ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေလ့လာေတြ႕ရွိခ်က္ေတြအရ သီခ်င္းနားေထာင္တဲ့လူေတြ ၊ သီခ်င္းဆုိတဲ့လူေတြနဲ႕ သီခ်င္းေရးစပ္သူေတြဟာ သူမ်ားေတြထက္ ေပ်ာ္ရႊင္မႈကို ပိုမိုခံစားၾကရပါတယ္တဲ့။ ဂီတဆိုတာ ေန႕စဥ္ဘ၀ေတြအတြ္ အင္အားေတြ၊ ခြန္အားေတြ ေပးစြမ္းႏိုင္တဲ့အရာဆုိတာ ဘယ္သူမွ ျငင္းလို႕မရပါဘူး။ ဂီတသာ မရွိရင္ ဒီကမ႓ာၾကီးေပၚမွာ လူသားေတြ ဘယ္လိုေနထုိင္ေနၾကရမလဲဆုိတာ စဥ္းစားစရာအျမဲျဖစ္ခဲ့ပါတယ္။ အနည္းဆံုးေတာ့ ၀မ္းနည္းစရာ၊ ပ်င္းစရာေကာင္းေနမွာပဲေလ။
 
ၾသစေၾတးလ်ႏိုင္ငံရဲ႕ ေလ့လာေတြ႕ရွိခ်က္တစ္ခုအရ ဂီတေဖ်ာ္ေျဖပြဲေတြသြားတတ္တဲ့ လူေတြဟာ အျခားလူေတြထက္ ပိုမို ေပ်ာ္ရႊင္ၾကသူေတြပါတဲ့။ ဒီသုေတသနဟာ လူေတြရဲ႕ ေပ်ာ္ရႊင္မႈအဆင့္ေတြကို  သူတုိ႕ ဂီတေဖ်ာ္ေျဖပြဲေတြ သြားမသြားေပၚ မူတည္ျပီး အေျဖထုတ္ေပးခဲ့တာပါ။ 
 
ၾသစေၾတးလ်ႏိုင္ငံက ဖုန္းနဲ႕ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခ်ိဳ႕မွာလည္း လူအေယာက္ေပါင္း ၁၀၀၀ကို သူတုိ႕ဘ၀ရွင္သန္မႈေတြကို သူတုိ႕ေက်နပ္ၾကရဲ႕လားဆုိတာ ေမးျမန္းခဲ့ပါတယ္။ ဆက္စပ္ေမးခြန္းေတြအေနနဲ႕ သူတုိ႕ရဲ႕က်န္းမာေရး၊ အခ်စ္ေရး ၊ ေအာင္ျမင္မႈ ၊သီခ်င္းနားေထာင္တဲ့ အေလ့အက်င့္ေတြအျပင္ သူတုိ႕ေတြ သီခ်င္းနားေထာင္သလား၊ တူရိယာတစ္ခုခု တီးခတ္ၾကသလား၊ သီခ်င္းဆုိသလား၊ ကသလား ၊ ဂီတေဖ်ာ္ေျဖပြဲေတြေရာ သြားၾကသလားဆုိတာကိုပါ ထပ္မံေမးျမန္းခဲ့ပါသးတယ္။
 
အဲ့ဒီမွာ ေတြ႕ရွိခဲ့တာက ေဖ်ာ္ေျဖပြဲေတြကို မၾကာခဏသြားတတ္ၾကတဲ့ လူေတြဟာ သူတုိ႕ဘ၀ကို သူတုိ႕ေက်နပ္ေပ်ာ္ရႊင္ ေနၾကတာကို ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ သီခ်င္းဆုိတဲ့သူေတြ၊ ကတဲ့သူေတြဟာ သီခ်င္းမဆုိတဲ့သူ၊ မကတဲ့သူေတြထက္ပိုျပီး သူတုိ႕ဘ၀ေတြကုိစိတ္ေက်နပ္မႈ ရွိေနျပန္ပါတယ္။
 
Pacific Standard မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ  ေဖ်ာ္ေျဖပြဲေတြ မသြားတတ္သူေတြ၊ သီခ်င္းမဆုိ၊ မကတဲ့သူေတြဟာ သူတုိ႕ဘ၀ကို စိတ္ပ်က္ျငီးေငြ႕ေနတတ္ၾကျပီး အျခား ဘ၀ေအာင္ျမင္မႈနဲ႕ လူမႈဆက္ဆံေရးအပိုင္းေတြမွာလည္း အားနည္းၾကတာ ေတြ႕ရပါတယ္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar
 
#Unicode Version
 
 လေ့လာတွေ့ရှိချက်တွေအရ သီချင်းနားထောင်တဲ့လူတွေ ၊ သီချင်းဆိုတဲ့လူတွေနဲ့ သီချင်းရေးစပ်သူတွေဟာ သူများတွေထက် ပျော်ရွှင်မှုကို ပိုမိုခံစားကြရပါတယ်တဲ့။ ဂီတဆိုတာ နေ့စဉ်ဘဝတွေအတွ် အင်အားတွေ၊ ခွန်အားတွေ ပေးစွမ်းနိုင်တဲ့အရာဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဂီတသာ မရှိရင် ဒီကမ္ဘာကြီးပေါ်မှာ လူသားတွေ ဘယ်လိုနေထိုင်နေကြရမလဲဆိုတာ စဉ်းစားစရာအမြဲဖြစ်ခဲ့ပါတယ်။ အနည်းဆုံးတော့ ဝမ်းနည်းစရာ၊ ပျင်းစရာကောင်းနေမှာပဲလေ။

သြစတြေးလျနိုင်ငံရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဂီတဖျော်ဖြေပွဲတွေသွားတတ်တဲ့ လူတွေဟာ အခြားလူတွေထက် ပိုမို ပျော်ရွှင်ကြသူတွေပါတဲ့။ ဒီသုတေသနဟာ လူတွေရဲ့ ပျော်ရွှင်မှုအဆင့်တွေကို  သူတို့ ဂီတဖျော်ဖြေပွဲတွေ သွားမသွားပေါ် မူတည်ပြီး အဖြေထုတ်ပေးခဲ့တာပါ။

သြစတြေးလျနိုင်ငံက ဖုန်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ချို့မှာလည်း လူအယောက်ပေါင်း ၁၀၀၀ကို သူတို့ဘဝရှင်သန်မှုတွေကို သူတို့ကျေနပ်ကြရဲ့လားဆိုတာ မေးမြန်းခဲ့ပါတယ်။ ဆက်စပ်မေးခွန်းတွေအနေနဲ့ သူတို့ရဲ့ကျန်းမာရေး၊ အချစ်ရေး ၊ အောင်မြင်မှု ၊သီချင်းနားထောင်တဲ့ အလေ့အကျင့်တွေအပြင် သူတို့တွေ သီချင်းနားထောင်သလား၊ တူရိယာတစ်ခုခု တီးခတ်ကြသလား၊ သီချင်းဆိုသလား၊ ကသလား ၊ ဂီတဖျော်ဖြေပွဲတွေရော သွားကြသလားဆိုတာကိုပါ ထပ်မံမေးမြန်းခဲ့ပါသးတယ်။

အဲ့ဒီမှာ တွေ့ရှိခဲ့တာက ဖျော်ဖြေပွဲတွေကို မကြာခဏသွားတတ်ကြတဲ့ လူတွေဟာ သူတို့ဘဝကို သူတို့ကျေနပ်ပျော်ရွှင် နေကြတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သီချင်းဆိုတဲ့သူတွေ၊ ကတဲ့သူတွေဟာ သီချင်းမဆိုတဲ့သူ၊ မကတဲ့သူတွေထက်ပိုပြီး သူတို့ဘဝတွေကိုစိတ်ကျေနပ်မှု ရှိနေပြန်ပါတယ်။

Pacific Standard မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ  ဖျော်ဖြေပွဲတွေ မသွားတတ်သူတွေ၊ သီချင်းမဆို၊ မကတဲ့သူတွေဟာ သူတို့ဘဝကို စိတ်ပျက်ငြီးငွေ့နေတတ်ကြပြီး အခြား ဘဝအောင်မြင်မှုနဲ့ လူမှုဆက်ဆံရေးအပိုင်းတွေမှာလည်း အားနည်းကြတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top