Property Expo
×

မန္ယူအသင္း ကစားရမယ့္ ေဇာ္ယာလူဟန္႔စ္အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္႐ြန္ေနးကို အရန္ခံုမွာထားဦးမယ္လို႔ နည္းျပေမာ္ရင္ဟိုက အရိပ္အျမြက္ေျပာၾကားလုိက္ပါတယ္။

႐ြန္ေနးဟာ အဂၤါေန႔က အသင္းနဲ႔ ေလ့က်င့္ခန္းမဆင္းႏုိင္ခဲ့တဲ့အတြက္လည္း ေမာ္ရင္ဟိုက ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အရန္ခံုပို႔ပစ္ဖို႔ စီစဥ္လုိုက္တာျဖစ္ပါတယ္။ ပထမထြက္ခဲ့တဲ့ သတင္းေတြအရ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ႐ြန္ေနးကို ပြဲထြက္စာရင္းက ခ်န္လွပ္ခဲ့တဲ့အတြက္ ယူ႐ိုပါလိဂ္ပြဲစဥ္မွာထည့္သြင္းကစားမယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့လည္း ႐ြန္ေနးကို ဆက္ၿပီးအနားေပးထားတာက ကစားသမားကို ကာကြယ္ေပးရာ ေရာက္တယ္လို႔ ယူဆေၾကာင္း ေမာ္ရင္ဟိုက ေျပာပါတယ္။

ဒီရာသီမွာ ေျခစြမ္းမျပႏုိင္တဲ့အျပင္ တစ္ဂိုးသာသြင္းထားႏုိင္တဲ့ ႐ြန္ေနးကို လက္စတာနဲ႔ပြဲစဥ္မွာ အရန္ခံုပို႔ခဲ့ၿပီးေနာက္ အသင္းက လက္စတာကို ဂိုးျပတ္အႏုိင္ရခဲ့တာျဖစ္ပါတယ္။ " ကၽြန္ေတာ္က သူ႔ကိုကာကြယ္ေပးရမွာပါ။ ခက္ခဲတဲ့ အေျခအေနထဲကို ဆြဲသြင္းပစ္ဖို႔ မဟုတ္ပါဘူး" လို႔ ေမာ္ရင္ဟိုက ဆိုပါတယ္။ ႐ြန္ေနးရဲ႕ အေကာင္းဆံုး အေျခအေနကို ဖန္တီးေပးဖို႔ ေလ့လာခ်က္ေတြ လုပ္ရမွာ၊ ေဆြးေႏြးရမွာ နည္းျပရဲ႕တာဝန္သာျဖစ္တယ္လို႔ ေမာ္ရင္ဟိုက ဆက္ေျပာခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ ကစားမယ့္ မန္ယူအသင္းရဲ႕ကြင္းလယ္မွာ ဟာရဲယား၊ လင္ဂတ္၊ မာတာတို႔ကိုပဲ ထည့္သြင္းကစားဖြယ္ ရွိေနပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Sun

#Unicode Version
မန်ယူအသင်း ကစားရမယ့် ဇော်ယာလူဟန့်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်ရွန်နေးကို အရန်ခုံမှာထားဦးမယ်လို့ နည်းပြမော်ရင်ဟိုက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ရွန်နေးဟာ အင်္ဂါနေ့က အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တဲ့အတွက်လည်း မော်ရင်ဟိုက ယူရိုပါလိဂ်ပွဲစဉ်မှာ အရန်ခုံပို့ပစ်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ ပထမထွက်ခဲ့တဲ့ သတင်းတွေအရ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရွန်နေးကို ပွဲထွက်စာရင်းက ချန်လှပ်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ပွဲစဉ်မှာထည့်သွင်းကစားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရွန်နေးကို ဆက်ပြီးအနားပေးထားတာက ကစားသမားကို ကာကွယ်ပေးရာ ရောက်တယ်လို့ ယူဆကြောင်း မော်ရင်ဟိုက ပြောပါတယ်။


ဒီရာသီမှာ ခြေစွမ်းမပြနိုင်တဲ့အပြင် တစ်ဂိုးသာသွင်းထားနိုင်တဲ့ ရွန်နေးကို လက်စတာနဲ့ပွဲစဉ်မှာ အရန်ခုံပို့ခဲ့ပြီးနောက် အသင်းက လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ " ကျွန်တော်က သူ့ကိုကာကွယ်ပေးရမှာပါ။ ခက်ခဲတဲ့ အခြေအနေထဲကို ဆွဲသွင်းပစ်ဖို့ မဟုတ်ပါဘူး" လို့ မော်ရင်ဟိုက ဆိုပါတယ်။ ရွန်နေးရဲ့ အကောင်းဆုံး အခြေအနေကို ဖန်တီးပေးဖို့ လေ့လာချက်တွေ လုပ်ရမှာ၊ ဆွေးနွေးရမှာ နည်းပြရဲ့တာဝန်သာဖြစ်တယ်လို့ မော်ရင်ဟိုက ဆက်ပြောခဲ့ပါတယ်။

ယူရိုပါလိဂ် ကစားမယ့် မန်ယူအသင်းရဲ့ကွင်းလယ်မှာ ဟာရဲယား၊ လင်ဂတ်၊ မာတာတို့ကိုပဲ ထည့်သွင်းကစားဖွယ် ရှိနေပါတယ် ။


ဖိုးသူတော် (www.phothutaw.com)
Credit:The Sun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top