Kantharyar Centre
×

တစ္ခ်ိဳ ့လူေတြက ေန ့လယ္ေန ့ခင္းလည္း မေရွာင္ အရက္ေသာက္တတ္ၾကပါတယ္။ မြန္းတည့္ အစာစား တုန္း cocktail ေလး တစ္ခြက္ေလာက္ ေသာက္တာမ်ိဳးျဖစ္ျဖစ္၊ ဘီယာေလးတစ္ခြက္ႏွစ္ခြက္ေလာက္ ေသာက္တာ ျဖစ္ျဖစ္ လုပ္တတ္ၾကပါတယ္။ ဒါေပမယ့္ ဒီတစ္ခြက္ေလးကပဲ ေလးနာရီေလာက္ မူးေနတာမ်ိဳး ျဖစ္သြားတတ္ တယ္ေနာ္။ ေန ့လယ္ဘက္ အရက္ေသာက္ျခင္းကလည္း သူ ့ဆုိးက်ိဳးေတြ သူရွိပါတယ္။ အထူးသျဖင့္ ဆိုးရြားတဲ့ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ ျဖစ္လာႏိုင္ပါတယ္။

၁။ ဒါဟာ အက်င့္တစ္ခု ျဖစ္လာႏိုင္တယ္

ေန ့လယ္ဘက္မွာ cocktail ေလးတစ္ခြက္ျဖစ္ျဖစ္ေသာက္တာကလည္း အားလပ္ရက္တိုင္း အယ္ကိုလ္ေဟာ ေသာက္ခ်င္စိတ္ကို အလြယ္တကူျဖစ္ေစပါတယ္။ ေန ့လယ္ဘက္ အရက္စပ္ထားတဲ့ ေဖ်ာ္ရည္ယမကာေလးေတြ သာက္တာဟာ ေခတ္စားလာတဲ့ အျပဴအမူတစ္ခုျဖစ္ျပီး သိပ္အႏၱရာယ္မရွိဘူး၊ ပုံမွန္ပါပဲလုိ ့ထင္ရေပမယ့္ ဒါဟာ အရက္ေသာက္ေနတာပဲ ဆုိတာ မေမ့ပါနဲ ့။ ျပီးေတာ့ အရွိန္ရသြားရင္လည္း ညဘက္ အရက္ေသာက္တာထက္ ပုိေသာက္မိတတ္ပါတယ္။

၂။ ေရဓာတ္ျမန္ျမန္ ခန္းေျခာက္ႏိုင္တယ္

ေန ့လယ္ဘက္ အပူခ်ိန္ၾကီးမွာ အရက္ေသာက္တာက သင့္ကို ေရဓာတ္ျမန္ျမန္ခန္းေျခာက္ေစႏိုင္တယ္ ဆုိတာ ေျပာဖုိ ့ေတာင္မလိုပါဘူး။ ခင္ဗ်ားခႏၶာကုိယ္က ပုိတက္ဆီယမ္ပမာဏ ေလ်ာ့က်မယ္။ မဂၢနီဆီယမ္ပမာဏေတြ အေျပာင္းအလဲျဖစ္ျပီး သင့္ကို ႏွလုံးနဲ ့ပတ္သက္တဲ့ အႏၱရာယ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ တျခား က်န္းမာေရး ဆိုးက်ိဳးေတြလည္း ရေစႏိုင္ပါေသးတယ္။

တကယ္လုိ ့ေန ့လယ္ဘက္အရက္ေသာက္ကိုေသာက္မယ္ဆုိရင္ေတာ့ H20 နဲ ့ေရဓာတ္ခန္းေျခာက္တာကို အမွီလိုက္ဖုိ ့ျပင္ထားပါ။ “ ေန ့ဘက္ျဖစ္ျဖစ္၊ ညဘက္ျဖစ္ျဖစ္ အရက္တစ္ဖန္ခြက္ေသာက္တုိင္း ေရတစ္ဖန္ခြက္ ျပန္ေသာက္ေပးသင့္တယ္လုိ ့ ကၽြန္ေတာ္ အျမဲအၾကံျပဳခဲ့ပါတယ္” လုိ ့ခႏၶာကိုယ္အာဟာရဓာတ္အထူးျပဳ သမားေတာ္ Melina Jampolis က ေျပာၾကားခဲ့ပါတယ္။

၃။ ထင္ထားတာထက္ ပိုေသာက္ျဖစ္လိမ့္မယ္

ေန ့ဘက္အရက္ေသာက္တာက ညဘက္အရက္ေသာက္တာထက္ အခ်ိန္အၾကာၾကီးပုိေသာက္ျဖစ္ပါလိမ့္မယ္။ ေန ့ဘက္ဘက္ ပူတာေၾကာင့္ ေရဆာတာေလးကို ေျဖဖုိ ့ဘီယာဆုိင္ထဲ၀င္သြားျပီးရင္ ျပန္ထြက္ဖို ့အခ်ိန္က ၾကာတတ္သလို ပုိျပီးလည္း ျမန္ျမန္နဲ ့မ်ားမ်ားေသာက္တတ္ပါတယ္။

၄။ ေနေလာင္ေရာဂါကို ျဖစ္ေစႏိုင္တယ္

ျဗိတိသွ်အေရျပားေရာဂါဂ်ာနယ္ မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာမွဳတစ္ခုအရ ေန ့ဘက္မွာ အရက္ေလး တစ္ခြက္ေသာက္တာဟာ အေရျပားကင္ဆာကို ဦးတည္ႏိုင္တဲ့ melanoma က်ဴးမား ျဖစ္ႏိုင္ေျခအႏၱရာယ္ ျမင့္မားေစႏိုင္တယ္လုိ ့ဆုိပါတယ္။ ဒါဟာ အယ္ကိုေဟာ acetaldehyde ကြန္ေပါင္းအတြင္း ဓာတ္ျပဳမွဳေၾကာင့္ ျဖစ္နိုင္ျပီး ခႏၶာကိုယ္ ကို ခရမ္းလြန္ေရာင္ျခည္ေတြနဲ ့ပိုမို ထိေတြ ့ေစပါတယ္။ ဒါေၾကာင့္ ေန ့လယ္ဘက္ အရက္ေသာက္သူေတြဟာ ကာလတုိအားျဖင့္ ေနေလာင္ဒဏ္ရာရႏိုင္ျပီး ကာလရွည္ဆုိရင္ေတာ့ ကင္ဆာ ကိုပါ ဦးတည္ႏိုင္ပါတယ္။

၅။ မေတာ္တဆမွဳၾကဳံေတြ ့ႏိုင္ဖုိ ့မ်ားလိမ့္မယ္

ေန ့လယ္ဘက္အရက္ေသာက္ျခင္းရဲ့ ခႏၶာကုိယ္အေပၚ တုိက္ရိုက္ဆိုးက်ိဳးေတြသာမက တစ္ဆင့္ ဆုိးက်ိဳး ေတြကိုလည္း သင္ ေရွာင္ႏိုင္ဖုိ ့လိုပါတယ္။ အရက္ဟာ သင့္ရဲ့ သတိရွိတဲ့အသိဥာဏ္စိတ္ကို ေႏွာင့္ယွက္ပစ္ တဲ့အတြက္ ေန ့လယ္ဘက္အရက္ေသာက္ျပီး အိမ္ျပင္ဘက္ထြက္ရမယ္ဆုိရင္ေတာ့ ေတာ္ေတာ္ အႏၱရာယ္ရွိ ႏိုင္ပါတယ္။

အရက္ဆုိတာ ေရွာင္ႏိုင္ရင္ေရွာင္ ၊ မေရွာင္ႏိုင္ရင္ေတာ့ နည္းနည္းပါးပါး ကစ္တာ အေကာင္းဆုံးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode  Version

တစ်ချို့လူတွေက နေ့လယ်နေ့ခင်းလည်း မရှောင် အရက်သောက်တတ်ကြပါတယ်။ မွန်းတည့် အစာစား တုန်း cocktail လေး တစ်ခွက်လောက် သောက်တာမျိုးဖြစ်ဖြစ်၊ ဘီယာလေးတစ်ခွက်နှစ်ခွက်လောက် သောက်တာ ဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခွက်လေးကပဲ လေးနာရီလောက် မူးနေတာမျိုး ဖြစ်သွားတတ် တယ်နော်။ နေ့လယ်ဘက် အရက်သောက်ခြင်းကလည်း သူ့ဆိုးကျိုးတွေ သူရှိပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

၁။ ဒါဟာ အကျင့်တစ်ခု ဖြစ်လာနိုင်တယ်

နေ့လယ်ဘက်မှာ cocktail လေးတစ်ခွက်ဖြစ်ဖြစ်သောက်တာကလည်း အားလပ်ရက်တိုင်း အယ်ကိုလ်ဟော သောက်ချင်စိတ်ကို အလွယ်တကူဖြစ်စေပါတယ်။ နေ့လယ်ဘက် အရက်စပ်ထားတဲ့ ဖျော်ရည်ယမကာလေးတွေ သာက်တာဟာ ခေတ်စားလာတဲ့ အပြူအမူတစ်ခုဖြစ်ပြီး သိပ်အန္တရာယ်မရှိဘူး၊ ပုံမှန်ပါပဲလို့ထင်ရပေမယ့် ဒါဟာ အရက်သောက်နေတာပဲ ဆိုတာ မမေ့ပါနဲ့။ ပြီးတော့ အရှိန်ရသွားရင်လည်း ညဘက် အရက်သောက်တာထက် ပိုသောက်မိတတ်ပါတယ်။

၂။ ရေဓာတ်မြန်မြန် ခန်းခြောက်နိုင်တယ်

နေ့လယ်ဘက် အပူချိန်ကြီးမှာ အရက်သောက်တာက သင့်ကို ရေဓာတ်မြန်မြန်ခန်းခြောက်စေနိုင်တယ် ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ခင်ဗျားခန္ဓာကိုယ်က ပိုတက်ဆီယမ်ပမာဏ လျော့ကျမယ်။ မဂ္ဂနီဆီယမ်ပမာဏတွေ အပြောင်းအလဲဖြစ်ပြီး သင့်ကို နှလုံးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ တခြား ကျန်းမာရေး ဆိုးကျိုးတွေလည်း ရစေနိုင်ပါသေးတယ်။

တကယ်လို့နေ့လယ်ဘက်အရက်သောက်ကိုသောက်မယ်ဆိုရင်တော့ H20 နဲ့ရေဓာတ်ခန်းခြောက်တာကို အမှီလိုက်ဖို့ပြင်ထားပါ။ “ နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် အရက်တစ်ဖန်ခွက်သောက်တိုင်း ရေတစ်ဖန်ခွက် ပြန်သောက်ပေးသင့်တယ်လို့ ကျွန်တော် အမြဲအကြံပြုခဲ့ပါတယ်” လို့ခန္ဓာကိုယ်အာဟာရဓာတ်အထူးပြု သမားတော် Melina Jampolis က ပြောကြားခဲ့ပါတယ်။

၃။ ထင်ထားတာထက် ပိုသောက်ဖြစ်လိမ့်မယ်

နေ့ဘက်အရက်သောက်တာက ညဘက်အရက်သောက်တာထက် အချိန်အကြာကြီးပိုသောက်ဖြစ်ပါလိမ့်မယ်။ နေ့ဘက်ဘက် ပူတာကြောင့် ရေဆာတာလေးကို ဖြေဖို့ဘီယာဆိုင်ထဲဝင်သွားပြီးရင် ပြန်ထွက်ဖို့အချိန်က ကြာတတ်သလို ပိုပြီးလည်း မြန်မြန်နဲ့များများသောက်တတ်ပါတယ်။

၄။ နေလောင်ရောဂါကို ဖြစ်စေနိုင်တယ်

ဗြိတိသျှအရေပြားရောဂါဂျာနယ် မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ နေ့ဘက်မှာ အရက်လေး တစ်ခွက်သောက်တာဟာ အရေပြားကင်ဆာကို ဦးတည်နိုင်တဲ့ melanoma ကျူးမား ဖြစ်နိုင်ခြေအန္တရာယ် မြင့်မားစေနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ အယ်ကိုဟော acetaldehyde ကွန်ပေါင်းအတွင်း ဓာတ်ပြုမှုကြောင့် ဖြစ်နိုင်ပြီး ခန္ဓာကိုယ် ကို ခရမ်းလွန်ရောင်ခြည်တွေနဲ့ပိုမို ထိတွေ့စေပါတယ်။ ဒါကြောင့် နေ့လယ်ဘက် အရက်သောက်သူတွေဟာ ကာလတိုအားဖြင့် နေလောင်ဒဏ်ရာရနိုင်ပြီး ကာလရှည်ဆိုရင်တော့ ကင်ဆာ ကိုပါ ဦးတည်နိုင်ပါတယ်။

၅။ မတော်တဆမှုကြုံတွေ့နိုင်ဖို့များလိမ့်မယ်

နေ့လယ်ဘက်အရက်သောက်ခြင်းရဲ့ ခန္ဓာကိုယ်အပေါ် တိုက်ရိုက်ဆိုးကျိုးတွေသာမက တစ်ဆင့် ဆိုးကျိုး တွေကိုလည်း သင် ရှောင်နိုင်ဖို့လိုပါတယ်။ အရက်ဟာ သင့်ရဲ့ သတိရှိတဲ့အသိဉာဏ်စိတ်ကို နှောင့်ယှက်ပစ် တဲ့အတွက် နေ့လယ်ဘက်အရက်သောက်ပြီး အိမ်ပြင်ဘက်ထွက်ရမယ်ဆိုရင်တော့ တော်တော် အန္တရာယ်ရှိ နိုင်ပါတယ်။

အရက်ဆိုတာ ရှောင်နိုင်ရင်ရှောင် ၊ မရှောင်နိုင်ရင်တော့ နည်းနည်းပါးပါး ကစ်တာ အကောင်းဆုံးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top