Property Expo
×

ေအး၀တ္ရည္ေသာင္းလို႕ ဆုိလိုက္ရင္ အသက္ ၁၃ အရြယ္ထဲက အႏုပညာေလာကဲကို စတင္၀င္ေရာက္လာခဲ့ကာ ဗီစီဒီ သီခ်င္းေတြမွာ ပါ၀င္သရုပ္ေဆာင္ေနက် ဆံပင္ရွည္ရွည္ေလးနဲ႕ ေကာင္မေလးတစ္ေယာက္ကုိ မ်က္လံုးထဲ ျမင္မိမွာပါ။ သူမရဲ႕ခ်စ္စႏိုးနာမည္ေလးကလည္း ေပါက္စီဆုိေတာ့ အားလံုးက ထူးထူးျခားျခား မွတ္မိေနၾကပါတယ္။ သူမဟာ ခုဆုိရင္ အႏုပညာသက္တမ္း အႏွစ္ ၂၀ နီးပါး ရွိေနျပီျဖစ္ျဖစ္ေပမယ့္ အႏုပညာအလုပ္ေတြနဲ႕ အဆက္အသြယ္ျပတ္သလို ပရိသတ္ေတြ ခံစားေနရပါတယ္။ ဒီအေၾကာင္းကို ေမးျမန္းရင္း သူမရဲ႕ စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္တဲ့ ေရႊလြန္းသံပိုးထည္ဆိုင္နဲ႕ေရႊ၀တ္လႊာေကာ္တြန္ဆိုင္ေလးကို အေၾကာင္းကိုပါ ေမးျမန္းၾကည့္လိုက္ေတာ့

-ေရႊ၀တ္လႊာဆိုတဲ့ ခ်ည္ထည္ ေကာ္တြန္ ဆုိင္ေလး စဖြင့္ျဖစ္ပံုအေၾကာင္းကို အရင္ဆံုးေျပာျပေပးပါဦး။

စၿပီးဖြင့္ျဖစ္တာကေတာ့ အစ္မနဲ႕အစ္မသူငယ္ခ်င္းႏွစ္ေယာက္ေပါ့။ အစ္မတို႕က ေကာ္တြန္ေတြ ၀တ္ေနရင္းကေန ဒီလိုမ်ိဳးၾကီးပဲ ေကာ္တြန္ေတြၾကီးေရာင္းတဲ့ ဆိုင္ေလးရွိရင္ သိပ္ေကာင္းမွာပဲေပါ့။ တခ်ိဳ႕ဆိုင္ေတြက်ေတာ့ အေရာေလးေတြေရာင္းတယ္ေလ။ တစ္မ်ိဳးတည္းမဟုတ္ပဲ အစံုေပါ့။ အဲ့ဒါနဲ႕တစ္ဆုိင္လံုးကို ေကာ္တြန္ေလးေတြၾကီးပဲဖြင့္ရေအာင္ဆိုၿပီး သူငယ္ခ်င္းႏွစ္ေယာက္တိုင္ပင္ၿပီး ဖြင့္ျဖစ္ခဲ့တာေပါ့။

-ဒီဆိုင္ေလးကုိ ျပင္ဆင္တာကေရာ အခ်ိန္ဘယ္ေလာက္ေလာက္ၾကာလဲ။

တစ္လေလာက္ပါပဲ။

-ဒီဆုိင္မွာရႏုိင္တဲ့ ပစၥည္းေလးေတြကုိလဲ ေျပာျပေပးပါဦး။

တစ္ဆိုင္လံုးက ခ်ည္နဲ႕ပတ္သက္တဲ့ဟာေတြၾကီးပဲေပါ့။ ေစ်းႏႈန္းေလးေတြဆိုလဲသင့္တင့္တယ္။ ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ အမ်ားဆံုးပါပဲ။ အဆင္ေတြကေတာ့ အစံုေပါ့ေနာ္။

-ဆုိင္ဖြင့္စကေန အခုခ်ိန္ထိလာေရာက္အားေပးၾကတဲ့ ကာစတမ္မာအေျခအေနကေရာ ဘယ္လိုရွိလဲ။

၁၆ရက္ေန႕ကမွစဖြင့္တာေပါ့။ ဒါေပမဲ့ေတာ္ေတာ္မ်ားမ်ား လာၾကတယ္။ ဆုိင္ဖြင့္ပြဲေန႕ကလဲ လာၾကတယ္။ ဆိုင္ဖြင့္ပြဲၿပီးေတာ့ ေနာက္ပုိင္းလဲ အြန္လိုင္းကေတြ႕လို႕ေရာ ဒီနားကလူေတြေရာ လာ၀ယ္ၾကတယ္။ အမ်ားၾကီးလာၾကလုိ႕မေန႕က တစ္ရက္က ဆုိင္ပိတ္လိုက္ရတယ္။ ပစၥည္းေတြျပတ္သြားလို႕ဒီေန႕မွျပန္ျဖည့္ထားတာပါ။

-ဒီေကာ္တြန္ေတြကိုေရာ ဘယ္ကယူတာမ်ားလဲ။

ဂ်ပန္ေကာ္တြန္လို႕လဲေခၚတယ္။ တခ်ိဳ႕ကက်ေတာ့ ထိုင္းေကာ္တြန္လို႕လဲေခၚတယ္။ ထိုင္းကသြင္းတာလဲရွိတယ္။ အိႏၵိယကသြင္းတာရွိမယ္။ တရုတ္ကသြင္းတာရွိမယ္။ ဒါက်ေတာ့ Input ေပါ့ေနာ္။

-ဆိုင္ဖြင့္ပြဲအေနနဲ႕ ပရိုမိုးရွင္းေတြေရာရွိလား။

ရွိတယ္။ အစ္မတို႕ဆီမွာ ပရိုမိုးရွင္းကဒ္ေလးရွိတယ္။ တစ္ကဒ္ကို ၂ကုိက္၊ အဲ့ဒါေလး ဆယ္ကြက္ျပည့္ရင္ ႏွစ္ကုိက္လက္ေဆာင္ေပးပါတယ္။

-အစ္မပိုးထည္ဆုိင္ေလးလဲဖြင့္ထားတယ္လို႕သိရတယ္။

ဟုတ္တယ္။ အစ္မေရႊလြန္းသံဆုိတဲ့ ပုိးထည္ခ်ည္ထည္ဆုိင္ေလးဖြင့္ထားတယ္။ အဲ့ဒါက ျပည္တြင္းကထြက္တဲ့ ခ်ည္ထည္၊ ရိုးရာထည္၊ ယကၠန္းထည္ေတြရွိမယ္။ ေနာက္ပိုးရံု၊ ဇာေတြရွိမယ္။ အဲ့ဒီဆုိင္ကေတာ့ ဖြင့္ထားတာ ႏွစ္ႏွစ္ျပည့္ေတာ့မယ္။

-ေရႊလြန္းသံမွာေရာ ေစ်းွႏႈန္းေတြကဘယ္ေလာက္ေလာက္ရွိလဲ။

အဲ့ဒီမွာက်ေတာ့ ခ်ိတ္ေတြလဲရွိတယ္။ ေစ်းႏႈန္းကအမ်ိဳးမ်ိဳးေပါ့။ အနည္းဆံုး ၃၀၀၀၀ တန္ကေန အမ်ားဆံုး ရွစ္သိန္း၊ ဆယ္သိန္းေလာက္ထိရွိပါတယ္။

-အထည္အလိပ္နဲ႕ပတ္သက္တာေတြပဲဖြင့္ျဖစ္ေနတာကေရာ ဘာေၾကာင့္မ်ားလဲ။

အစ္မက အ၀တ္အစားကို ၀ါသနာပါတယ္။ ေနာက္ဖက္ရွင္ကိုလဲ ၀ါသနာပါတယ္။ ဒီဇုိင္းေတြဘာေတြ ၀ါသနာပါတဲ့အတြက္ လုပ္ျဖစ္တာေပါ့။ ေနာက္အားလံုးကို လွေနတာေလးလဲျမင္ခ်င္တယ္ေလ။ ဆိုင္ထဲမွာလွတဲ့ဟာေလးေတြအမ်ားၾကီးစုေနတာကို သေဘာက်တယ္။ လွတဲ့ဟာေလးေတြကုိပဲေရြးၿပီး တင္ထားရတာကို ကုိယ္ကုိတုိင္လဲၾကိဳက္တယ္။ အဲ့ဒီလိုဆိုင္ေလးေတြကုိလဲ သေဘာက်တဲ့အတြက္ အဲ့ဒါနဲ႕ပတ္သက္တဲ့ စီးပြားေရးကိုပဲလုပ္ျဖစ္ခဲ့တာပါ။ အစ္မကုိယ္တုိင္ဗမာ၀တ္စံုေတြကို ၀တ္ရတာအရမ္းသေဘာက်တဲ့အတြက္ေၾကာင့္လဲပါပါတယ္။

-ေရႊလြန္းသံနဲ႕ေရႊပြင့္လႊာဆိုရင္ ဘယ္ဆိုင္ေလးကိုပိုသေဘာက်လဲ။

ႏွစ္ဆုိင္လံုးကိုၾကိဳက္တယ္။ သေဘာက်တယ္။ ေရႊလြန္းသံဖြင့္တုန္းကလဲ အဲ့ဒီအခ်ိန္မွာ အစ္မအၾကိဳက္ဆံုး Decoration ကအစလုပ္ခဲ့တာေပါ့။ ဘယ္ဟာပိုၾကိဳက္လဲေတာ့မရွိပါဘူး။ ႏွစ္ဆိုင္လံုးကေတာ့ ကိုယ္ေမြးထုတ္လုိက္တဲ့ကေလးေတြလိုပါပဲ။ ပ်ိဳးလုိက္တဲ့ပန္းေလးေတြလိုပဲ။ ႏွစ္ခုလံုးပြင့္ေနေတာ့အစ္မပိုၾကိဳက္တာေပါ့။ ေရြးဆိုရင္ေတာ့မေရြးတတ္ပါဘူး။

-အႏုပညာအသိုင္းအ၀ိုင္းနဲ႕လဲမေ၀းဘူးဆုိေတာ့ သူတို႕ေတြကေရာ အားေပးၾကလား။

ရွိတယ္။ မင္းသမီးေတြဆိုရင္လဲ ကားရိုက္အတြက္ တစ္ကားစာ လာ၀ယ္ၾကတယ္။ ေနာက္ပြဲတက္ေတြအတြက္ ဖုန္းဆက္မွာတာတို႕ကိုယ့္အခ်င္းခ်င္းဆိုေတာ့အားေပးၾကတာေပါ့။

-အႏုပညာနဲ႕ပတ္သက္ၿပီးေတာ့ေရာလုပ္ျဖစ္ေနေသးလား။

အင္းလုပ္ျဖစ္တယ္။ အရမ္းၾကီးေတာ့မဟုတ္ဘူး။ ၾကိဳၾကားၾကိဳၾကားေပါ့ေလ။ အခု Charm Season 2 မွာ အစ္မပါတယ္ရွင့္။ ျဖိဳးေငြစိုးရဲ႕မိန္းမေနရာကပါ။

-ၾကားထဲမွာ အႏုပညာအလုပ္မလုပ္ျဖစ္တဲ့အခ်ိန္တုန္းကေရာ ဘာေတြလုပ္ျဖစ္ေနလဲ။

အဲ့ဒီအခ်ိန္တုန္းက အစ္မေက်ာင္းတက္တယ္။ MHR မွာ Basic Management ကို Advance ၿပီးသြားၿပီ။ ႏွစ္ႏွစ္ခြဲေလာက္တက္တယ္။ အဲ့ဒါမတုိင္ခင္က British Counter မွာ General English ကို Level 6 ထိတက္ခဲ့တယ္။ ေက်ာင္းေတြပဲတက္ျဖစ္ေနတာေပါ့။ ဒါေပမဲ့ လူေတြအကုန္လံုးက အစ္မကိုထင္တာၾကေတာ့ ႏုိင္ငံျခားမွာေက်ာင္းသြားတက္ေနတယ္လို႕ထင္ၾကတာေပါ့။ အမွန္ကႏုိင္ငံျခားက ဒစ္ပလိုမာေပမဲ့ ဒီျမန္မာႏုိင္ငံကလွမ္းေျဖတဲ့ဟာပါပဲ။

-စီးပြားေရးမလုပ္ခင္ ေလ့လာမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ခဲ့ေသးလဲ။

အဓိကကေတာ့ အစ္မေက်ာင္းပဲတက္တယ္။ စာနဲ႕ပဲေပါ့။ အဲ့ဒီစာေတြေၾကာင့္ပဲ အစ္မ Marketing အေၾကာင္းေတြသိတယ္။ HR အေၾကာင္းေတြသိတယ္။ product တစ္ခုကို ဘယ္လို Builting လုပ္တဲ့အေၾကာင္းေတြ အမ်ားၾကီးပါပဲ။ အဲ့ဒီေက်ာင္းေတြက ကိုယ့္အတြက္ မ်က္လံုးဖြင့္ေပးလိုက္သလိုပဲ။ အမ်ားၾကီးလဲသိခဲ့ရတယ္။ ဆရာေတြရဲ႕သင္ျပမႈနဲ႕ သူငယ္ခ်င္းေတြရဲ႕ ကူညီမႈေၾကာင့္စာေတြလဲအမ်ားၾကီးလိုက္ႏုိင္တယ္။ ေက်ာင္းတက္လိုက္တာ တစ္အားကြာသြားတယ္လို႕ထင္တယ္။ သူကအဓိကကေတာ့ ဒီဟာရဲ႕ အျပင္ကုိထြက္ၾကည့္သြားတတ္တာေပါ့။ စဥ္းစားတတ္သြားတယ္။ အဲ့ဒါပါပဲ။ က်န္တဲ့ဟာက လုပ္ဖူးတာေတာ့မရွိဘူး။

-လက္ရွိ အခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။ တစ္ေယာက္တည္းပဲလား။

ေအးေအးေဆးေဆးပါပဲ။ တစ္ေယာက္တည္းေတာ့မဟုတ္ပါဘူး။ တစ္ေယာက္တည္းလဲ မေနပါဘူး။ ေပါက္စီမွာလဲ ရွိပါတယ္။ ကိုယ္ၾကိဳက္တဲ့အခ်က္ေတာ္ေတာ္မ်ားမ်ားနဲ႕လဲျပည့္စံုတယ္။ ကိုယ့္အေပၚမွာလဲ သည္းခံႏုိင္တယ္ဆိုေတာ့ ယူျဖစ္ရင္လဲသူ႕ကိုပဲယူျဖစ္မွာပါ။ တခ်ိဳ႕ေယာက်ာ္းေလးေတြအမ်ားၾကီးလဲၾကံဳဖူးတယ္။ သူကေတာ့ေပါက္စီအတြက္ အေကာင္းဆံုးပါပဲ။ ခ်စ္သူသက္တမ္းကေတာ့ ၁၂ ႏွစ္ရွိပါၿပီ။ သူ႕ကုိေပါက္စီ သေဘာအက်ဆံုးကေတာ့ ၁၂ ႏွစ္လံုးလံုးတျခားမိန္းမေတြကို စိတ္မ၀င္စားပဲနဲ႕ကိုယ့္တစ္ေယာက္တည္းကိုပဲ သစၥာရွိရွိခ်စ္ေပးတဲ့အတြက္ေပါက္စီဘ၀မွာေတာ့သူ႕ကုိအခ်စ္ဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အေးဝတ်ရည်သောင်းလို့ ဆိုလိုက်ရင် အသက် ၁၃ အရွယ်ထဲက အနုပညာလောကဲကို စတင်ဝင်ရောက်လာခဲ့ကာ ဗီစီဒီ သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်နေကျ ဆံပင်ရှည်ရှည်လေးနဲ့ ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲ မြင်မိမှာပါ။ သူမရဲ့ချစ်စနိုးနာမည်လေးကလည်း ပေါက်စီဆိုတော့ အားလုံးက ထူးထူးခြားခြား မှတ်မိနေကြပါတယ်။ သူမဟာ ခုဆိုရင် အနုပညာသက်တမ်း အနှစ် ၂၀ နီးပါး ရှိနေပြီဖြစ်ဖြစ်ပေမယ့် အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်သလို ပရိသတ်တွေ ခံစားနေရပါတယ်။ ဒီအကြောင်းကို မေးမြန်းရင်း သူမရဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ ရွှေလွန်းသံပိုးထည်ဆိုင်နဲ့ရွှေဝတ်လွှာကော်တွန်ဆိုင်လေးကို အကြောင်းကိုပါ မေးမြန်းကြည့်လိုက်တော့

-ရွှေဝတ်လွှာဆိုတဲ့ ချည်ထည် ကော်တွန် ဆိုင်လေး စဖွင့်ဖြစ်ပုံအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။

စပြီးဖွင့်ဖြစ်တာကတော့ အစ်မနဲ့အစ်မသူငယ်ချင်းနှစ်ယောက်ပေါ့။ အစ်မတို့က ကော်တွန်တွေ ဝတ်နေရင်းကနေ ဒီလိုမျိုးကြီးပဲ ကော်တွန်တွေကြီးရောင်းတဲ့ ဆိုင်လေးရှိရင် သိပ်ကောင်းမှာပဲပေါ့။ တချို့ဆိုင်တွေကျတော့ အရောလေးတွေရောင်းတယ်လေ။ တစ်မျိုးတည်းမဟုတ်ပဲ အစုံပေါ့။ အဲ့ဒါနဲ့တစ်ဆိုင်လုံးကို ကော်တွန်လေးတွေကြီးပဲဖွင့်ရအောင်ဆိုပြီး သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဖွင့်ဖြစ်ခဲ့တာပေါ့။

-ဒီဆိုင်လေးကို ပြင်ဆင်တာကရော အချိန်ဘယ်လောက်လောက်ကြာလဲ။

တစ်လလောက်ပါပဲ။

-ဒီဆိုင်မှာရနိုင်တဲ့ ပစ္စည်းလေးတွေကိုလဲ ပြောပြပေးပါဦး။

တစ်ဆိုင်လုံးက ချည်နဲ့ပတ်သက်တဲ့ဟာတွေကြီးပဲပေါ့။ ဈေးနှုန်းလေးတွေဆိုလဲသင့်တင့်တယ်။ ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀ အများဆုံးပါပဲ။ အဆင်တွေကတော့ အစုံပေါ့နော်။

-ဆိုင်ဖွင့်စကနေ အခုချိန်ထိလာရောက်အားပေးကြတဲ့ ကာစတမ်မာအခြေအနေကရော ဘယ်လိုရှိလဲ။

၁၆ရက်နေ့ကမှစဖွင့်တာပေါ့။ ဒါပေမဲ့တော်တော်များများ လာကြတယ်။ ဆိုင်ဖွင့်ပွဲနေ့ကလဲ လာကြတယ်။ ဆိုင်ဖွင့်ပွဲပြီးတော့ နောက်ပိုင်းလဲ အွန်လိုင်းကတွေ့လို့ရော ဒီနားကလူတွေရော လာဝယ်ကြတယ်။ အများကြီးလာကြလို့မနေ့က တစ်ရက်က ဆိုင်ပိတ်လိုက်ရတယ်။ ပစ္စည်းတွေပြတ်သွားလို့ဒီနေ့မှပြန်ဖြည့်ထားတာပါ။

-ဒီကော်တွန်တွေကိုရော ဘယ်ကယူတာများလဲ။

ဂျပန်ကော်တွန်လို့လဲခေါ်တယ်။ တချို့ကကျတော့ ထိုင်းကော်တွန်လို့လဲခေါ်တယ်။ ထိုင်းကသွင်းတာလဲရှိတယ်။ အိန္ဒိယကသွင်းတာရှိမယ်။ တရုတ်ကသွင်းတာရှိမယ်။ ဒါကျတော့ Input ပေါ့နော်။

-ဆိုင်ဖွင့်ပွဲအနေနဲ့ ပရိုမိုးရှင်းတွေရောရှိလား။

ရှိတယ်။ အစ်မတို့ဆီမှာ ပရိုမိုးရှင်းကဒ်လေးရှိတယ်။ တစ်ကဒ်ကို ၂ကိုက်၊ အဲ့ဒါလေး ဆယ်ကွက်ပြည့်ရင် နှစ်ကိုက်လက်ဆောင်ပေးပါတယ်။

-အစ်မပိုးထည်ဆိုင်လေးလဲဖွင့်ထားတယ်လို့သိရတယ်။

ဟုတ်တယ်။ အစ်မရွှေလွန်းသံဆိုတဲ့ ပိုးထည်ချည်ထည်ဆိုင်လေးဖွင့်ထားတယ်။ အဲ့ဒါက ပြည်တွင်းကထွက်တဲ့ ချည်ထည်၊ ရိုးရာထည်၊ ယက္ကန်းထည်တွေရှိမယ်။ နောက်ပိုးရုံ၊ ဇာတွေရှိမယ်။ အဲ့ဒီဆိုင်ကတော့ ဖွင့်ထားတာ နှစ်နှစ်ပြည့်တော့မယ်။

-ရွှေလွန်းသံမှာရော ဈေးှနှုန်းတွေကဘယ်လောက်လောက်ရှိလဲ။

အဲ့ဒီမှာကျတော့ ချိတ်တွေလဲရှိတယ်။ ဈေးနှုန်းကအမျိုးမျိုးပေါ့။ အနည်းဆုံး ၃၀၀၀၀ တန်ကနေ အများဆုံး ရှစ်သိန်း၊ ဆယ်သိန်းလောက်ထိရှိပါတယ်။

-အထည်အလိပ်နဲ့ပတ်သက်တာတွေပဲဖွင့်ဖြစ်နေတာကရော ဘာကြောင့်များလဲ။

အစ်မက အဝတ်အစားကို ဝါသနာပါတယ်။ နောက်ဖက်ရှင်ကိုလဲ ဝါသနာပါတယ်။ ဒီဇိုင်းတွေဘာတွေ ဝါသနာပါတဲ့အတွက် လုပ်ဖြစ်တာပေါ့။ နောက်အားလုံးကို လှနေတာလေးလဲမြင်ချင်တယ်လေ။ ဆိုင်ထဲမှာလှတဲ့ဟာလေးတွေအများကြီးစုနေတာကို သဘောကျတယ်။ လှတဲ့ဟာလေးတွေကိုပဲရွေးပြီး တင်ထားရတာကို ကိုယ်ကိုတိုင်လဲကြိုက်တယ်။ အဲ့ဒီလိုဆိုင်လေးတွေကိုလဲ သဘောကျတဲ့အတွက် အဲ့ဒါနဲ့ပတ်သက်တဲ့ စီးပွားရေးကိုပဲလုပ်ဖြစ်ခဲ့တာပါ။ အစ်မကိုယ်တိုင်ဗမာဝတ်စုံတွေကို ဝတ်ရတာအရမ်းသဘောကျတဲ့အတွက်ကြောင့်လဲပါပါတယ်။

-ရွှေလွန်းသံနဲ့ရွှေပွင့်လွှာဆိုရင် ဘယ်ဆိုင်လေးကိုပိုသဘောကျလဲ။

နှစ်ဆိုင်လုံးကိုကြိုက်တယ်။ သဘောကျတယ်။ ရွှေလွန်းသံဖွင့်တုန်းကလဲ အဲ့ဒီအချိန်မှာ အစ်မအကြိုက်ဆုံး Decoration ကအစလုပ်ခဲ့တာပေါ့။ ဘယ်ဟာပိုကြိုက်လဲတော့မရှိပါဘူး။ နှစ်ဆိုင်လုံးကတော့ ကိုယ်မွေးထုတ်လိုက်တဲ့ကလေးတွေလိုပါပဲ။ ပျိုးလိုက်တဲ့ပန်းလေးတွေလိုပဲ။ နှစ်ခုလုံးပွင့်နေတော့အစ်မပိုကြိုက်တာပေါ့။ ရွေးဆိုရင်တော့မရွေးတတ်ပါဘူး။

-အနုပညာအသိုင်းအဝိုင်းနဲ့လဲမဝေးဘူးဆိုတော့ သူတို့တွေကရော အားပေးကြလား။

ရှိတယ်။ မင်းသမီးတွေဆိုရင်လဲ ကားရိုက်အတွက် တစ်ကားစာ လာဝယ်ကြတယ်။ နောက်ပွဲတက်တွေအတွက် ဖုန်းဆက်မှာတာတို့ကိုယ့်အချင်းချင်းဆိုတော့အားပေးကြတာပေါ့။

-အနုပညာနဲ့ပတ်သက်ပြီးတော့ရောလုပ်ဖြစ်နေသေးလား။

အင်းလုပ်ဖြစ်တယ်။ အရမ်းကြီးတော့မဟုတ်ဘူး။ ကြိုကြားကြိုကြားပေါ့လေ။ အခု Charm Season 2 မှာ အစ်မပါတယ်ရှင့်။ ဖြိုးငွေစိုးရဲ့မိန်းမနေရာကပါ။

-ကြားထဲမှာ အနုပညာအလုပ်မလုပ်ဖြစ်တဲ့အချိန်တုန်းကရော ဘာတွေလုပ်ဖြစ်နေလဲ။

အဲ့ဒီအချိန်တုန်းက အစ်မကျောင်းတက်တယ်။ MHR မှာ Basic Management ကို Advance ပြီးသွားပြီ။ နှစ်နှစ်ခွဲလောက်တက်တယ်။ အဲ့ဒါမတိုင်ခင်က British Counter မှာ General English ကို Level 6 ထိတက်ခဲ့တယ်။ ကျောင်းတွေပဲတက်ဖြစ်နေတာပေါ့။ ဒါပေမဲ့ လူတွေအကုန်လုံးက အစ်မကိုထင်တာကြတော့ နိုင်ငံခြားမှာကျောင်းသွားတက်နေတယ်လို့ထင်ကြတာပေါ့။ အမှန်ကနိုင်ငံခြားက ဒစ်ပလိုမာပေမဲ့ ဒီမြန်မာနိုင်ငံကလှမ်းဖြေတဲ့ဟာပါပဲ။

-စီးပွားရေးမလုပ်ခင် လေ့လာမှုအနေနဲ့ဘာတွေလုပ်ဖြစ်ခဲ့သေးလဲ။

အဓိကကတော့ အစ်မကျောင်းပဲတက်တယ်။ စာနဲ့ပဲပေါ့။ အဲ့ဒီစာတွေကြောင့်ပဲ အစ်မ Marketing အကြောင်းတွေသိတယ်။ HR အကြောင်းတွေသိတယ်။ product တစ်ခုကို ဘယ်လို Builting လုပ်တဲ့အကြောင်းတွေ အများကြီးပါပဲ။ အဲ့ဒီကျောင်းတွေက ကိုယ့်အတွက် မျက်လုံးဖွင့်ပေးလိုက်သလိုပဲ။ အများကြီးလဲသိခဲ့ရတယ်။ ဆရာတွေရဲ့သင်ပြမှုနဲ့ သူငယ်ချင်းတွေရဲ့ ကူညီမှုကြောင့်စာတွေလဲအများကြီးလိုက်နိုင်တယ်။ ကျောင်းတက်လိုက်တာ တစ်အားကွာသွားတယ်လို့ထင်တယ်။ သူကအဓိကကတော့ ဒီဟာရဲ့ အပြင်ကိုထွက်ကြည့်သွားတတ်တာပေါ့။ စဉ်းစားတတ်သွားတယ်။ အဲ့ဒါပါပဲ။ ကျန်တဲ့ဟာက လုပ်ဖူးတာတော့မရှိဘူး။

-လက်ရှိ အချစ်ရေးကရော ဘယ်လိုရှိလဲ။ တစ်ယောက်တည်းပဲလား။

အေးအေးဆေးဆေးပါပဲ။ တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ တစ်ယောက်တည်းလဲ မနေပါဘူး။ ပေါက်စီမှာလဲ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အချက်တော်တော်များများနဲ့လဲပြည့်စုံတယ်။ ကိုယ့်အပေါ်မှာလဲ သည်းခံနိုင်တယ်ဆိုတော့ ယူဖြစ်ရင်လဲသူ့ကိုပဲယူဖြစ်မှာပါ။ တချို့ယောကျာ်းလေးတွေအများကြီးလဲကြုံဖူးတယ်။ သူကတော့ပေါက်စီအတွက် အကောင်းဆုံးပါပဲ။ ချစ်သူသက်တမ်းကတော့ ၁၂ နှစ်ရှိပါပြီ။ သူ့ကိုပေါက်စီ သဘောအကျဆုံးကတော့ ၁၂ နှစ်လုံးလုံးတခြားမိန်းမတွေကို စိတ်မဝင်စားပဲနဲ့ကိုယ့်တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ပေးတဲ့အတွက်ပေါက်စီဘဝမှာတော့သူ့ကိုအချစ်ဆုံးပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top