနပ်စီးတာက ခြေကျင်းဝတ် တစ်ဝိုက်က ကြွက်သား တွေကို ပုံမှန်အတိုင်း အလုပ်လုပ်စေပြီး ခြေကျင်းဝတ် တည်ငြိမ်ခိုင်မြဲမှုရှိကာ ခန္ဓာကိုယ်မျှခြေလည်း ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar nwes
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top