Property Expo
×

ဩစေၾတးလ်တြင္ အထူးကံဆိုးရွာသည့္ လူငယ္တစ္ဦးသည္ ၎၏ လိင္အဂၤါကို အဆိပ္ျပင္းပင့္ကူ ကိုက္ခဲမႈႏွင့္ ဒုတိယအႀကိမ္ ႀကံဳေတြ႕ခဲ့ေၾကာင္း သိရသည္။

အသက္ ၂၁ ႏွစ္ အရြယ္ရွိ အမ်ိဳးသားသည္ ဆစ္ဒနီၿမိဳ႕၊ အေဆာက္အအံု တစ္ခုအတြင္းရွိ ေ႐ြ႕လ်ားအိမ္သာထဲ ရွိေနစဉ္ လြန္ခဲ့သည့္ ၅ လက တစ္ႀကိမ္ႀကံဳဖူးသည့္ ျဖစ္ရပ္ဆိုးႏွင့္ မ်က္ဝါးထင္ထင္ ထပ္မံရင္ဆိုင္ခဲ့ရျခင္း ျဖစ္သည္။

စက္တင္ဘာ ၂၇ ရက္က ဒုတိယအႀကိမ္ အဆိပ္ျပင္း ပင့္ကူကိုက္ခံရသည့္ေနာက္ “တစ္ေနရာတည္း ထပ္ၿပီး ကိုက္ခံထိျပန္တာ။ ဒီႏုိင္ငံမွာေတာ့ ကၽြန္ေတာ့္ေလာက္ ကံဆိုးတဲ့သူ မရွိေတာ့ဘူး ထင္တယ္”ဟု ေဂ်ာ္ဒန္ဆိုေသာ လူငယ္က BBCသို႔ ညည္းညဴ ေျပာၾကားခဲ့သည္။ ေဂ်ာ္ဒန္က ၎၏ မ်ိဳး႐ိုးအမည္ကိုမူ ေဖာ္ျပလိုျခင္း မရွိေခ်။

“အိမ္သာထဲမွာထိုင္ရင္း ကိစၥရွင္းေနတုန္း စူးကနဲ တစ္ခ်က္နာသြားတယ္။ ပထမအႀကိမ္တုန္းက ခံစားမႈမ်ိဳးေလ။ ဒါမ်ိဳး ေနာက္တစ္ခါ ထပ္ျဖစ္တယ္ ဆိုတာကို ကၽြန္ေတာ္ ယံုေတာင္မယံုဘူး။ ကၽြန္ေတာ္ ငံု႔ၾကည့္ေတာ့ အိမ္သာကမုတ္ကြင္းမွာ ပင့္ကူတစ္ေကာင္ရဲ႕ ေျခေထာက္ေတြ တျဖည္းျဖည္း တြားသြားေနတာကို ေတြ႕လုိက္ရတယ္”ဟု ၎က ဆိုသည္။

ေဂ်ာ္ဒန္သည္ ပထမတစ္ႀကိမ္ ခံရၿပီးကတည္းက အမ်ားသံုး ေ႐ြ႕လ်ား အိမ္သာမ်ားထဲ သြားေရာက္ရန္ ေၾကာက္႐ြံ႕ေနခဲ့ေၾကာင္း ဖြင့္ဟခဲ့သည္။ “ပထမတစ္ခါ ႀကံဳဖူးကတည္းက တတ္ႏုိင္သေလာက္ အဲဒီအိမ္သာေတြကို
ေရွာင္တယ္။ ဒါေပမဲ့ မနက္ပိုင္းဆို အိမ္သာေတြကို သန္႔ရွင္းေရး လာလုပ္သြားေလ့ ရွိတာေၾကာင့္ ဒီတစ္ခါေတာ့ မျဖစ္ေလာက္ဘူး ထင္ထားတာ”ဟု ၎က ေျပာၾကားခဲ့သည္။

၎ကို မည္သည့္မ်ိဳးစိတ္ ပင့္ကူက ကိုက္သြားသည္ကို မသိေသးဟု ေဂ်ာ္ဒန္က ဆိုသည္။ ၎သည္ ဆစ္ဒနီ အေနာက္ေျမာက္ပိုင္းရွိ ဘလက္ေတာင္း ေဆး႐ံုသို႔ သြားေရာက္ၿပီး စစ္ေဆးမႈမ်ား ခံယူခဲ့ရသည္။ “ပထမတစ္ႀကိမ္တုန္းကေတာ့ ဆရာဝန္ေတြက အေတာ္ေလး စိုးရိမ္ၾကတယ္။ အခုတစ္ခါေတာ့ အေျခအေန သိပ္မဆိုးေလာက္ပါဘူးလို႔ ေျပာျပတယ္။ ကားဆီျပန္လာေတာ့ ကၽြန္ေတာ့္ကိုေတာင္ ေနာက္ေျပာင္ေနၾကပါေသးတယ္”ဟု ေဂ်ာ္ဒန္က ဆိုသည္။

လတ္တေလာတြင္ ေဆး႐ံုျပန္ဆင္းၿပီး အလုပ္မွာ ေခတၱ အနားယူထားေသာ္လည္း မၾကာမီ အလုပ္ျပန္ဆင္းရန္ ေဂ်ာ္ဒန္က ေမွ်ာ္လင့္ထားသည္။ သို႔ေသာ္ ေတြ႕ရာေနရာတြင္ ေ႐ြ႕လ်ားအိမ္သာမ်ား အသံုးျပဳမႈကို လံုးဝ
ေရွာင္ၾကဉ္ေတာ့မည္ဟု ၎က သံႏၷိ႒ာန္ ခ်ထားၿပီ ျဖစ္သည္။ “ဒီဆံုးျဖတ္ခ်က္ကို တစ္သက္လံုး ခိုင္မာေစရမယ္”ဟု ၎က ေျပာၾကားခဲ့သည္။

ဆရာဝန္မ်ားက ေဂ်ာ္ဒန္ကို ကိုက္ခဲ့သည့္ ပင့္ကူမွာ ေက်ာကုန္းနီပင့္ကူ တစ္ေကာင္ဟု ယူဆထားသည္။ အဆိုပါ ပင့္ကူမ်ားသည္ နာမည္ေက်ာ္ အနက္ေရာင္ မုဆိုးမ ပင့္ကူမ်ားႏွင့္ မ်ိဳးစိတ္ဆက္စပ္ၿပီး ထူးျခားသည့္ ဝိေသသမွ ကိုယ္ထည္တြင္ အနီေရာင္ အစင္းေၾကာင္းတစ္ခု ထင္ရွားစြာ ေတြ႕ျမင္ရျခင္း ျဖစ္သည္။

အဆိုပါ ပင့္ကူ ကိုက္ခဲပါက ဆိုးရြားသည့္ နာက်င္မႈ ေဝဒနာကို ခံစားရၿပီး ေခၽြးလြန္ျခင္း၊ ပ်ိဳ႕အန္ကာ ကိုယ္လက္မအီမသာျဖစ္ျခင္းမ်ား ႀကံဳရေလ့ ရွိသည္။ ေရွးကာလမ်ားက ထိုပင့္ကူကိုက္၍ ေသဆံုးသူမ်ား ရွိခဲ့ေသာ္လည္း ၁၉၅၆ ေနာက္ပိုင္းတြင္ အဆိပ္ေျဖေဆး ေပၚထြက္လာၿပီးေနာက္ လူအေသအေပ်ာက္ လံုးဝ မရွိေတာ့ေအာင္ ကုသေပးလာႏုိင္ခဲ့ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
ဩစတြေးလျတွင် အထူးကံဆိုးရှာသည့် လူငယ်တစ်ဦးသည် ၎င်း၏ လိင်အင်္ဂါကို အဆိပ်ပြင်းပင့်ကူ ကိုက်ခဲမှုနှင့် ဒုတိယအကြိမ် ကြုံတွေ့ခဲ့ကြောင်း သိရသည်။


အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသားသည် ဆစ်ဒနီမြို့၊ အဆောက်အအုံ တစ်ခုအတွင်းရှိ ရွေ့လျားအိမ်သာထဲ ရှိနေစဉ် လွန်ခဲ့သည့် ၅ လက တစ်ကြိမ်ကြုံဖူးသည့် ဖြစ်ရပ်ဆိုးနှင့် မျက်ဝါးထင်ထင် ထပ်မံရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်က ဒုတိယအကြိမ် အဆိပ်ပြင်း ပင့်ကူကိုက်ခံရသည့်နောက် “တစ်နေရာတည်း ထပ်ပြီး ကိုက်ခံထိပြန်တာ။ ဒီနိုင်ငံမှာတော့ ကျွန်တော့်လောက် ကံဆိုးတဲ့သူ မရှိတော့ဘူး ထင်တယ်”ဟု ဂျော်ဒန်ဆိုသော လူငယ်က BBCသို့ ညည်းညူ ပြောကြားခဲ့သည်။ ဂျော်ဒန်က ၎င်း၏ မျိုးရိုးအမည်ကိုမူ ဖော်ပြလိုခြင်း မရှိချေ။

“အိမ်သာထဲမှာထိုင်ရင်း ကိစ္စရှင်းနေတုန်း စူးကနဲ တစ်ချက်နာသွားတယ်။ ပထမအကြိမ်တုန်းက ခံစားမှုမျိုးလေ။ ဒါမျိုး နောက်တစ်ခါ ထပ်ဖြစ်တယ် ဆိုတာကို ကျွန်တော် ယုံတောင်မယုံဘူး။ ကျွန်တော် ငုံ့ကြည့်တော့ အိမ်သာကမုတ်ကွင်းမှာ ပင့်ကူတစ်ကောင်ရဲ့ ခြေထောက်တွေ တဖြည်းဖြည်း တွားသွားနေတာကို တွေ့လိုက်ရတယ်”ဟု ၎င်းက ဆိုသည်။

ဂျော်ဒန်သည် ပထမတစ်ကြိမ် ခံရပြီးကတည်းက အများသုံး ရွေ့လျား အိမ်သာများထဲ သွားရောက်ရန် ကြောက်ရွံ့နေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ “ပထမတစ်ခါ ကြုံဖူးကတည်းက တတ်နိုင်သလောက် အဲဒီအိမ်သာတွေကို
ရှောင်တယ်။ ဒါပေမဲ့ မနက်ပိုင်းဆို အိမ်သာတွေကို သန့်ရှင်းရေး လာလုပ်သွားလေ့ ရှိတာကြောင့် ဒီတစ်ခါတော့ မဖြစ်လောက်ဘူး ထင်ထားတာ”ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းကို မည်သည့်မျိုးစိတ် ပင့်ကူက ကိုက်သွားသည်ကို မသိသေးဟု ဂျော်ဒန်က ဆိုသည်။ ၎င်းသည် ဆစ်ဒနီ အနောက်မြောက်ပိုင်းရှိ ဘလက်တောင်း ဆေးရုံသို့ သွားရောက်ပြီး စစ်ဆေးမှုများ ခံယူခဲ့ရသည်။ “ပထမတစ်ကြိမ်တုန်းကတော့ ဆရာဝန်တွေက အတော်လေး စိုးရိမ်ကြတယ်။ အခုတစ်ခါတော့ အခြေအနေ သိပ်မဆိုးလောက်ပါဘူးလို့ ပြောပြတယ်။ ကားဆီပြန်လာတော့ ကျွန်တော့်ကိုတောင် နောက်ပြောင်နေကြပါသေးတယ်”ဟု ဂျော်ဒန်က ဆိုသည်။

လတ်တလောတွင် ဆေးရုံပြန်ဆင်းပြီး အလုပ်မှာ ခေတ္တ အနားယူထားသော်လည်း မကြာမီ အလုပ်ပြန်ဆင်းရန် ဂျော်ဒန်က မျှော်လင့်ထားသည်။ သို့သော် တွေ့ရာနေရာတွင် ရွေ့လျားအိမ်သာများ အသုံးပြုမှုကို လုံးဝ
ရှောင်ကြဉ်တော့မည်ဟု ၎င်းက သံန္နိဋ္ဌာန် ချထားပြီ ဖြစ်သည်။ “ဒီဆုံးဖြတ်ချက်ကို တစ်သက်လုံး ခိုင်မာစေရမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဆရာဝန်များက ဂျော်ဒန်ကို ကိုက်ခဲ့သည့် ပင့်ကူမှာ ကျောကုန်းနီပင့်ကူ တစ်ကောင်ဟု ယူဆထားသည်။ အဆိုပါ ပင့်ကူများသည် နာမည်ကျော် အနက်ရောင် မုဆိုးမ ပင့်ကူများနှင့် မျိုးစိတ်ဆက်စပ်ပြီး ထူးခြားသည့် ဝိသေသမှ ကိုယ်ထည်တွင် အနီရောင် အစင်းကြောင်းတစ်ခု ထင်ရှားစွာ တွေ့မြင်ရခြင်း ဖြစ်သည်။

အဆိုပါ ပင့်ကူ ကိုက်ခဲပါက ဆိုးရွားသည့် နာကျင်မှု ဝေဒနာကို ခံစားရပြီး ချွေးလွန်ခြင်း၊ ပျို့အန်ကာ ကိုယ်လက်မအီမသာဖြစ်ခြင်းများ ကြုံရလေ့ ရှိသည်။ ရှေးကာလများက ထိုပင့်ကူကိုက်၍ သေဆုံးသူများ ရှိခဲ့သော်လည်း ၁၉၅၆ နောက်ပိုင်းတွင် အဆိပ်ဖြေဆေး ပေါ်ထွက်လာပြီးနောက် လူအသေအပျောက် လုံးဝ မရှိတော့အောင် ကုသပေးလာနိုင်ခဲ့ကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top