Property Expo
×

ကိုယ္၀န္ေဆာင္ခ်ိန္ အေစာပိုင္းလေတြမွာ ဇီကာဗိုင္းရပ္ ကူးစက္ခံရတဲ့ ကေလးေတြရဲ႕ ၆ ရာခိုင္ႏႈန္းဟာ အၾကားအာရံု ထိခိုက္ႏိုင္ေခ်ရွိပါတယ္။ ကေလးငယ္ရဲ႕ ဦးေခါင္းနဲ႔ ဦးေဏွာက္ ဟာ ပံုမမွန္ပဲ ေသးငယ္ေနၿပီး အျမင္အာရံုနဲ႔ အရိုးအဆစ္ေတြ ပံုမွန္မဟုတ္တဲ့ ျပသာနာေတြ ရွိေနပါတယ္။

ဘရာဇီး ႏိုင္ငံမွာ ဇီကာဗိုင္းရပ္ေၾကာင့္ ေမြးကင္းစကေလးေတြမွာ အၾကားအာရံုေပ်ာက္ဆံုးမႈအေပၚ ေလ့လာခဲ့ၾကပါတယ္။

ေမြးဖြားေနစဥ္ နဲ႔ ေမြးဖြားၿပီးေနာက္ပိုင္း အခ်ိန္ေတြမွာ တျခားပံုစံတူ ကူးစက္မႈေၾကာင့္ အၾကားအာရံုေပ်ာက္ဆံုးတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ရွိၿပီးသားအခ်က္အလက္ေတြကို ကိုးကားရမယ္ဆိုရင္ေတာ့ အဓိက က ဇီကာဗိုင္းရပ္ ကူးစပ္ခံရမႈေၾကာင့္ပါ။

အၾကားအာရံု ေပ်ာက္ဆံုးတာက ဇီကာဗိုင္းရပ္ရဲ႕ စိုးရိမ္ရတဲ့ သက္ေရာက္မႈတစ္ခုတည္းေတာ့ မဟုတ္ပါဘူး။ ေမြးကင္းစ ကေလးေတြကို ေမြးဖြားၿပီး အနည္းဆံုး ႏွစ္လ အေတာအတြင္းမွာပါ ဗိုင္းရပ္က အသက္ရွင္ေနႏိုင္ၿပီး ထိခုိက္ေစႏိုင္ပါတယ္။

ဇီကာဗိုင္းရပ္က အေျခခံအားျဖင့္ ျခင္ကိုက္ခံရတာ နဲ႕ ကိုယ္လက္ႏွီးေႏွာတာေတြက တဆင့္ ကူးစက္တတ္တာပါ။

ဇန္န၀ါရီလမွာ ေမြးဖြားခဲ့တဲ့ ဗိုင္းရပ္ ကူးစက္ခံထားရတဲ့ မိခင္တစ္ဦးကို ေလ့လာၾကည့္တဲ႔အခါ ကူးစက္ခံရတဲ့ မိခင္က အဖ်ားေသြးရွိတာ၊ အင္ျပင္ထတာ ၊ ေခါင္းကိုက္တာေတြ ၊ အဆစ္အျမစ္ ေရာင္တာေတြကို ကိုယ္၀န္ေဆာင္စဥ္ ၂၆ ပါတ္အတြင္ ခံစားရပါတယ္။ ဇီကာဗိုင္းရပ္ ျဖစ္ပြားေနတဲ့ ေနရာဘက္ကိုေရာက္ရွိၿပီး ျပန္လာတဲ့ ကေလးအေဖျဖစ္သူနဲ႕ ကိုယ္လက္ႏွီးေႏွာ ျခင္းေၾကာင့္ ကူးစက္ခံရတာပါ။

ကေလးဟာ ေခါင္းအရြယ္အစားပံုမွန္ရွိၿပီး  က်န္းက်န္းမာမာ နဲ႔ ေမြးဖြားႏိုင္ခဲ့ေပမယ့္ ကေလးရဲ႕ သားရည္ နဲ႕ ဆီး ထဲမွာ ဇီကာဗိုင္းရပ္ ရွိေနတာကို ေမြးဖြားၿပီး ၅၄ရက္အၾကာမွာ  စစ္ေဆးေတြ႔ရွိခဲ့ၿပီး ၆၇ ရက္အၾကာမွာေတာ့ ေသြးထဲမွာပါ ေတြ႔ရွိခဲ့ပါတယ္။

ေသြးကို ေတာက္ေလွ်ာက္စစ္ေဆးၾကည့္လာတဲ့အခါမွာ ကေလး ၈ လ အရြယ္ေလာက္ေရာက္တဲ့အထိ ဇီကာဗိုင္းရပ္ကို မေတြ႕ရပါဘူး။

ဒါေပမယ့္ အသက္ ၆လ အရြယ္ကစၿပီး အာရံုေၾကာ ဖြံ႔ၿဖိဳးမႈေတြ ေႏွးေကြးလာၿပီး ၾကြက္သားေတာင့္မႈမရွိတာေတြ သြပ္ခ်ာပါဒ ေရာဂါေတြ ျဖစ္ေပၚလာပါတယ္။

အံ့အားသင့္စရာ အေကာင္းဆံုးကေတာ့ အသက္ႏွစ္လၾကာေအာင္ ကေလးဆီမွာ အသက္ရွင္ေနတဲ့ ဗိုင္းရပ္ေၾကာင့္ အေျခအေနေတြက ပိုပိုဆိုးလာတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

 ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းလတွေမှာ ဇီကာဗိုင်းရပ် ကူးစက်ခံရတဲ့ ကလေးတွေရဲ့ ၆ ရာခိုင်နှုန်းဟာ အကြားအာရုံ ထိခိုက်နိုင်ချေရှိပါတယ်။ ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ ဦးဏှောက် ဟာ ပုံမမှန်ပဲ သေးငယ်နေပြီး အမြင်အာရုံနဲ့ အရိုးအဆစ်တွေ ပုံမှန်မဟုတ်တဲ့ ပြသာနာတွေ ရှိနေပါတယ်။

ဘရာဇီး နိုင်ငံမှာ ဇီကာဗိုင်းရပ်ကြောင့် မွေးကင်းစကလေးတွေမှာ အကြားအာရုံပျောက်ဆုံးမှုအပေါ် လေ့လာခဲ့ကြပါတယ်။

မွေးဖွားနေစဉ် နဲ့ မွေးဖွားပြီးနောက်ပိုင်း အချိန်တွေမှာ တခြားပုံစံတူ ကူးစက်မှုကြောင့် အကြားအာရုံပျောက်ဆုံးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှိပြီးသားအချက်အလက်တွေကို ကိုးကားရမယ်ဆိုရင်တော့ အဓိက က ဇီကာဗိုင်းရပ် ကူးစပ်ခံရမှုကြောင့်ပါ။

အကြားအာရုံ ပျောက်ဆုံးတာက ဇီကာဗိုင်းရပ်ရဲ့ စိုးရိမ်ရတဲ့ သက်ရောက်မှုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ မွေးကင်းစ ကလေးတွေကို မွေးဖွားပြီး အနည်းဆုံး နှစ်လ အတောအတွင်းမှာပါ ဗိုင်းရပ်က အသက်ရှင်နေနိုင်ပြီး ထိခိုက်စေနိုင်ပါတယ်။

ဇီကာဗိုင်းရပ်က အခြေခံအားဖြင့် ခြင်ကိုက်ခံရတာ နဲ့ ကိုယ်လက်နှီးနှောတာတွေက တဆင့် ကူးစက်တတ်တာပါ။

ဇန်နဝါရီလမှာ မွေးဖွားခဲ့တဲ့ ဗိုင်းရပ် ကူးစက်ခံထားရတဲ့ မိခင်တစ်ဦးကို လေ့လာကြည့်တဲ့အခါ ကူးစက်ခံရတဲ့ မိခင်က အဖျားသွေးရှိတာ၊ အင်ပြင်ထတာ ၊ ခေါင်းကိုက်တာတွေ ၊ အဆစ်အမြစ် ရောင်တာတွေကို ကိုယ်ဝန်ဆောင်စဉ် ၂၆ ပါတ်အတွင် ခံစားရပါတယ်။ ဇီကာဗိုင်းရပ် ဖြစ်ပွားနေတဲ့ နေရာဘက်ကိုရောက်ရှိပြီး ပြန်လာတဲ့ ကလေးအဖေဖြစ်သူနဲ့ ကိုယ်လက်နှီးနှော ခြင်းကြောင့် ကူးစက်ခံရတာပါ။

ကလေးဟာ ခေါင်းအရွယ်အစားပုံမှန်ရှိပြီး  ကျန်းကျန်းမာမာ နဲ့ မွေးဖွားနိုင်ခဲ့ပေမယ့် ကလေးရဲ့ သားရည် နဲ့ ဆီး ထဲမှာ ဇီကာဗိုင်းရပ် ရှိနေတာကို မွေးဖွားပြီး ၅၄ရက်အကြာမှာ  စစ်ဆေးတွေ့ရှိခဲ့ပြီး ၆၇ ရက်အကြာမှာတော့ သွေးထဲမှာပါ တွေ့ရှိခဲ့ပါတယ်။

သွေးကို တောက်လျှောက်စစ်ဆေးကြည့်လာတဲ့အခါမှာ ကလေး ၈ လ အရွယ်လောက်ရောက်တဲ့အထိ ဇီကာဗိုင်းရပ်ကို မတွေ့ရပါဘူး။

ဒါပေမယ့် အသက် ၆လ အရွယ်ကစပြီး အာရုံကြော ဖွံ့ဖြိုးမှုတွေ နှေးကွေးလာပြီး ကြွက်သားတောင့်မှုမရှိတာတွေ သွပ်ချာပါဒ ရောဂါတွေ ဖြစ်ပေါ်လာပါတယ်။

အံ့အားသင့်စရာ အကောင်းဆုံးကတော့ အသက်နှစ်လကြာအောင် ကလေးဆီမှာ အသက်ရှင်နေတဲ့ ဗိုင်းရပ်ကြောင့် အခြေအနေတွေက ပိုပိုဆိုးလာတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top