Property Expo
×

ဂ်ိမ္းစ္ဘြန္းမင္းသားအျဖစ္ သ႐ုပ္ေဆာင္ဖူးတဲ့ ၿဗိတိန္သ႐ုပ္ေဆာင္ ပီယာ့စ္ဘေရာ့စနန္ေၾကာင့္ ဝက္စ္ဟမ္းအသင္း အိမ္ကြင္းအေဟာင္းျဖစ္တဲ့ အက္တန္ပါ့ခ္မွာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

ပီယာ့စ္ဘေရာ့စနန္ ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ ေဟာလီးဝုဒ္ ႐ုပ္ရွင္ဇာတ္ကားထဲက ဇာတ္ဝင္ခန္းအခ်ိဳ႕ကို ဝက္စ္ဟမး္အသင္း အိမ္ကြင္း အက္တန္ပါ့ခ္မွာ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဇာတ္ဝင္ခန္းအတြက္ လိုအပ္တဲ့ ေဖာက္ခြဲမႈအခ်ိဳ႕ကို ေဘာလံုးကြင္းထဲမွာ ျပဳလုပ္ဖို႔ တာဝန္ရွိသူေတြ ခြင့္ျပဳခဲ့တာပါ။ အက္တန္ပါ့ခ္ေဘာလံုးကြင္းက ဝက္စ္ဟမ္းအသင္းမႏွစ္ကအထိ အိမ္ကြင္းအျဖစ္ အသံုးျပဳခဲ့တာျဖစ္ၿပီး အခုေတာ့ အားကစားကြင္းကို ဖ်က္ကာ အေဆာက္အဦသစ္ေတြ ဖန္တီးသြားမွာ ျဖစ္ပါတယ္။
ဇာတ္ဝင္ခန္းအခ်ိဳ႕ ႐ုိက္ကူးစဥ္

ဝက္စ္ဟမ္းအသင္း ကာလၾကာရွည္အသံုးျပဳခဲ့တဲ့ အိမ္ကြင္း ထိုင္ခံုေတြဟာ ဗံုးေဖာက္ခြဲမႈေၾကာင့္ လြင့္စင္သြားတာ ဓာတ္ပံုနဲ႔ ဗီဒီယိုေတြထဲမွာ ေတြ႔ခဲ့ရပါတယ္။ လူမႈကြန္ယက္ေပၚမွာ ဝက္စ္ဟမ္းပရိသတ္အခ်ိဳ႕ကဓာတ္ပံုေတြၾကည့္ၿပီးဝမ္းနည္းေနၾကပါတယ္။
ဝက္စ္ဟမ္းေဘာလံုးအသင္း ႏွစ္ေပါင္းတစ္ရာေက်ာ္ေလာက္ အသံုးျပဳခဲ့တဲ့ အိမ္ကြင္းဟာ ေဖာက္ခြဲဖ်က္စီး ခံလိုက္ရပါတယ္။
Source  : Mirror

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် သရုပ်ဆောင်ဖူးတဲ့ ဗြိတိန်သရုပ်ဆောင် ပီယာ့စ်ဘရော့စနန်ကြောင့် ဝက်စ်ဟမ်းအသင်း အိမ်ကွင်းအဟောင်းဖြစ်တဲ့ အက်တန်ပါ့ခ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။



ပီယာ့စ်ဘရော့စနန် ပါဝင်သရုပ်ဆောင်နေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအချို့ကို ဝက်စ်ဟမ်းအသင်း အိမ်ကွင်း အက်တန်ပါ့ခ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့ ဖောက်ခွဲမှုအချို့ကို ဘောလုံးကွင်းထဲမှာ ပြုလုပ်ဖို့ တာဝန်ရှိသူတွေ ခွင့်ပြုခဲ့တာပါ။ အက်တန်ပါ့ခ်ဘောလုံးကွင်းက ဝက်စ်ဟမ်းအသင်းမနှစ်ကအထိ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး အခုတော့ အားကစားကွင်းကို ဖျက်ကာ အဆောက်အဦသစ်တွေ ဖန်တီးသွားမှာ ဖြစ်ပါတယ်။
ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးစဉ်



ဝက်စ်ဟမ်းအသင်း ကာလကြာရှည်အသုံးပြုခဲ့တဲ့ အိမ်ကွင်း ထိုင်ခုံတွေဟာ ဗုံးဖောက်ခွဲမှုကြောင့် လွင့်စင်သွားတာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ တွေ့ခဲ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ဝက်စ်ဟမ်းပရိသတ်အချို့ကဓာတ်ပုံတွေကြည့်ပြီးဝမ်းနည်းနေကြပါတယ်။

ဝက်စ်ဟမ်းဘောလုံးအသင်း နှစ်ပေါင်းတစ်ရာကျော်လောက် အသုံးပြုခဲ့တဲ့ အိမ်ကွင်းဟာ ဖောက်ခွဲဖျက်စီး ခံလိုက်ရပါတယ်။

Source  : Mirror



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top