Kantharyar Centre
×


ဖြစ်စဉ်မှာ ဦးသိန်းနိုင် ကျန်စစ်သား ရပ်ကွက် ဒလမြို့နယ်နေသူမှာ တွံတေး မြို့နယ် ပျော်ဘွယ်လေးကျေးရွာသို့ ဆိုင်ကယ်ကယ်ရီပို့ပြီးအပြန် အုန်းပင် ချောင်းတံတားပေါ်တွင် လူငယ်သုံးဦး က ဆိုင်ကယ်ချိန်းပျက်သဖြင့် ခဏ ရပ်ပေးရန်တားရာ ဆိုင်ကယ်ရပ်လျှင် ရပ်ချင်း ၄င်းတို့သုံးဦးက တွန်းလှဲပြီး Suzuki smart အမျိုးအစား ယာဉ်အမှတ် ၂ဝယ/----- အား လုယူ၍ တွံတေးဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သတင်းရရှိ သဖြင့် ဘုရားငုတ္တို လမ်းဆုံရဲကင်းတွင် ကင်းစစ်ဆေးရန်ရောက်ရှိနေသည့် တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင် ရွှေ၊ စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးတို့ ဦးဆောင်သောအဖွဲ့သည် သတင်းရ လျှင်ရချင်း ကော့မှူးရဲတပ်ဖွဲ့မှူး အဖွဲ့ ဖြင့် တရားခံပုံသဏ္ဌာန်၊ ဆိုင်ကယ် အမျိုးအစား ပေးပို့ချိတ်ဆက်၍ လိုက်လံဖမ်းဆီးရာ ကော့မှူး-ကွမ်းခြံ ကုန်းလမ်းပေါ်တွင် ကော့မှူး ပိတ်ဆို့ ရှာဖွေရေးရဲတပ်ဖွဲ့၏ အကူအညီဖြင့် ၄င်းတို့သုံးဦးကို သက်သေဆိုင်ကယ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




#Unicode Version
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်နှင့် ဒလမြို့နယ်အစပ်ရှိ အုန်းပင် ချောင်းတံတားပေါ်တွင် စက်တင်ဘာ ၁၂ ရက် နံနက် ဝဝးဝ၅ နာရီတွင် ဆိုင်ကယ်ပျက်ချင်ယောင်ဆောင်၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးသိန်းနိုင် ကျန်စစ်သား ရပ်ကွက် ဒလမြို့နယ်နေသူမှာ တွံတေး မြို့နယ် ပျော်ဘွယ်လေးကျေးရွာသို့ ဆိုင်ကယ်ကယ်ရီပို့ပြီးအပြန် အုန်းပင် ချောင်းတံတားပေါ်တွင် လူငယ်သုံးဦး က ဆိုင်ကယ်ချိန်းပျက်သဖြင့် ခဏ ရပ်ပေးရန်တားရာ ဆိုင်ကယ်ရပ်လျှင် ရပ်ချင်း ၎င်းတို့သုံးဦးက တွန်းလှဲပြီး Suzuki smart အမျိုးအစား ယာဉ်အမှတ် ၂ဝယ/----- အား လုယူ၍ တွံတေးဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သတင်းရရှိ သဖြင့် ဘုရားငုတ္တို လမ်းဆုံရဲကင်းတွင် ကင်းစစ်ဆေးရန်ရောက်ရှိနေသည့် တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင် ရွှေ၊ စခန်းမှူး ဒုရဲမှူး ကျော်နိုင်စိုးတို့ ဦးဆောင်သောအဖွဲ့သည် သတင်းရ လျှင်ရချင်း ကော့မှူးရဲတပ်ဖွဲ့မှူး အဖွဲ့ ဖြင့် တရားခံပုံသဏ္ဌာန်၊ ဆိုင်ကယ် အမျိုးအစား ပေးပို့ချိတ်ဆက်၍ လိုက်လံဖမ်းဆီးရာ ကော့မှူး-ကွမ်းခြံ ကုန်းလမ်းပေါ်တွင် ကော့မှူး ပိတ်ဆို့ ရှာဖွေရေးရဲတပ်ဖွဲ့၏ အကူအညီဖြင့် ၎င်းတို့သုံးဦးကို သက်သေဆိုင်ကယ် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်လုယက်မှု ကျူးလွန်သူ စိုးမိုးအောင်(၁၉)နှစ် ကျန်စစ်သား ရပ်ကွက် ဒလမြို့၊ နေလင်းအောင်(၁၉) နှစ် မြို့မ(၄)ရပ်ကွက် ဒလမြို့၊ ကျော်ဆန်းဝင်း(၁၉)နှစ် မြို့မ(၄) ရပ်ကွက် ဒလမြို့နေသူတို့အား တွံတေးမြို့မရဲစခန်းက (ပ)၅၃၃/ ၂ဝ၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အရေးယူထားကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top