Kantharyar Centre
×



Credit : Trend Myanmar


#Unicode Version

ကင်ဆာရောဂါ ကြီးထွားလာမှုနှုန်းနှေးကွေးစေခြင်းနဲ့ ကင်ဆာဆဲလ်တွေ သေစေတဲ့ အစေ့ပါစပျစ်သီးတွေရဲ့အကျိုးကျေးဇူးတွေကို လေ့လာချက်အများစုက ဖော်ပြထားခဲ့ပြီဖြစ်ပါတယ်။ Kentucky တက္ကသိုလ်က သုတေသီတွေက အစေ့ပါစပျစ်သီးမှာ ပါဝင်တဲ့ Antioxidant တွေက ကင်ဆာဆဲလ်တွေ ပုံမှန်အသက်ရှင်လည်ပတ်စေတဲ့ INK ခေါ် အသားဓာတ်အဖြစ်ပြောင်းလဲခြင်းအားဖြင့် သွေးကင်ဆာဆဲလ် ၇၆% ရာခိုင်နှုန်း သေဆုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။

အစေ့ပါစပျစ်သီးက အသည်းမှာဖြစ်တဲ့ အဆိပ်နဲ့ဓာတုဆေးဝါးတွေရဲ့ အာနိအင်ကို ပယ်စေတဲ့အပြင် အမျိုးသမီးတွေရဲ့ မကောင်းတဲ့ ဟော်မုန်းမော်လီကျူးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်သင့်မှုများ ကူညီပယ်ရှားပေးခြင်းဖြင့် ရင်သားကြီးထွားမှု၊ အစာအိမ်၊ အူမ၊ အဖိုသုတ်ရည်ဂလင်းနဲ့ အဆုတ်ကင်ဆာဆဲလ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုကိုလည်း ကူညီလျော့ချပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top