Kantharyar Centre
×






#Unicode Version

အိန္ဒိယနိုင်ငံက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးက ကမ္ဘာ့ အရပ်အရှည်ဆုံး ကလေးငယ်ရဲ့စံချိန်တင်အရပ်ကို စံချိန်ကျော်သွား ခဲ့တယ်လို့ သိရပါတယ်။ အသက် ၅ နှစ်သာသာရှိပေမယ့် အရပ်က တော့ လူကြီးပိုင်းအရပ်သတ်မှတ်ချက်ဖြစ်တဲ့ ၅ ပေ ၇ လက်မအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။

ကရန်စင့် ဆိုသူကလေးငယ်က မွေးကင်းစအရွယ်ကတည်းက အ ရပ်အမြင့် ၆၃ စင်တီမီတာ ၇ ကီလိုဂရမ်နဲ့ မွေးဖွားလာခဲ့ပြီး ကြီးပြင်း လာခဲ့တလျှောက်မှာ ရွယ်တူကလေးငယ်တွေထက် ပိုပြီးတော့ထွား ကြိုင်းသန်စွမ်းနေတာပဲ ဖြစ်ပါတယ်။

မျိုးရိုးစဉ်ဆက် မျိုးရိုးလိုက်တာလို့ဆိုရတဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ် သူကလည်း အရပ် ၇ ပေနဲ့ ၃ လက်မနဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံးစံချိန် ရှိပြီး ဖခင်ဖြစ်သူက ၆ ပေနဲ့ ၇ လက်မအသီးသီးစီ အရပ်အမြင့်ရှိ နေကြတာပဲ ဖြစ်ပါတယ်။

သားဖြစ်သူရဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင် ရှည်လျား ထွား ကြိုင်းလွန်းနေလို့ မီဒီယာတွေရဲ့ စိတ်ဝင်စားမှုတွေရှိခဲ့ခြင်းအပေါ် စိုးရိမ်စိတ်တွေဖြစ် ပေါ်ခဲ့ပါတယ်။ ဒါက ခန္ဓာကိုယ်ချို့တဲ့မှုနဲ့ အခြား ရောဂါလက္ခဏာတွေကြောင့်မဟုတ်ပဲ မျိုးရိုးလိုက်မှုကြောင့် ဖြစ် တယ်လို့လည်း ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top