Kantharyar Centre
×

ခ်စ္သူရည္းစား မရွိပဲ တစ္ေယာက္တည္းျဖစ္ေနျခင္း၊ တစ္ကုိယ္တည္းသမား ဘ၀ဟာ ျပီးျပည့္စံုျခင္း မရွိပဲ ဟာတာတာႀကီးျဖစ္ေနတယ္လုိ႕ သင္ခံစားေနရပါသလား။ တကယ္ေတာ့ ခ်စ္သူရည္းစားထားျပီး စိတ္ေရာ၊ ကိုယ္ပါ မက်န္းမမာ ျဖစ္ေနတဲ့သူေတြ အမ်ားႀကီးပါ။ သုေတသီေတြရဲ႕ အဆုိအရ တစ္ကိုယ္တည္းျဖစ္ေနျခင္းဟာ အဲ့ဒီလူကို ပိုမိုက်န္းမာေစရံုမက စိတ္ပိုင္းဆုိင္ရာမွာလည္း ပိုလံုျခံဳမႈရွိေစပါတယ္တဲ့။ ကဲ တစ္ကိုယ္တည္းသမားေတြ ရရွိခံစားေနရတဲ့ ေကာင္းက်ိဳးေလးေတြ ၾကည့္ၾကရေအာင္။

၁။ေလ့က်င့္ခန္း၊ အားကစားကို ပိုလုပ္ႏိုင္လာတယ္။

စိတ္က်ေရာဂါျဖစ္စရာ၊ ႏွလံုးေရာဂါ ရစရာ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြကေန ကင္းကြာေနတာမုိ႕ သင့္ကိုယ္သင္ ပိုက်န္းမာေအာင္ ဂရုစိုက္လာႏိုင္ပါလိမ့္မယ္။ ဒါဟာ က်န္းမာေရးအတြက္ ပိုေကာင္းလာေစတဲ့ အလားအလာ တစ္ရပ္ပါ။ ျဖစ္ႏိုင္ရင္ ေလ့က်င့္ခန္းေတြ ပိုလုပ္ပါ။ မလုပ္ျဖစ္တဲ့ အားကစားေတြ လိုက္စားျခင္းဟာ သင့္အတြက္ ေကာင္းက်ိုးေတြေပါ့။ အသက္ ၁၈ႏွစ္ကေန ၆၄ႏွစ္ၾကား အေမရိကန္သားေတြ ကို ေလ့လာခ်က္ တစ္ရက္ျပဳလုပ္ခဲ့ရာမွာေတာ့ အဲ့ဒီအသက္အတြင္း အိမ္ေထာင္မျပဳတဲ့ လူေပါင္း ၁၃၀၀၀ေယာက္ဟာ က်နး္မာေရးဘက္ကို ပိုမိုလိုက္စားဖုိ႕ အခ်ိန္ရွိခဲ့ၾကတယ္လို႕ သိရပါတယ္။

၂။ကိုယ့္ကိုယ္ကို ပိုဂရုစိုက္ႏိုင္လာပါတယ္။

အိမ္ေထာင္ျပဳထားတ့ဲသူေတြ၊ ခ်စ္သူရည္းစားရွိျပီးသားသူေတြနဲ႕ လူပ်ိဳ လူလြတ္ေတြကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ လူပ်ိဳလူလြတ္ေတြဟာ အပူအပင္ပိုမဲ့ျပီး ပိုေပ်ာ္ရႊင္စြာ ေနႏိုင္ၾကပါတယ္။ အိမ္ေထာင္ျပဳလိုက္တဲ့သူေတြဟာ အိမ္ေထာင္က်ျပီး ေပ်ာ္ရႊင္ၾကသည့္တိုင္ ၀ိတ္တက္လာၾကျပီး အိမ္ေထာင္မျပဳတဲ့သူေတြကေတာ့ ၀ိတ္တက္တာမ်ိဳး မရွိပဲ ခႏၶာကိုယ္အခ်ိဳးအစားကို ထိန္းထားႏိုင္ၾကပါတယ္တဲ့။

၃။လူမႈေရးမွာ ပိုေကာင္းေဆာင္ ေဆာင္ရြက္ႏိုင္ၾကတယ္။

အထူးကၽြမ္းက်င္သူေတြရဲ႕စကားအရ လူပ်ိဳလူလြတ္ေတြဟာ အိမ္ေထာင္သည္ေတြထက္ လူမႈေရးပိုင္းကို ပိုေကာင္းေအာင္ ေဆာင္ရြက္ႏိုင္ၾကသလို လူမႈေရးရာ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ျခင္းကေန ဘယ္လိုအက်ိဳးတရားေတြ ရရွိႏိုင္မယ္ဆုိတာ ပိုသိၾကတယ္လို႕ ဆုိပါတယ္။

၄။သူငယ္ခ်င္းေတြကို ပိုအခ်ိန္ေပးႏိုင္လာတယ္။

ရည္းစားရွိတဲ့သူ၊ အိမ္ေထာင္ရွိတဲ့သူေတြဟာ သူငယ္ခ်င္းေတြအတြက္ အခ်ိန္သိပ္မေပးႏိုင္ၾကတာ အားလံုးအသိပါ။ ဒါကလည္း ဘ၀အတြက္ မိသားစုက အေရးအႀကီးဆံုးျဖစ္သြားတာကိုး။ ကိုယ္က တစ္ကိုယ္တည္းသမားသာ ဆုိရင္ေတာ့ ကိုယ့္သူငယ္ခ်င္းေတြအတြက္ အခ်ိန္ပိုေပးႏိုင္သြားသလို ဘ၀တစ္ေလ်ွာက္လံုးမွာလည္း သူတုိ႕သာ ကိုယ့္အတြက္ အေရးပါးသူေတြအတြက္ ေနရာတစ္ခုရသြားပါလိမ့္မယ္။

၅။အေၾကြးေတြလည္း နည္းသြားျပီ။

ခ်စ္သူနဲ႕ဆို၊ အိမ္ေထာင္က်သြားျပီဆုိ လိုအပ္တာေတြ ျဖည့္ဆည္းႏိုင္ဖုိ႕ ကိုယ္ရတဲ့လုပ္အားခအျပင္ လိုေနတဲ့ ေငြအတြက္ ေခ်းငွားရတာေတြ ရွိလာပါလိမ့္မယ္။ အလံုးအရင္းနဲ႕ ဒီေငြေတြ ျပန္မဆပ္ရရင္ေတာင္ တစ္လတစ္လ တစ္တိတိျပန္ဆပ္ေနရတဲ့ ဘ၀ကို ေရာက္ကိုေရာက္မွာပါ။ တစ္ကိုယ္တည္းသမားေတြအတြက္ကေတာ့ ဒီအေျခအေနမ်ိဳး သိပ္ႀကံဳရမွာ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : new myanmar news

#Unicode Version

ချစ်သူရည်းစား မရှိပဲ တစ်ယောက်တည်းဖြစ်နေခြင်း၊ တစ်ကိုယ်တည်းသမား ဘဝဟာ ပြီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။ တကယ်တော့ ချစ်သူရည်းစားထားပြီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့သူတွေ အများကြီးပါ။ သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်းဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမိုကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှုရှိစေပါတယ်တဲ့။ ကဲ တစ်ကိုယ်တည်းသမားတွေ ရရှိခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်။

၁။လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်နိုင်လာတယ်။

စိတ်ကျရောဂါဖြစ်စရာ၊ နှလုံးရောဂါ ရစရာ အချစ်ရေး၊ အိမ်ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက်လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပေါ့။ အသက် ၁၈နှစ်ကနေ ၆၄နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရက်ပြုလုပ်ခဲ့ရာမှာတော့ အဲ့ဒီအသက်အတွင်း အိမ်ထောင်မပြုတဲ့ လူပေါင်း ၁၃၀၀၀ယောက်ဟာ ကျန်းမာရေးဘက်ကို ပိုမိုလိုက်စားဖို့ အချိန်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

၂။ကိုယ့်ကိုယ်ကို ပိုဂရုစိုက်နိုင်လာပါတယ်။

အိမ်ထောင်ပြုထားတဲ့သူတွေ၊ ချစ်သူရည်းစားရှိပြီးသားသူတွေနဲ့ လူပျို လူလွတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လူပျိုလူလွတ်တွေဟာ အပူအပင်ပိုမဲ့ပြီး ပိုပျော်ရွှင်စွာ နေနိုင်ကြပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ဝိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့သူတွေကတော့ ဝိတ်တက်တာမျိုး မရှိပဲ ခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်ကြပါတယ်တဲ့။

၃။လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်။

အထူးကျွမ်းကျင်သူတွေရဲ့စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်မယ်ဆိုတာ ပိုသိကြတယ်လို့ ဆိုပါတယ်။

၄။သူငယ်ချင်းတွေကို ပိုအချိန်ပေးနိုင်လာတယ်။

ရည်းစားရှိတဲ့သူ၊ အိမ်ထောင်ရှိတဲ့သူတွေဟာ သူငယ်ချင်းတွေအတွက် အချိန်သိပ်မပေးနိုင်ကြတာ အားလုံးအသိပါ။ ဒါကလည်း ဘဝအတွက် မိသားစုက အရေးအကြီးဆုံးဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေအတွက် အချိန်ပိုပေးနိုင်သွားသလို ဘဝတစ်လျှောက်လုံးမှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါးသူတွေအတွက် နေရာတစ်ခုရသွားပါလိမ့်မယ်။

၅။အကြွေးတွေလည်း နည်းသွားပြီ။

ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျသွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်ရတဲ့လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ်ရရင်တောင် တစ်လတစ်လ တစ်တိတိပြန်ဆပ်နေရတဲ့ ဘဝကို ရောက်ကိုရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေအတွက်ကတော့ ဒီအခြေအနေမျိုး သိပ်ကြုံရမှာ မဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : new myanmar news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top