Property Expo
×
၃။ ပေါင်တံတွေ
၅။ ဘက်မညီတဲ့ခါး
၆။ မင်းသား ဝီလျံ
၇။ လည်ပင်း
၈။ သေးလွန်းတဲ့ခါး
၁၀။ ခြေတစ်ဖက်ပြတ်
Source & Photos : the Sun
Credit:The Sun
#Unicode Version
မော်ဒယ်တွေ၊ ဆယ်လီတွေဟာ မကြာခဏဆိုသလို ကြော်ငြာ နဲ့ မဂ္ဂဇင်းဓာတ်ပုံတွေထဲမှာ ပြုပြင်ခံရတာ လူတွေ သိပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံတွေကတော့ မော်ဒယ်တွေကို ကြည့်ကောင်းအောင် လုပ်တာမဟုတ်ဘဲ ပုံပျက်ပန်းပျက်ဖြစ်အောင် ဖျက်ဆီးလိုက်တာပါပဲ။
၁။ အကြီးတစ်လုံး အသေးတစ်လုံး
မော်ဒယ်ရဲ့ရင်ဘတ်က ဘယ်လိုမှ ဘက်မညီတာကို ASOS ကုမ္ပဏီရဲ့ဓာတ်ပုံအယ်ဒီတာက လုံးဝမမြင်ခဲ့ပါဘူး။
၂။ များပြားလွန်းလှတဲ့ လက်တွေ
Target မဂ္ဂဇင်းပေါ်က ဒီကြော်ငြာမှာ အမျိုးသားက လက်သုံးဘက်တောင် ပါနေပါတယ်။
၃။ ပေါင်တံတွေ
ဒီလို ထူးခြားတဲ့ ပေါင်တံမျိုး ဘယ်လိုများ ပိုင်ဆိုင်ပါလိမ့်လို့ ဖက်ရှင်ချစ်သူတွေ စဉ်းစားနေကြပါတယ်။
၄။ လက်ပါမလာတဲ့ မိန်းကလေး
ကလေးအဝတ်အစားကြော်ငြာထဲမှာ မော်ဒယ်မလေးရဲ့ ညာလက်က ဘယ်ရောက်နေလဲဆိုတာကို ဘယ်သူမှ မရှာနိုင်ကြပါဘူး။
၅။ ဘက်မညီတဲ့ခါး
မော်ဒယ်ရဲ့ခါးကို သေးသွယ်အောင် လုပ်လိုက်ချိန်မှာ ဘက်ညီအောင်လုပ်ဖို့ မေ့သွားပုံရပါတယ်။
၆။ မင်းသား ဝီလျံ
ဟယ်လိုမဂ္ဂဇင်းမျက်နှာဖုံးပေါ်မှာ မင်းသားဝီလျံဟာ ခန့်ညားချောမောနေပေမဲ့ ဒီလောက်များပြားတဲ့ဆံပင်တွေ သူ့ခေါင်းပေါ် ဘယ်လိုရောက်လာပါလိမ့်မယ်။
၇။ လည်ပင်း
Chanel ရဲ့ မိတ်ကပ်သစ်ကြော်ငြာမှာ မော်ဒယ်မလေးရဲ့ ကွေးနေတဲ့လည်ပင်းကို ကြည့်ရှုသူတွေ မျက်စိနောက်နေကြပါတယ်။
၈။ သေးလွန်းတဲ့ခါး
သဲနာရီကိုယ်လုံးမျိုးဟာ အလှပဆုံး ကိုယ်လုံးဖြစ်ပေမဲ့ ဒီကြော်ငြာမှာ Ralph Lauren ရဲ့ခါးက လိုအပ်တာထက် သေးသွယ်လွန်းနေပါတယ်။
၉။ ရေလွှာလျှောစီး ဘုတ်ပြားပေါ်မှာ
ခြေတစ်ဖက် အဖြတ်ခံလိုက်ရတဲ့အခါ ရေလှိုင်းစီးဖို့ ပိုခက်သွားမှာ အမှန်ပါပဲ။
၁၀။ ခြေတစ်ဖက်ပြတ်
ဒီ Moschino  ဓာတ်ပုံတွေကို ပြုပြင်သူကလည်း ခြေတစ်ဖက်ကို ဖျောက်ပစ်ခဲ့ပါတယ်။
Source & Photos : the Sun
 ဖိုးသူတော် (www.phothutaw.com)
Credit:The Sun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top