Property Expo
×




Credit : Duwun

#Unicode Version

အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီရဲ့ အသက် ၄၅ နှစ်ပြည့်မွေးနေ့မှာ မာရီလင်မွန်ရိုး ဝတ်ဆင်ဖျော်ဖြေခဲ့တဲ့ ဝတ်စုံကို ကန်ဒေါ်လာာ ၃ သန်းနဲ့ လေလံတင်သွားမယ်လို့ သိရပါတယ်။ အဆိုပါတင်ဆက်မှုအပြီး နောက်သုံးလမပြည့်ခင်မှာ မွန်ရိုးကွယ်လွန်သွားခဲ့ပါတယ်။


မွန်ရိုးဝတ်ခဲ့တဲ့ဝတ်စုံကို ခရစ္စတယ်ကျောက်ပေါင်း ၂၅၀၀ ကျော်နဲ့ တန်ဆာဆင်ထားပြီး မွန်ရိုးအတွက် သီသန့်ဖန်တီးထားခဲ့တဲ့ဝတ်စုံပါ။ ယခုတော့ ယင်းဝတ်စုံကို ကန်ဒေါ်လာ နှစ်သန်းမှ သုံးသန်းအတွင်း လေလံတင်ရောင်းချနိုင်လိမ့်မယ်လို့ Julien လေလံအရောင်းက ဆိုပါတယ်။

ဒေါ်လာသုံးသန်းလောက်နဲ့ လေလံဆွဲမယ့်လူတွေလည်း အများအပြားရှိနေပြီး ကမ္ဘာတစ်ဝန်းက ပြတိုက်တွေ၊ အမှတ်တရပစ္စည်းစုဆောင်းသူတွေနဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံလိုသူတွေလည်း အများအပြားရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top