Property Expo
×

မီးေလာင္ႏုိင္ေသာ ဆမ္ေဆာင္း Galaxy Note 7 စမတ္ဖုန္းမ်ား အသံုးျပဳမႈရပ္တန္႔ ရန္ သံုးစဲြသူအားလံုးကို အေမရိ ကန္အစိုးရ ေဘးကင္းလံုၿခံဳေရး ေအဂ်င္စီက တိုက္တြန္းထားၿပီး ထိပ္တန္း ေလေၾကာင္းလိုင္းမ်ား ကလည္း ၎တို႔၏ ခရီးစဥ္မ်ားအ တြင္း ယင္းဖုန္းမ်ား အသံုးျပဳျခင္း ကို တစ္ကမၻာလံုးအတုိင္းအတာ ျဖင့္ တားျမစ္ထားသည္။

Note7 ဖုန္းမ်ား၏ ဘက္ထ ရီမ်ားသည္ သာမန္အသံုးျပဳခ်ိန္ ႏွင့္ အားသြင္းခ်ိန္တို႔တြင္ မီး ေလာင္ကြၽမ္းမႈ ျဖစ္ပြားသည္ဆို ေသာ သတင္းမ်ား ထြက္ေပၚလာ ၿပီးေနာက္ အေမရိကန္စားသံုးသူ ထုတ္ကုန္ေဘးကင္းေရး ေကာ္မ ရွင္က ယင္းဖုန္းမ်ားကို တရား ၀င္ ျပန္လည္သိမ္းဆည္းေရး လုပ္ ေဆာင္ေနၿပီး ထိုအေတာအတြင္း ဖုန္းမ်ားကို ပိတ္ထားသင့္သည္ဟု ေျပာၾကားသည္။

 ယင္းေကာ္မရွင္ႏွင့္ ပူး ေပါင္း ေဆာင္ရြက္ေနသည္ဟု ဆမ္ေဆာင္းကုမၸဏီကေျပာၾကား သည္။

ဆမ္ေဆာင္းကုမၸဏီက အ ေမရိကန္ႏုိင္ငံ အပါအ၀င္ ေစ်း ကြက္ ၁၀ ခုအတြက္ ဖုန္းမ်ား သိမ္းယူမည့္ ေၾကညာခ်က္ကို ၿပီးခဲ့သည့္ သီတင္းပတ္က ထုတ္ျပန္ ခဲ့ၿပီး ေဖာက္သည္မ်ားထံသို႔ ဖုန္း မ်ား အစားထိုးတင္ပို႔ႏိုင္ေရး အ လ်င္အျမန္ ေဆာင္ရြက္ရန္ ႀကိဳး စားေနသည္။

ကမၻာတစ္၀န္း ဆမ္ေဆာင္း က Note7 ဖုန္းအလံုးေရ ၂ ဒသမ ၅ သန္း ေရာင္းခ်ထားေၾကာင္း ဆမ္ေဆာင္းကုမၸဏီက ေျပာ သည္။

 ေသာၾကာေန႔က ဆမ္ ေဆာင္းကုမၸဏီ၏ ရွယ္ယာေစ်း ၃ ဒသမ ၉ ရာခိုင္ႏႈန္း က်ဆင္း သြားသည္။

အေမရိကန္ႏုိင္ငံရွိ မိမိတို႔ ေဖာက္သည္မ်ားအေနျဖင့္ ဖုန္းအမ်ိဳးအစားမ်ားစြာအနက္ တစ္မ်ိဳး ႏွင့္ လဲလွယ္ႏိုင္ၿပီး ၂၅ ေဒၚလာ တန္ လက္ေဆာင္ကတ္ ရယူႏိုင္ ေၾကာင္း ဆမ္ေဆာင္းကုမၸဏီက ေျပာသည္။

‘‘လူေတြကို နစ္နာေၾကးေပး ရမယ္။ အဲဒီျပႆနာကို ျပန္ျပင္ ၿပီး ထုတ္လုပ္မႈ၊ ဒါမွမဟုတ္ ဒီဇိုင္း ခ်ိဳ႕ယြင္းမႈမရွိတဲ့ အဲဒီထုတ္ကုန္ ရဲ႕ ေျပာင္းလဲထားတဲ့ ပံုစံမ်ိဳးကို ေဖာက္သည္ေတြဆီ ေပးရမယ္’’ ဟု Real-World Forensic En-gineering ကုမၸဏီမွ အမႈေဆာင္ အရာရွိခ်ဳပ္ႏွင့္ ထုတ္ကုန္ပစၥည္း ယံုၾကည္စိတ္ခ်ရမႈဆုိင္ရာ ကြၽမ္း က်င္သူ ဂ်ာဟန္ရာစကီက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မီးလောင်နိုင်သော ဆမ်ဆောင်း Galaxy Note 7 စမတ်ဖုန်းများ အသုံးပြုမှုရပ်တန့် ရန် သုံးစွဲသူအားလုံးကို အမေရိ ကန်အစိုးရ ဘေးကင်းလုံခြုံရေး အေဂျင်စီက တိုက်တွန်းထားပြီး ထိပ်တန်း လေကြောင်းလိုင်းများ ကလည်း ၎င်းတို့၏ ခရီးစဉ်များအ တွင်း ယင်းဖုန်းများ အသုံးပြုခြင်း ကို တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် တားမြစ်ထားသည်။

Note7 ဖုန်းများ၏ ဘက်ထ ရီများသည် သာမန်အသုံးပြုချိန် နှင့် အားသွင်းချိန်တို့တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားသည်ဆို သော သတင်းများ ထွက်ပေါ်လာ ပြီးနောက် အမေရိကန်စားသုံးသူ ထုတ်ကုန်ဘေးကင်းရေး ကော်မ ရှင်က ယင်းဖုန်းများကို တရား ဝင် ပြန်လည်သိမ်းဆည်းရေး လုပ် ဆောင်နေပြီး ထိုအတောအတွင်း ဖုန်းများကို ပိတ်ထားသင့်သည်ဟု ပြောကြားသည်။

 ယင်းကော်မရှင်နှင့် ပူး ပေါင်း ဆောင်ရွက်နေသည်ဟု ဆမ်ဆောင်းကုမ္ပဏီကပြောကြား သည်။

ဆမ်ဆောင်းကုမ္ပဏီက အ မေရိကန်နိုင်ငံ အပါအဝင် ဈေး ကွက် ၁၀ ခုအတွက် ဖုန်းများ သိမ်းယူမည့် ကြေညာချက်ကို ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန် ခဲ့ပြီး ဖောက်သည်များထံသို့ ဖုန်း များ အစားထိုးတင်ပို့နိုင်ရေး အ လျင်အမြန် ဆောင်ရွက်ရန် ကြိုး စားနေသည်။

ကမ္ဘာတစ်ဝန်း ဆမ်ဆောင်း က Note7 ဖုန်းအလုံးရေ ၂ ဒသမ ၅ သန်း ရောင်းချထားကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြော သည်။

 သောကြာနေ့က ဆမ် ဆောင်းကုမ္ပဏီ၏ ရှယ်ယာဈေး ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း သွားသည်။

အမေရိကန်နိုင်ငံရှိ မိမိတို့ ဖောက်သည်များအနေဖြင့် ဖုန်းအမျိုးအစားများစွာအနက် တစ်မျိုး နှင့် လဲလှယ်နိုင်ပြီး ၂၅ ဒေါ်လာ တန် လက်ဆောင်ကတ် ရယူနိုင် ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ပြောသည်။

‘‘လူတွေကို နစ်နာကြေးပေး ရမယ်။ အဲဒီပြဿနာကို ပြန်ပြင် ပြီး ထုတ်လုပ်မှု၊ ဒါမှမဟုတ် ဒီဇိုင်း ချို့ယွင်းမှုမရှိတဲ့ အဲဒီထုတ်ကုန် ရဲ့ ပြောင်းလဲထားတဲ့ ပုံစံမျိုးကို ဖောက်သည်တွေဆီ ပေးရမယ်’’ ဟု Real-World Forensic En-gineering ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ်နှင့် ထုတ်ကုန်ပစ္စည်း ယုံကြည်စိတ်ချရမှုဆိုင်ရာ ကျွမ်း ကျင်သူ ဂျာဟန်ရာစကီက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top