Property Expo
×





Credit : thithtoolwin

#Unicode Version

ဖင်လန်နိုင်ငံက လေ့လာတွေ့ရှိချက် အသစ်အရ ကလေးတွေရဲ့ ကျောင်းတတ်တဲ့ အစောပိုင်း၃နှစ်မှာ ကျန်းမာတဲ့ စားသောက်မှုပုံစံ ရရှိခဲ့မယ်ဆိုရင် သူတို့ရဲ့ စာဖတ်စွမ်းရည်က ပိုမိုကောင်းမွန် တိုးတက်လာနိုင်ပါတယ်။

ဖင်လန်နိုင်ငံအရှေ့ပိုင်း တက္ကသိုလ်က ပညာရှင်တွေက Grade one နဲ့ three ကြားမှာရှိတဲ့ ကလေးတွေကို လေ့လာတဲ့နေရာမှာ မှန်ကန်ကောင်းမွန်တဲ့ စားသောက်မှုပုံစံရှိတဲ့ ကလေးတွေက ပိုပြီး တော်ကြတတ်ကြတာကို တွေ့ရပါတယ်။

စားသောက်မှုပုံစံ ကောင်းမွန်တာက စာဖတ်စွမ်းရည်မှာ ကောင်းမွန်တာအပြင် ပေါင်းသင်းဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ၊ ခန္ဓာကိုယ် အဆီဓါတ် နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတွေ မှာလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

ဒါကြောင့် ပညာရှင်တွေက မိဘတွေ၊ ကျောင်းတွေ၊ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို ကလေးတွေ အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို ဖန်တီးပေးဖို့ တိုက်တွန်းကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top