Property Expo
×

 လူမႈကြန္ရက္တြင္ ႏုိင္ငံ ေတာ္သမၼတအား ဂုဏ္သိကၡာက် ဆင္းေစေသာ အေရးအသားမ်ား ေရးသားခဲ့သူတစ္ဦးကို ျမဝတီၿမိဳ႕ နယ္ တရား႐ံုးက အလုပ္ႏွင့္ ေထာင္ဒဏ္ကိုးလခ်မွတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ေန ဦးေအာင္ဝင္းလႈိင္ (ေခၚ) အညာသားဆိုသူကို ႏုိင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္အား ဂုဏ္သိကၡာက်ဆင္းေစေသာ ၾကမ္းတမ္းသည့္ စာသားမ်ားျဖင့္ လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပခဲ့၍ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္ကာ ႐ံုးတင္စစ္ေဆးခဲ့ၿပီး စက္တင္ဘာ ၂၃ ရက္၌ အမိန္႔ခ်မွတ္ခဲ့ေၾကာင္း ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

‘‘အရင္က ၿမိဳ႕နယ္ဖြဲ႕ေထာက္ေကာ္မတီမွာ အဖြဲ႕ဝင္ ျဖစ္ပါတယ္။ အဲဒီအဖြဲ႕ကို သမၼတ အမိန္႔နဲ႔ ဖ်က္လိုက္လုိ႔ မေက်နပ္တဲ့အေၾကာင္း ျပင္းျပင္းထန္ထန္ လူမႈကြန္ရက္ေပၚ ေရးတင္တာ’’ ဟု ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕ အရာရွိတစ္ဦးက ေျပာၾကားသည္။

 ဦးေအာင္ဝင္းလိႈင္သည္  ၂၀၁၅ ေရြးေကာက္ပြဲတြင္ အင္န္ဒီအက္ဖ္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ႐ႈံးနိမ့္ခဲ့သည္။

ဦးေအာင္ဝင္းလိႈင္သည္ ၎ ၏ လူမႈကြန္ရက္ အေကာင့္ျဖစ္ သည့္ Anyar Thar အေကာင့္တြင္ ‘အုပ္ခ်ဳပ္ေရးမွဴးေတြကို ဝန္းရံတဲ့ အေနအထားမို႔ ဖ်က္ပစ္တာတဲ့။ ဒါဆုိရင္ စာထုတ္ၿပီး ေရြးခိုင္းတာ က သမၼတဆုိတဲ့ ငေပါက ေစာက္ ႐ူးထတာလားလို႔ေမးမယ္။ ဖ်က္ မယ္ဆိုရင္ ဘာလို႔ေရြးခိုင္းရတာ လဲကြာ။ ဒီေခါင္းေလာက္နဲ႔ သမၼတတက္လုပ္လုိ႔ရတာ ျမန္မာႏုိင္ငံပဲ ရွိတယ္’’ဟု ေရးသားခဲ့ျခင္းျဖစ္ သည္။

၂၀၁၆ ဇြန္လက အဆုိပါ အမႈျဖစ္ပြားၿပီး အင္န္အယ္လ္ဒီ ပါတီအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒၚခင္မိုးသူက တရားလိုျပဳလုပ္ တုိင္ၾကားခဲ့ကာ သံုးလ အၾကာတြင္  အမိန္႔ခ်မွတ္ခဲ့ျခင္း  ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လူမှုကွန်ရက်တွင် နိုင်ငံ တော်သမ္မတအား ဂုဏ်သိက္ခာကျ ဆင်းစေသော အရေးအသားများ ရေးသားခဲ့သူတစ်ဦးကို မြဝတီမြို့ နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ကိုးလချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် မြဝတီမြို့ နေ ဦးအောင်ဝင်းလှိုင် (ခေါ်) အညာသားဆိုသူကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်အား ဂုဏ်သိက္ခာကျဆင်းစေသော ကြမ်းတမ်းသည့် စာသားများဖြင့် လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ ရုံးတင်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်၌ အမိန့်ချမှတ်ခဲ့ကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘အရင်က မြို့နယ်ဖွဲ့ထောက်ကော်မတီမှာ အဖွဲ့ဝင် ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို သမ္မတ အမိန့်နဲ့ ဖျက်လိုက်လို့ မကျေနပ်တဲ့အကြောင်း ပြင်းပြင်းထန်ထန် လူမှုကွန်ရက်ပေါ် ရေးတင်တာ’’ ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောကြားသည်။

 ဦးအောင်ဝင်းလှိုင်သည်  ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်ဒီအက်ဖ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

ဦးအောင်ဝင်းလှိုင်သည် ၎င်း ၏ လူမှုကွန်ရက် အကောင့်ဖြစ် သည့် Anyar Thar အကောင့်တွင် ‘အုပ်ချုပ်ရေးမှူးတွေကို ဝန်းရံတဲ့ အနေအထားမို့ ဖျက်ပစ်တာတဲ့။ ဒါဆိုရင် စာထုတ်ပြီး ရွေးခိုင်းတာ က သမ္မတဆိုတဲ့ ငပေါက စောက် ရူးထတာလားလို့မေးမယ်။ ဖျက် မယ်ဆိုရင် ဘာလို့ရွေးခိုင်းရတာ လဲကွာ။ ဒီခေါင်းလောက်နဲ့ သမ္မတတက်လုပ်လို့ရတာ မြန်မာနိုင်ငံပဲ ရှိတယ်’’ဟု ရေးသားခဲ့ခြင်းဖြစ် သည်။

၂၀၁၆ ဇွန်လက အဆိုပါ အမှုဖြစ်ပွားပြီး အင်န်အယ်လ်ဒီ ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်မိုးသူက တရားလိုပြုလုပ် တိုင်ကြားခဲ့ကာ သုံးလ အကြာတွင်  အမိန့်ချမှတ်ခဲ့ခြင်း  ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top