Property Expo
×

၂၀၀၇ ခု ရွှေဝါရောင် တော်လှန်ရေးအတွင်း စက်တင်ဘာ ၂၇ ရက်နေ့က ဆူးလေအနီး မှာစစ်သားတဦးက အနီးကပ်ပစ်လို့ သေဆုံးသွားသူဂျပန်အခြေစိုက် အေပီအဖ်သတင်းဌာနက မစ္စတာ နဂအိ ခန်းဂျီ (Kenji Nagai ) ရဲ့ ၉ နှစ်မြောက်အနေနဲ့ညီမဖြစ်သူ (နိုရိကို အိုဂ၀ စံ) Ogawa Noriko-san က မွေးရာဇာတိ (အိမ ဘရှီ ချီ) အုတ်ဂူမှာမှာ သွားရောက်ကန်တော့ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။
နဂအိစံ ရဲ့ဆန္ဒကို အကောင်အထယ်ဖော်ဖို့ မိသားစုဝင်သူတယောက်ထဲ ကျန်ပေမယ့် ဆက်လက်ပြီး မြန်မာအစိုးရကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် တောင်းဆိုသွားမှာပါ လို့လည်း ပြောသွားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရကနေ ဒီမိုကရေစီအစိုးရအဖြစ်ပြောင်းလဲလာပြီမို့ သူမ အကို မျှော်မှန်းခဲ့တဲ့ နိုင်ငံတကာက ပြည်သူတွေကို တင်ပြချင်တဲ့တိတ်ခွေနဲ့ ကင်မရာကို ပြန်လည် ရရှိရေးဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်းသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

ဖြစ်နိုင်ရင်လာမယ့်နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် ဂျပန်လာခဲ့ရင် တွေ့ဆုံပြောဆိုချင်ပါတယ် လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ကင်မရာပြန်လည်ရရှိရေး ဂျပန်ပြည်သူ ၁ သိန်း ၃ သောင်းကျော်ရဲ့ ဆန္ဒပြုတောင်းဆို လက်မှတ်တွေကို တိုကျိုမြန်မာသံရုံးကတဆင့်ပေးပို့ခဲ့ပြီး ထိုအချိန်ကဂျပန်အစိုးရက အိုဒီအေ အပါအ၀င်အကူအညီ အထောက်အပံ့တွေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

တိုကျိုအခြေစိုက် APF သတင်းဌာနမှာ ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ မစ္စတာနာဂအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ် သူဟာ အာဖဂန်နစ္စတနနိုင်ငံ၊ အီရတ်နဲ့ ပါလက်စတိုင်းနယ်စပ် အပါအ၀င်နိုင်ငံတကာက စစ်ပွဲသတင်းတွေနဲ့ဒုက္ခရောက်နေတဲ့ ကလေးသူငယ်တွေရဲ့သတင်းတွေကိုအဓိကထားကာ ဂျပန်နဲ့နိုင်ငံတကာကပြည်သူတွေကို သိအောင်သတင်းယူ ဆောင်ရွက်ခဲ့သူထင်ရှားတဲ့ ဂျပန်သတင်းထောက်တယောက်ဖြစ်ပါတယ်။



Credit:DVB

#Unicode Version
၂၀၀၇ ခုု ရွှေဝါရောင် တော်လှန်ရေးအတွင်း စက်တင်ဘာ ၂၇ ရက်နေ့က ဆူးလေအနီး မှာစစ်သားတဦးက အနီးကပ်ပစ်လို့ သေဆုံုးသွားသူဂျပန်အခြေစိုုက် အေပီအဖ်သတင်းဌာနက မစ္စတာ နဂအိ ခန်းဂျီ (Kenji Nagai ) ရဲ့ ၉ နှစ်မြောက်အနေနဲ့ညီမဖြစ်သူ (နိုရိကို အိုဂ၀ စံ) Ogawa Noriko-san က မွေးရာဇာတိ (အိမ ဘရှီ ချီ) အုုတ်ဂူမှာမှာ သွားရောက်ကန်တော့ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။
နဂအိစံ ရဲ့ဆန္ဒကို အကောင်အထယ်ဖော်ဖို့ မိသားစုဝင်သူတယောက်ထဲ ကျန်ပေမယ့် ဆက်လက်ပြီး မြန်မာအစိုးရကိုု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် တောင်းဆိုသွားမှာပါ လို့လည်း ပြောသွားခဲ့ပါတယ်။

လက်ရှိမြန်မာနိုုင်ငံမှာ စစ်အာဏာရှင်အစိုုးရကနေ ဒီမိုုကရေစီအစိုးရအဖြစ်ပြောင်းလဲလာပြီမို့ သူမ အကို မျှော်မှန်းခဲ့တဲ့ နိုင်ငံတကာက ပြည်သူတွေကို တင်ပြချင်တဲ့တိတ်ခွေနဲ့ ကင်မရာကို ပြန်လည် ရရှိရေးဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ကြောင်းသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

ဖြစ်နိုုင်ရင်လာမယ့်နိုုဝင်ဘာလ ဒေါ်အောင်ဆန်းစုုကြည် ဂျပန်လာခဲ့ရင် တွေ့ဆုံပြောဆိုချင်ပါတယ် လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ကင်မရာပြန်လည်ရရှိရေး ဂျပန်ပြည်သူ ၁ သိန်း ၃ သောင်းကျော်ရဲ့ ဆန္ဒပြုတောင်းဆို လက်မှတ်တွေကိုု တိုုကျိုမြန်မာသံရုံးကတဆင့်ပေးပို့ခဲ့ပြီး ထိုုအချိန်ကဂျပန်အစိုးရက အိုုဒီအေ အပါအဝင်အကူအညီ အထောက်အပံ့တွေ ယာယီရပ်ဆိုုင်းခဲ့ပါတယ်။

တိုကျိုအခြေစိုက် APF သတင်းဌာနမှာ ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ မစ္စတာနာဂအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီ ဖြစ်ပါတယ် သူဟာ အာဖဂန်နစ္စတနနိုင်ငံ၊ အီရတ်နဲ့ ပါလက်စတိုင်းနယ်စပ် အပါအဝင်နိုင်ငံတကာက စစ်ပွဲသတင်းတွေနဲ့ဒုက္ခရောက်နေတဲ့ ကလေးသူငယ်တွေရဲ့သတင်းတွေကိုုအဓိကထားကာ ဂျပန်နဲ့နိုုင်ငံတကာကပြည်သူတွေကိုု သိအောင်သတင်းယူ ဆောင်ရွက်ခဲ့သူထင်ရှားတဲ့ ဂျပန်သတင်းထောက်တယောက်ဖြစ်ပါတယ်။

ဂျပန်သတင်းထောက် နဂအိ ခန်းဂျီ (ပတ်စ်ပို့နံပါတ် MS00222000)ဟာ ဗွီဒီယိုနဲ့ ဓာတ်ပုံ မှတ်တမ်းအရ ယာဘက်ဝမ်းဗိုက်အောက် သေနတ်နဲ့ထပ်ဆင့်ပြီး အပစ်ခံခဲ့ရလို သေဆုံးခဲ့ရ ပါတယ်။

ပစ်သတ်ခံရမှုကို ဗွီဒီယိုမှတ်တမ်းတွေ ဓာတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေပေမယ့် သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ အဆိုပါပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့်ပေးခဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်ခဲ့သူတွေကို ယခုထိတိုင်အောင် တရားဥပဒေအရ အရေးယူတာ မရှိသေးပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top