Kantharyar Centre
×

  မာနအေလ်ာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲထားတဲ့ သင့္တုိ႕ႏွစ္ဦးမွာ တကယ္လုိ႕မ်ား သူ႕အေနနဲ႕ သင့္ဆီျပန္လာခ်င္ရင္ သိသာထင္ရွားတဲ့ အျပဳအမူေတြနဲ႔ ျပန္လာမယ္လုိ႕ ထင္သလား။ ဘယ္လာပါ့မလဲ။ သံေယာဇဥ္မျပတ္ႏုိင္ေပမယ့္ သူ႕မွာလည္း မာနေလးနဲ႔ပဲေလ။

          ဒီေတာ့ သူ႕ရဲ႕ မထင္မရွားအျပဳအမူေလးေတြကေန တဆင့္ သူ႕စိတ္သေဘာထားကို အကဲဖမ္းလုိ႕ရပါတယ္။ အဲဒီအျပဳအမူေလးေတြကေတာ့ -

(၁)     သင့္ရဲ႕ social network မွာ ေမႊေႏွာက္ေနတတ္ပါ လိမ့္မယ္။

          ရုတ္တရက္ႀကီးဆုိသလိုပဲ သင့္ရဲ႕ wallေပၚမွာ သူ႕ရဲ႕ေျခရာလက္ရာေတြ ရႈပ္ယွက္ခတ္လာပါလိမ့္မယ္။ သင့္ရဲ႕ တစ္ေယာက္တည္းပံုေတြမွန္သမွ် သူ႕like ေတြနဲ႕ျပည့္ေနပါလိမ့္မယ္။ သူကေတာ့ ေရကို အေရာင္ရွိလား စမ္းသပ္ေနသလိုပါပဲ။ သင့္ကို အျပင္မွာ လူခ်င္းေတြ႕ဖို႕ ျပန္မႀကိဳးစားခင္မွာ social ကေနၿပီး သင့္ရဲ႕ ေျခလွမ္းေတြ ၊ အလားအလာေတြကို အကဲခတ္ေနပံုရပါတယ္။ သူ႕ဘက္က ဒီလုိလႈပ္ရွားမႈမ်ိဳး ေတြ႕လာရၿပီ ဆုိရင္ေတာ့ သင့္ကိုျပန္လည္ ရယူခ်င္ေနေၾကာင္း ရာခိုင္ႏႈန္း ၆၀ ေလာက္ေသခ်ာေနပါၿပီ။

(၂)     ေပ်ာ္စရာအတိတ္ေတြကို ျပန္လည္တူးဆြေနပါလိမ့္မယ္။

          သူရဲ႕ အသိုင္းအ၀ုိင္းက ျပန္ၾကားရတဲ့ စကားသံေတြ ၊ သူ႕ရဲ႕ စေတးတပ္က စကားအသြားအလာ ေတြကို ၾကည့္ရတာ လြန္ခဲ့ၿပီးတဲ့ အမွတ္ရစရာေတြကို တူးဆြေနသလုိျဖစ္ေနပါလိမ့္မယ္။ ဥပမာ “ငါတုိ႕ milkshake လုပ္ဖို႕ ႀကိဳးစားခဲ့ဖူးၾကတာ မွတ္မိေနမလား” စသျဖင့္ေပါ့။ ဒီလိုစာသားမ်ိဳး ေတြ႔မိမယ္ဆုိရင္ေတာ့  သင့္ကိုျပန္လည္ တမ္းတေနေၾကာင္း ၈၀ ရာခုိင္ႏႈန္းေလာက္ကို ေသခ်ာသြားပါၿပီ။

(၃)     မ်က္ႏွာခ်င္းဆုိင္ဖို႕ ျပန္ႀကိဳးစားပါေတာ့မယ္ ။

          သူ႕ကို သူတုိ႕အေဆာင္ဘက္က ကန္တင္းေတြမွာ အၿမဲတမ္းျမင္ေနရၿပီလား။ သင့္ရဲ႕ BIO lab အခန္းထဲကိုေရာ အေၾကာင္းမရွိ အေၾကာင္းရွာၿပီး လာတတ္ေနၿပီလား။ အတန္းတစ္ခ်ိန္နဲ႕တစ္ခ်ိန္ၾကား နားတဲ့အခါ ေကာ္ရစ္တာမွာ ေယာင္လည္လည္လုပ္ေနၿပီလား။ ေက်ာင္းဆင္းခ်ိန္ ၊ အလုပ္ဆင္းခ်ိန္ သင့္ကားနားအထိေတာင္ ေရာက္ေနၿပီဆုိရင္ေတာ့ ကံတရားအရ မေတာ္တဆ ေတြ႕ေနရတာ မဟုတ္ေတာ့ပါဘူး။ သင့္ဆီက အနည္းငယ္အခြင့္အေရး ရတာနဲ႕ မ်က္ႏွာခ်င္းဆုိင္ဖို႕ ႀကိဳးစားေတာ့မွာပါ။ ဒါဆုိရင္ေတာ့ ရာႏႈန္းျပည့္သင့္ကို ျပန္ၿပီး ပိုးပမ္းေတာ့မယ့္ အေနအထားပါပဲ။

(၄)     ေနာက္ဆံုးတနည္းကေတာ့ အႀကံကုန္ ဂဠဳန္ဆားခ်က္ေပါ့။

          သင့္ရဲ႕ သ၀န္တုိစိတ္ကို ႏိႈးဆြဖို႕ရာ တျခားမိန္းကေလးေတြနဲ႕ သင့္ေရွ႕လာၿပီး အေရာတ၀င္ ေနျပပါ လိမ့္မယ္။ ဒါဆုိရင္ေတာ့ ၿပံဳးၿပီးေတာ့သာ ၾကည့္ေပးလုိက္ပါ။ ဒါကသင့္ကို ရြဲ႕ခ်င္တဲ့သူ႕ရဲ႕ ကေလးဆန္ဆန္ အတၱမ်ိဳးသာျဖစ္ၿပီး သူ႕စိတ္ထဲတကယ္တမ္းရွိေနတာ သင္ျဖစ္ေၾကာင္း အခုိင္အမာ ေသခ်ာသြားၿပီေပါ့။

          ဒီအခ်က္ေလးေတြကို သူ႕ဆီမွာ ေတြ႕ရၿပီဆုိရင္ေတာ့ သင့္ရဲ႕ ရည္းစားေဟာင္းက သင့္ကို ျပန္လည္ရယူခ်င္ေနၿပီလုိ႕သာ မွတ္လုိက္ပါ။ အားလံုးပဲ မွန္ကန္တဲ့ ခ်စ္သူကို ေရြးခ်ယ္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

  မာနအလျောက် နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ သင့်တို့နှစ်ဦးမှာ တကယ်လို့များ သူ့အနေနဲ့ သင့်ဆီပြန်လာချင်ရင် သိသာထင်ရှားတဲ့ အပြုအမူတွေနဲ့ ပြန်လာမယ်လို့ ထင်သလား။ ဘယ်လာပါ့မလဲ။ သံယောဇဉ်မပြတ်နိုင်ပေမယ့် သူ့မှာလည်း မာနလေးနဲ့ပဲလေ။

          ဒီတော့ သူ့ရဲ့ မထင်မရှားအပြုအမူလေးတွေကနေ တဆင့် သူ့စိတ်သဘောထားကို အကဲဖမ်းလို့ရပါတယ်။ အဲဒီအပြုအမူလေးတွေကတော့ -

(၁)     သင့်ရဲ့ social network မှာ မွှေနှောက်နေတတ်ပါ လိမ့်မယ်။

          ရုတ်တရက်ကြီးဆိုသလိုပဲ သင့်ရဲ့ wallပေါ်မှာ သူ့ရဲ့ခြေရာလက်ရာတွေ ရှုပ်ယှက်ခတ်လာပါလိမ့်မယ်။ သင့်ရဲ့ တစ်ယောက်တည်းပုံတွေမှန်သမျှ သူ့like တွေနဲ့ပြည့်နေပါလိမ့်မယ်။ သူကတော့ ရေကို အရောင်ရှိလား စမ်းသပ်နေသလိုပါပဲ။ သင့်ကို အပြင်မှာ လူချင်းတွေ့ဖို့ ပြန်မကြိုးစားခင်မှာ social ကနေပြီး သင့်ရဲ့ ခြေလှမ်းတွေ ၊ အလားအလာတွေကို အကဲခတ်နေပုံရပါတယ်။ သူ့ဘက်က ဒီလိုလှုပ်ရှားမှုမျိုး တွေ့လာရပြီ ဆိုရင်တော့ သင့်ကိုပြန်လည် ရယူချင်နေကြောင်း ရာခိုင်နှုန်း ၆၀ လောက်သေချာနေပါပြီ။

(၂)     ပျော်စရာအတိတ်တွေကို ပြန်လည်တူးဆွနေပါလိမ့်မယ်။

          သူရဲ့ အသိုင်းအဝိုင်းက ပြန်ကြားရတဲ့ စကားသံတွေ ၊ သူ့ရဲ့ စတေးတပ်က စကားအသွားအလာ တွေကို ကြည့်ရတာ လွန်ခဲ့ပြီးတဲ့ အမှတ်ရစရာတွေကို တူးဆွနေသလိုဖြစ်နေပါလိမ့်မယ်။ ဥပမာ “ငါတို့ milkshake လုပ်ဖို့ ကြိုးစားခဲ့ဖူးကြတာ မှတ်မိနေမလား” စသဖြင့်ပေါ့။ ဒီလိုစာသားမျိုး တွေ့မိမယ်ဆိုရင်တော့  သင့်ကိုပြန်လည် တမ်းတနေကြောင်း ၈၀ ရာခိုင်နှုန်းလောက်ကို သေချာသွားပါပြီ။

(၃)     မျက်နှာချင်းဆိုင်ဖို့ ပြန်ကြိုးစားပါတော့မယ် ။

          သူ့ကို သူတို့အဆောင်ဘက်က ကန်တင်းတွေမှာ အမြဲတမ်းမြင်နေရပြီလား။ သင့်ရဲ့ BIO lab အခန်းထဲကိုရော အကြောင်းမရှိ အကြောင်းရှာပြီး လာတတ်နေပြီလား။ အတန်းတစ်ချိန်နဲ့တစ်ချိန်ကြား နားတဲ့အခါ ကော်ရစ်တာမှာ ယောင်လည်လည်လုပ်နေပြီလား။ ကျောင်းဆင်းချိန် ၊ အလုပ်ဆင်းချိန် သင့်ကားနားအထိတောင် ရောက်နေပြီဆိုရင်တော့ ကံတရားအရ မတော်တဆ တွေ့နေရတာ မဟုတ်တော့ပါဘူး။ သင့်ဆီက အနည်းငယ်အခွင့်အရေး ရတာနဲ့ မျက်နှာချင်းဆိုင်ဖို့ ကြိုးစားတော့မှာပါ။ ဒါဆိုရင်တော့ ရာနှုန်းပြည့်သင့်ကို ပြန်ပြီး ပိုးပမ်းတော့မယ့် အနေအထားပါပဲ။

(၄)     နောက်ဆုံးတနည်းကတော့ အကြံကုန် ဂဠုန်ဆားချက်ပေါ့။

          သင့်ရဲ့ သဝန်တိုစိတ်ကို နှိုးဆွဖို့ရာ တခြားမိန်းကလေးတွေနဲ့ သင့်ရှေ့လာပြီး အရောတဝင် နေပြပါ လိမ့်မယ်။ ဒါဆိုရင်တော့ ပြုံးပြီးတော့သာ ကြည့်ပေးလိုက်ပါ။ ဒါကသင့်ကို ရွဲ့ချင်တဲ့သူ့ရဲ့ ကလေးဆန်ဆန် အတ္တမျိုးသာဖြစ်ပြီး သူ့စိတ်ထဲတကယ်တမ်းရှိနေတာ သင်ဖြစ်ကြောင်း အခိုင်အမာ သေချာသွားပြီပေါ့။

          ဒီအချက်လေးတွေကို သူ့ဆီမှာ တွေ့ရပြီဆိုရင်တော့ သင့်ရဲ့ ရည်းစားဟောင်းက သင့်ကို ပြန်လည်ရယူချင်နေပြီလို့သာ မှတ်လိုက်ပါ။ အားလုံးပဲ မှန်ကန်တဲ့ ချစ်သူကို ရွေးချယ်နိုင်ကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top