Property Expo
×

                                     ဓာတ္ပံု−ေမျမတ္ႏိုးေဖ့စ္ဘြတ္ခ္

အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕၌ ျပဳလုပ္ေနသည့္ New York Fashion Week သုိ႔ ျမန္မာႏုိင္ငံကုိယ္စားျပဳတက္ေရာက္ခြင့္ရသျဖင့္ ဂုဏ္ယူမိေၾကာင္း အလွမယ္ ေမျမတ္ႏိုးက ေျပာၾကားသည္။

‘‘ပဲြႀကီးက တကယ္ကို လူေတြအမ်ားႀကီး။ ဒီဇိုင္နာေတြ၊ ေမာ္ဒယ္ေတြ တက္တဲ့ပဲြႀကီး။ ျမန္မာႏုိင္ငံကုိယ္စားျပဳအေနနဲ႔ တက္ခြင့္ရတဲ့အတြက္လည္း အရမ္းေပ်ာ္ပါတယ္’’ ဂုဏ္လည္းယူတယ္’’ဟု ေမျမတ္ႏုိးက ေျပာသည္။

ယင္းဖက္ရွင္ပဲြသို႔ တက္ေရာက္ရန္ ဒီဇုိင္နာမိုးကုတ္ေပါက္ ေပါက္စီစဥ္ေပးသည့္ ၀တ္စံုမ်ားကုိ တက္ေရာက္လာသူမ်ားက စိတ္၀င္စားၾကသည္ဟု ဆုိသည္။


‘‘၀တ္စံုေတြကို အန္တီေပါက္က မအားတဲ့ၾကားက စီစဥ္ေပးတာ။ ဒီမွာလည္း အရမ္းလွလို႔ ဆိုၿပီး ေပါက္ပါတယ္။ ေနာက္ၿပီး ျမတ္ႏုိးကို ျမန္မာႏုိင္ငံကဆုိၿပီး အသိအမွတ္ျပဳမႈလည္းခံရပါတယ္’’ဟု ေမျမတ္ႏုိးကေျပာသည္။

ေမျမတ္ႏုိးသည္ Asia Next Top Model Cycle 4 တြင္ Maybelline 'it' Girl အျဖစ္ အမွတ္အမ်ားဆံုးရရွိခဲ့ျခင္းေၾကာင့္ အေမရိကန္ႏုိင္ငံ နယူူးေယာက္ၿမိဳ႕၌ က်င္းပသည့္ New York Fashion Week သို႔ အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ခြင့္ရရွိျခင္းျဖစ္သည္။

‘‘ျမန္မာျပည္ကို ေအာက္တုိဘာ ၄ ရက္ေန႔မွာ ျပန္လာမွာပါ။ ျမန္မာႏုိင္ငံကို ေရာက္ရင္လည္း Myanmar Fashion Week မွာ ေလွ်ာက္ဖို႔ရွိပါတယ္’’ဟု ေမျမတ္ ႏိုးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဓာတ်ပုံ−မေမြတ်နိုးဖေ့စ်ဘွတ်ခ်

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်နေသည့် New York Fashion Week သို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရသဖြင့် ဂုဏ်ယူမိကြောင်း အလှမယ် မေမြတ်နိုးက ပြောကြားသည်။

‘‘ပွဲကြီးက တကယ်ကို လူတွေအများကြီး။ ဒီဇိုင်နာတွေ၊ မော်ဒယ်တွေ တက်တဲ့ပွဲကြီး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ခွင့်ရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်’’ ဂုဏ်လည်းယူတယ်’’ဟု မေမြတ်နိုးက ပြောသည်။

ယင်းဖက်ရှင်ပွဲသို့ တက်ရောက်ရန် ဒီဇိုင်နာမိုးကုတ်ပေါက် ပေါက်စီစဉ်ပေးသည့် ဝတ်စုံများကို တက်ရောက်လာသူများက စိတ်ဝင်စားကြသည်ဟု ဆိုသည်။


‘‘ဝတ်စုံတွေကို အန်တီပေါက်က မအားတဲ့ကြားက စီစဉ်ပေးတာ။ ဒီမှာလည်း အရမ်းလှလို့ ဆိုပြီး ပေါက်ပါတယ်။ နောက်ပြီး မြတ်နိုးကို မြန်မာနိုင်ငံကဆိုပြီး အသိအမှတ်ပြုမှုလည်းခံရပါတယ်’’ဟု မေမြတ်နိုးကပြောသည်။

မေမြတ်နိုးသည် Asia Next Top Model Cycle 4 တွင် Maybelline 'it' Girl အဖြစ် အမှတ်အများဆုံးရရှိခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ နယူူးယောက်မြို့၌ ကျင်းပသည့် New York Fashion Week သို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။

‘‘မြန်မာပြည်ကို အောက်တိုဘာ ၄ ရက်နေ့မှာ ပြန်လာမှာပါ။ မြန်မာနိုင်ငံကို ရောက်ရင်လည်း Myanmar Fashion Week မှာ လျှောက်ဖို့ရှိပါတယ်’’ဟု မေမြတ် နိုးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top