Kantharyar Centre
×

မိုးႀကိဳးပစ္ခံၿပီးေသဆံုးသြားသည့္ တိရစၧာန္မ်ားကို စစ္ေဆးၾကည့္႐ႈေနစဥ္(ဓာတ္ပံု−MOI)

မေကြးတိုင္းေဒသႀကီး ဆိပ္ျဖဴၿမိဳ႕နယ္တြင္ မိုးႀကိဳးပစ္ခံရ ၍ ဆိတ္ႏွင့္သိုးေကာင္ေရ ၆၀ ေက်ာ္ ေသဆံုးေၾကာင္းကယ္ဆယ္ ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနမွ သတင္းရရွိသည္။

ဆိပ္ျဖဴၿမိဳ႕နယ္ ေဒါသာ ေက်းရြာတြင္ စက္တင္ဘာ ၁၅  ရက္ နံနက္ ၈ နာရီခန္႔ကမုိးႀကိဳး ပစ္ျခင္းျဖစ္ၿပီး စားက်က္အတြင္းလႊတ္ေက်ာင္းထားေသာ ဆိတ္ ၅၁ ေကာင္၊ သုိး ၁၂ ေကာင္ မုိးႀကိဳးထိမွန္၍ ေသဆံုးခဲ့ျခင္းျဖစ္ ေၾကာင္း မေကြးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မွ ရဲအရာရွိတစ္ဦးကေျပာသည္။

‘‘နံနက္ ၈ နာရီေလာက္က ျဖစ္တာ။ ဆိတ္ေတြ၊ သိုးေတြက  ေတာင္သူႏွစ္ေယာက္ပိုင္တာ ေပါ့။ မိုးႀကိဳးထိတာေတြေရာ၊စက္ ကြင္းမိတာေတြေရာ အားလံုး ၆၃ ေကာင္ေသဆံုးသြားတယ္’’ဟု အ ထက္ပါရဲအရာရွိက  ေျပာၾကား သည္။


ေသဆံုးသြားေသာ ဆိတ္ႏွင့္ သိုးမ်ားကို ေျမျမႇဳပ္ရန္ စီစဥ္ၿပီး ပိုင္ရွင္ေတာင္သူႏွစ္ဦးအတြက္ ေထာက္ပံ့မႈမ်ား ေပးမည္ျဖစ္ ေၾကာင္း ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရးဦးစီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာၾကား သည္။ မုိးႀကိဳးထိမွန္၍ အိမ္ေမြး တိရစၧာန္ အမ်ားအျပားေသဆံုးမႈ အနက္ ယခုျဖစ္စဥ္သည္ ၂၀၁၆ အတြင္း အေရအတြက္အမ်ားဆံုး ျဖစ္ေၾကာင္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီး ဌာန မွတ္တမ္းမ်ားအရ သိရ သည္။ ၾသဂုတ္အတြင္းကလည္း ပဲခူးတုိင္းေဒသႀကီး ေရႊက်င္ၿမိဳ႕ နယ္ရွိ ေက်းရြာတစ္ရြာတြင္ မုိး  ႀကိဳးပစ္ၿပီး ေဒသခံ ၃၀ ေက်ာ္မုိး ႀကိဳးစက္ကြင္းမိခဲ့သျဖင့္ ေဆး႐ံု၌ ကုသခဲ့ရသည္။

လက္ရွိအခ်ိန္သည္ အ ေနာက္ေတာင္မုတ္သံုေလသည္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမွ ဆုတ္ခြာေနၿပီး မိုးႀကိဳးပစ္ျခင္းႏွင့္ ေလျပင္းက်ျခင္းမ်ား ျဖစ္ေစႏိုင္ ေသာ မိုးတိမ္ေတာင္အႏၲရာယ္ သတိျပဳရန္ မုိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပး ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မိုးကြိုးပစ်ခံပြီးသေဆုံးသွားသည့် တိရစ္ဆာန်များကို စစ်ဆေးကြည့်ရှုနေစဉ်(ဓာတ်ပုံ−MOI)

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုးပစ်ခံရ ၍ ဆိတ်နှင့်သိုးကောင်ရေ ၆၀ ကျော် သေဆုံးကြောင်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ဆိပ်ဖြူမြို့နယ် ဒေါသာ ကျေးရွာတွင် စက်တင်ဘာ ၁၅  ရက် နံနက် ၈ နာရီခန့်ကမိုးကြိုး ပစ်ခြင်းဖြစ်ပြီး စားကျက်အတွင်းလွှတ်ကျောင်းထားသော ဆိတ် ၅၁ ကောင်၊ သိုး ၁၂ ကောင် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘နံနက် ၈ နာရီလောက်က ဖြစ်တာ။ ဆိတ်တွေ၊ သိုးတွေက  တောင်သူနှစ်ယောက်ပိုင်တာ ပေါ့။ မိုးကြိုးထိတာတွေရော၊စက် ကွင်းမိတာတွေရော အားလုံး ၆၃ ကောင်သေဆုံးသွားတယ်’’ဟု အ ထက်ပါရဲအရာရှိက  ပြောကြား သည်။


သေဆုံးသွားသော ဆိတ်နှင့် သိုးများကို မြေမြှုပ်ရန် စီစဉ်ပြီး ပိုင်ရှင်တောင်သူနှစ်ဦးအတွက် ထောက်ပံ့မှုများ ပေးမည်ဖြစ် ကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ မိုးကြိုးထိမှန်၍ အိမ်မွေး တိရစ္ဆာန် အများအပြားသေဆုံးမှု အနက် ယခုဖြစ်စဉ်သည် ၂၀၁၆ အတွင်း အရေအတွက်အများဆုံး ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန မှတ်တမ်းများအရ သိရ သည်။ သြဂုတ်အတွင်းကလည်း ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ နယ်ရှိ ကျေးရွာတစ်ရွာတွင် မိုး  ကြိုးပစ်ပြီး ဒေသခံ ၃၀ ကျော်မိုး ကြိုးစက်ကွင်းမိခဲ့သဖြင့် ဆေးရုံ၌ ကုသခဲ့ရသည်။

လက်ရှိအချိန်သည် အ နောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဆုတ်ခွာနေပြီး မိုးကြိုးပစ်ခြင်းနှင့် လေပြင်းကျခြင်းများ ဖြစ်စေနိုင် သော မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top