Kantharyar Centre
×

လူတစ္ေယာက္ကို မုန္းလုိက္ျပီဆုိတာနဲ႔ အရင္ဆံုး ကုိယ့္စိတ္ေတြ ပင္ပန္းလာတယ္။ ကုိယ့္စိတ္ေတြ မေပါ့ပါးနုိင္ေတာ့ဘူး။
သူဟာ ကုိယ့္အေပၚမွာ ထိခုိက္နာက်င္ေအာင္ လုပ္လုိက္တယ္။ အဲဒီ့ နာက်င္မႈေတြဟာ သူ႔ကိုမုန္းတဲ့စိတ္ေတြနဲ႔အတူ အျမဲတမ္းနာက်င္ေနေတာ့တယ္။
ေျပာရရင္ ဒီနာက်င္မႈေတြကေန မလြတ္ေျမာက္နုိင္ေတာ့ဘူးေပါ့။
.
သူ႔ကုိမုန္းတဲ့စိတ္ေၾကာင့္ သူဟာ ကုိယ့္ရဲ႕စိတ္တစ္ေနရာမွာ ၾကီးစုိးေနပါတယ္။ ဒါဟာ ဒုတိယေျမာက္အရံႈးပါ။ ပထမတစ္ခါ သူ႔ေၾကာင့္နာက်င္ျပီးျပီ။
သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ ခံျပင္းျပီးျပီ။ ဒုတိယတစ္ခါေတာ့ ထပ္မရံႈးသင့္ေတာ့ပါဘူး။ သူ႔ကို သင့္ရဲ႕စိတ္မွာ ေနရာထပ္မေပးသင့္ေတာ့ပါဘူး။
.
သူ႔ကုိမုန္းတယ္ဆုိတဲ့အေတြးဟာ သင့္ကိုယ္သင္ သူျပဳခဲ့တဲ့ နာက်င္မႈေတြနဲ႔ ခ်ည္ေႏွာင္လုိက္တာပါပဲ။ သင္မုန္းေလေလ မလြတ္ေျမာက္နုိင္ေလေလ။
ခါးခါးသီးသီးမုန္းေလေလ ခုိင္ခုိင္ျမဲျမဲခ်ည္ေႏွာင္မိေလပါပဲ။ ဒီနာက်င္ျခင္းေတြဟာ တစ္ခါခံစားရံုနဲ႔ လံုေလာက္ပါတယ္။ သင့္ကုိယ္သင္ လြတ္ေျမာက္ခြင့္ေပးလုိက္ပါေတာ့။
.
မုန္းတဲ့စိတ္ေတြကုိ ေျဖေလ်ာ့ျပီး ခြင့္လႊတ္လုိက္ပါ။ သူဟာ ခြင့္လႊတ္ျခင္းနဲ႔ မထုိက္တန္ဘူးဆုိရင္ေတာင္ သင္ဟာေတာ့ လြတ္ေျမာက္ျခင္းနဲ႔ ထုိက္တန္ပါတယ္။
အတိတ္က နာက်င္ျခင္းေတြနဲ႔ ပူေလာင္တဲ့ အမုန္းဒဏ္ေတြကို ထားရစ္ခဲ့ပါေတာ့။ သင့္ရဲ႕ ေအးခ်မ္းတဲ့ အနာဂတ္သစ္မနက္ျဖန္ေတြမွာ သူနဲ႔တကြ သူ႔အေပၚထားတဲ့အမုန္းေတြ
ပါမလာသင့္ေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(Focus Youth)

Unicode Version

လူတစ်ယောက်ကို မုန်းလိုက်ပြီဆိုတာနဲ့ အရင်ဆုံး ကိုယ့်စိတ်တွေ ပင်ပန်းလာတယ်။ ကိုယ့်စိတ်တွေ မပေါ့ပါးနိုင်တော့ဘူး။
သူဟာ ကိုယ့်အပေါ်မှာ ထိခိုက်နာကျင်အောင် လုပ်လိုက်တယ်။ အဲဒီ့ နာကျင်မှုတွေဟာ သူ့ကိုမုန်းတဲ့စိတ်တွေနဲ့အတူ အမြဲတမ်းနာကျင်နေတော့တယ်။
ပြောရရင် ဒီနာကျင်မှုတွေကနေ မလွတ်မြောက်နိုင်တော့ဘူးပေါ့။
.
သူ့ကိုမုန်းတဲ့စိတ်ကြောင့် သူဟာ ကိုယ့်ရဲ့စိတ်တစ်နေရာမှာ ကြီးစိုးနေပါတယ်။ ဒါဟာ ဒုတိယမြောက်အရှုံးပါ။ ပထမတစ်ခါ သူ့ကြောင့်နာကျင်ပြီးပြီ။
သူ့ရဲ့လုပ်ရပ်တွေကြောင့် ခံပြင်းပြီးပြီ။ ဒုတိယတစ်ခါတော့ ထပ်မရှုံးသင့်တော့ပါဘူး။ သူ့ကို သင့်ရဲ့စိတ်မှာ နေရာထပ်မပေးသင့်တော့ပါဘူး။
.
သူ့ကိုမုန်းတယ်ဆိုတဲ့အတွေးဟာ သင့်ကိုယ်သင် သူပြုခဲ့တဲ့ နာကျင်မှုတွေနဲ့ ချည်နှောင်လိုက်တာပါပဲ။ သင်မုန်းလေလေ မလွတ်မြောက်နိုင်လေလေ။
ခါးခါးသီးသီးမုန်းလေလေ ခိုင်ခိုင်မြဲမြဲချည်နှောင်မိလေပါပဲ။ ဒီနာကျင်ခြင်းတွေဟာ တစ်ခါခံစားရုံနဲ့ လုံလောက်ပါတယ်။ သင့်ကိုယ်သင် လွတ်မြောက်ခွင့်ပေးလိုက်ပါတော့။
.
မုန်းတဲ့စိတ်တွေကို ဖြေလျော့ပြီး ခွင့်လွှတ်လိုက်ပါ။ သူဟာ ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်ဘူးဆိုရင်တောင် သင်ဟာတော့ လွတ်မြောက်ခြင်းနဲ့ ထိုက်တန်ပါတယ်။
အတိတ်က နာကျင်ခြင်းတွေနဲ့ ပူလောင်တဲ့ အမုန်းဒဏ်တွေကို ထားရစ်ခဲ့ပါတော့။ သင့်ရဲ့ အေးချမ်းတဲ့ အနာဂတ်သစ်မနက်ဖြန်တွေမှာ သူနဲ့တကွ သူ့အပေါ်ထားတဲ့အမုန်းတွေ
ပါမလာသင့်တော့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:(Focus Youth)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top