Kantharyar Centre
×

ႏြားႏုိ႔ေသာက္တဲ့အခါ က်န္းမာေရးနဲ႔မညီၫြတ္တဲ့ ေခ်ာကလက္မႈန္႔၊ သၾကား၊ ခရင္မ္ေတြထည့္ၿပီးေသာက္တာထက္ နႏြင္းထည့္ေသာက္ၾကည့္ဖုိ႔ တိုက္တြန္းလိုက္ပါတယ္။ ႏြားႏို႔ပူပူထဲကို နႏြင္းလက္ဖက္ရည္ဇြန္းဝက္ ဒါမွမဟုတ္ လတ္လတ္ဆတ္ဆတ္ နႏြင္းတက္တစ္လက္မ အရြယ္ေလာက္ထည့္ၿပီး ၁၅ မိနစ္ ေလာက္ေနရင္ ေသာက္လို႔ရပါၿပီ။

နႏြင္းက သဘာဝေဆးဖက္ဝင္ပစၥည္းျဖစ္တာမို႔ ႏြားႏို႔နဲ႔ေရာေသာက္ေပးတဲ့အခါ အေအးမိ၊ ေခ်ာင္းဆိုး ေဝဒနာအမ်ဳိး မ်ဳိးအတြက္ အျမန္ဆံုးေပ်ာက္ကင္းေစဖို႔ ေထာက္ကူပါတယ္။

ေနာက္ၿပီး ေသြးမ်ားကို သန္႔စင္ေစကာ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစၿပီး အသည္းက်န္းမာေရးအတြက္ပါ အက်ဳိးျပဳပါတယ္။ နႏြင္းမွာ ေရာင္ရမ္းတာေတြသက္သာေစႏိုင္စြမ္းရွိတာေၾကာင့္ အဆစ္အျမစ္နာက်င္ကိုက္ခဲတာ၊ ေရာင္ရမ္းတာေတြ ျဖစ္ရင္ အေကာင္းဆံုးသဘာဝ ေဆးျဖစ္လို႔ အ႐ိုးအဆစ္ေတြသန္ မာဖို႔အတြက္ဆိုရင္ ပံုမွန္ေသာက္ေပးသင့္ပါတယ္။

နႏြင္းမွာ ဓာတ္တိုးဆန္႔က်င္ ဂုဏ္သတၱိနဲ႔ အာဟာရဓာတ္ေတြရွိတာေၾကာင့္ ေခါင္းကိုက္တာ ေတြသက္သာေပ်ာက္ကင္းေစပါတယ္။ အထူးသျဖင့္ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ျဖစ္တဲ့ေခါင္းကိုက္တာမ်ဳိးေတြကို အထူးသက္သာေစတယ္လို႔ဆိုပါတယ္။

ဒါတင္မက ကိုယ္ခံစြမ္းအားကိုျမႇင့္တင္ေပးႏိုင္စြမ္းရွိၿပီး ေရာဂါပိုးမႊားေတြမဝင္ေအာင္လည္း ကာကြယ္ေပးႏိုင္ကာ အသည္းေရာင္အသားဝါ၊ ကင္ဆာနဲ႔ မွတ္ဉာဏ္ခ်ဳိ႕ယြင္းတဲ့ အယ္လ္ဇုိင္းမားေရာဂါေတြမျဖစ္ေအာင္လည္း ကာကြယ္ႏိုင္ ပါတယ္။

အိပ္မေပ်ာ္သူေတြဆိုရင္လည္း အိပ္ခါနီးမွာ နႏြင္းေရာထားတဲ့ႏြားႏို႔ပူပူေလးေသာက္ေပးရင္ စိတ္ဖိစီးမႈေတြကင္းေဝးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။ အမ်ဳိးသမီးေတြဓမၼတာေၾကာင့္ နာက်င္ကိုက္ခဲရင္ နႏြင္းႏြားႏို႔ပူပူေလး ေသာက္ေပးသင့္ တယ္လို႔ဆုိပါတယ္။

ေနာက္ၿပီး နႏြင္းႏို႔က အသားအေရကို အရြယ္တင္ႏုပ်ဳိက်န္းမာေစတာေၾကာင့္ လွခ်င္ပခ်င္သူေတြေတာ့ အႀကိဳက္ေတြ႕ၾကမွာပါ။ နႏြင္းက ခႏၶာကိုယ္ထဲကအဆီေတြကို ဖယ္ရွားေပးတာမို႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခ်င္သူေတြ ႏြားႏို႔ထဲ သၾကားေတြထည့္ေသာက္မယ့္အစား နႏြင္းထည့္ၿပီးေသာက္ၾကည့္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။

နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။

နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသည်းကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ နနွင်းမှာ ရောင်ရမ်းတာတွေသက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုးအဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။

နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရဓာတ်တွေရှိတာကြောင့် ခေါင်းကိုက်တာ တွေသက်သာပျောက်ကင်းစေပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက်တာမျိုးတွေကို အထူးသက်သာစေတယ်လို့ဆိုပါတယ်။

ဒါတင်မက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးနိုင်ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမားရောဂါတွေမဖြစ်အောင်လည်း ကာကွယ်နိုင် ပါတယ်။

အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့နွားနို့ပူပူလေးသောက်ပေးရင် စိတ်ဖိစီးမှုတွေကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ဆိုပါတယ်။

နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျိုကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲကအဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီးသောက်ကြည့်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top