Kantharyar Centre
×

ကိုယ့္သူငယ္ခ်င္းေတြကပဲျဖစ္ျဖစ္၊ ကိုယ့္အသိတစ္ေယာက္ကပဲျဖစ္ျဖစ္ ငါခဏခဏ ေခါင္းေလွ်ာ္ျဖစ္ေနတယ္။ အဲ့ဒါေကာင္းရဲ႕လားလို႔ သင့္အေမးခံရဖူးပါသလား။ သင္ကိုယ္တိုင္ေရာ တစ္ပတ္ကို ဘယ္ႏွစ္ႀကိမ္ ေခါင္းေလွ်ာ္ျဖစ္တယ္ဆိုၿပီး သတ္သတ္မွတ္မွတ္ရွိပါရဲ႕လား။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး အလွအပပညာရွင္ေတြ၊ စတိုင္လစ္ေတြကေတာ့ တစ္ပတ္ကို သံုးႀကိမ္ ေခါင္းေလွ်ာ္တာဟာ လံုေလာက္တယ္လုိ႔ ေျပာထားပါတယ္။

ကိုယ္ကေန႔စဥ္ေန႔တုိင္း ေခါင္းကို အဆီတစ္ခုခု မျဖစ္မေနလိမ္းရတာမို႔ ေန႔တိုင္းေခါင္းေလွ်ာ္ရတဲ့သူဆိုရင္လည္း ကိုယ့္အတြက္ အဆင္ေျပေနရင္ ဘာျပႆနာမွ မရွိပါဘူး။ တစ္ခ်ိဳ႕လူေတြ အထူးသျဖင့္ မိန္းကေလးေတြဟာ ေန႔တုိင္းေခါင္းေလွ်ာ္ခ်င္ၾကေပမယ့္ ဆံပင္သားေတြ ပ်က္စီးမွာစိုးလို႔ မေလွ်ာ္ရဲဘူးလို႔ ေျပာတာမ်ိဳးေတြရွိပါတယ္။ ကိုယ္က ေန႔စဥ္ေန႔တိုင္း ကိုယ္လက္ေလ့က်င့္ခန္းလုပ္ရသူမို႔ ေခါင္းမွာေခၽြးေတြထြက္၊ အနံ႕နံမွာစိုးရိမ္ရသူျဖစ္တာေၾကာင့္ ေန႔တိုင္းေခါင္းေလွ်ာ္မွ ျဖစ္မယ္ဆုိရင္လည္း ေလွ်ာ္ကိုေလွ်ာ္ရေတာ့မွာေပါ့။ တစ္ခုပါပဲ ေန႔စဥ္ေခါင္းေလွ်ာ္ခ်င္သူေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ Daily Shampoo ကိုေတာ့ ေျပာင္းသံုးဖုိ႔ လိုပါလိမ့္မယ္။ ဒါ့ေၾကာင့္ တစ္ပတ္မွာ ဘယ္ႏွစ္ႀကိမ္ေခါင္းေလွ်ာ္မွ သင့္ေတာ္သလဲဆိုတာ သိခ်င္သူေတြအတြက္ တစ္ပတ္ကို သံုးႀကိမ္ေလွ်ာ္ျခင္းဟာ အသင့္ေတာ္ဆံုးပါပဲ။ တစ္ခါတစ္ေလ ေန႔စဥ္ရက္ဆက္ေလွ်ာ္ခ်င္စိတ္ျဖစ္လာရင္လည္း ေလွ်ာ္လိုက္ပါ။ ကိစၥမရွိပါဘူး။ တစ္ခုပါပဲ။ ကိုယ္က ပံုမွန္လည္း ေခါင္းေလွ်ာ္ေနပါရက္နဲ႔ ဆံပင္က ေစးကပ္တာေတြ အဆင္မေျပတာေတြရွိေနၿပီဆိုရင္ေတာ့ သံုးတဲ့ရွန္ပူကိုသာ ေျပာင္းလိုက္ပါေတာ့လို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကိုယ့်သူငယ်ချင်းတွေကပဲဖြစ်ဖြစ်၊ ကိုယ့်အသိတစ်ယောက်ကပဲဖြစ်ဖြစ် ငါခဏခဏ ခေါင်းလျှော်ဖြစ်နေတယ်။ အဲ့ဒါကောင်းရဲ့လားလို့ သင့်အမေးခံရဖူးပါသလား။ သင်ကိုယ်တိုင်ရော တစ်ပတ်ကို ဘယ်နှစ်ကြိမ် ခေါင်းလျှော်ဖြစ်တယ်ဆိုပြီး သတ်သတ်မှတ်မှတ်ရှိပါရဲ့လား။ အဲ့ဒါနဲ့ ပတ်သက်ပြီး အလှအပပညာရှင်တွေ၊ စတိုင်လစ်တွေကတော့ တစ်ပတ်ကို သုံးကြိမ် ခေါင်းလျှော်တာဟာ လုံလောက်တယ်လို့ ပြောထားပါတယ်။

ကိုယ်ကနေ့စဉ်နေ့တိုင်း ခေါင်းကို အဆီတစ်ခုခု မဖြစ်မနေလိမ်းရတာမို့ နေ့တိုင်းခေါင်းလျှော်ရတဲ့သူဆိုရင်လည်း ကိုယ့်အတွက် အဆင်ပြေနေရင် ဘာပြဿနာမှ မရှိပါဘူး။ တစ်ချို့လူတွေ အထူးသဖြင့် မိန်းကလေးတွေဟာ နေ့တိုင်းခေါင်းလျှော်ချင်ကြပေမယ့် ဆံပင်သားတွေ ပျက်စီးမှာစိုးလို့ မလျှော်ရဲဘူးလို့ ပြောတာမျိုးတွေရှိပါတယ်။ ကိုယ်က နေ့စဉ်နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရသူမို့ ခေါင်းမှာချွေးတွေထွက်၊ အနံ့နံမှာစိုးရိမ်ရသူဖြစ်တာကြောင့် နေ့တိုင်းခေါင်းလျှော်မှ ဖြစ်မယ်ဆိုရင်လည်း လျှော်ကိုလျှော်ရတော့မှာပေါ့။ တစ်ခုပါပဲ နေ့စဉ်ခေါင်းလျှော်ချင်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ Daily Shampoo ကိုတော့ ပြောင်းသုံးဖို့ လိုပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ခေါင်းလျှော်မှ သင့်တော်သလဲဆိုတာ သိချင်သူတွေအတွက် တစ်ပတ်ကို သုံးကြိမ်လျှော်ခြင်းဟာ အသင့်တော်ဆုံးပါပဲ။ တစ်ခါတစ်လေ နေ့စဉ်ရက်ဆက်လျှော်ချင်စိတ်ဖြစ်လာရင်လည်း လျှော်လိုက်ပါ။ ကိစ္စမရှိပါဘူး။ တစ်ခုပါပဲ။ ကိုယ်က ပုံမှန်လည်း ခေါင်းလျှော်နေပါရက်နဲ့ ဆံပင်က စေးကပ်တာတွေ အဆင်မပြေတာတွေရှိနေပြီဆိုရင်တော့ သုံးတဲ့ရှန်ပူကိုသာ ပြောင်းလိုက်ပါတော့လို့။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top