Kantharyar Centre
×

 ေခါင္းတစ္ျခမ္းကိုက္သည့္ ေ၀ဒနာကိုမၾကာခဏခံစားေနရ သူအေရအတြက္မွာ နည္းပါးေသာ္လည္း သိသာထင္ရွားေသာ အေရအတြက္ရိွေနဆဲျဖစ္သည္။


ေန႔စဥ္မိနစ္အနည္းငယ္မွ် တရားထုိင္ေပးျခင္းျဖင့္ စိတ္ဖိစီး မႈေလ်ာ့က်ေစႏုိင္ေၾကာင္း ေလ့လာမႈမ်ားကေဖာ္ျပသည္။ တရား ထုိင္ျခင္းႏွင့္ ေယာဂက်င့္သည့္နည္းအတုိင္း အသက္႐ွဴေလ့က်င့္ ခန္းလုပ္ျခင္းျဖင့္ ေခါင္းတစ္ျခမ္းကုိက္သည့္ ေ၀ဒနာကိုသက္သာ ေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ေခါင္းကိုက္ျခင္းကို အဓိကျဖစ္ေစႏုိင္ေသာအရာမွာ စိတ္ဖိစီးျခင္းျဖစ္ၿပီး ေခါင္းတစ္ျခမ္းကုိက္ျခင္းႏွင့္ စိတ္ဖိစီးမႈကုိ ေလ်ာ့က်ေစႏုိင္သည့္ တရားထုိင္ျခင္းႏွင့္ ပတ္သက္ေသာ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကုိ ေဒါက္တာေရဗကၠာအာ၀င္၀ဲလ္စ္က ‘‘Headche’’ဂ်ာနယ္တြင္ ယခုသီ တင္းပတ္အတြင္း ေထာက္ျပေရး သားထားသည္။

ေခါင္းတစ္ျခမ္းကိုက္ေ၀ဒနာခံစားရသူ ၁၉ ဦးကုိ သုေတသီမ်ားက အုပ္စုႏွစ္စုခဲြကာ ၁၀ ဦးကိုတရားထုိင္ျခင္း၊ ေယာဂနည္းအတုိင္း အသက္႐ွဴေလ့က်င့္ခန္းျပဳလုပ္ရန္ ၫႊန္ၾကားခုိင္းေစခဲ့သည္။ ၎တို႔ကုိ သီတင္းအပတ္စဥ္တုိင္း ငါးရက္ၾကာမွ်တစ္ေန႔လွ်င္ ၄၅ မိနစ္စီ တရားထိုင္ခုိင္းခဲ့သည္။ အျခားေ၀ဒနာရွင္ကုိးဦးကို စံခ်ိန္မီေဆး၀ါးမ်ားျဖင့္ ကုသေပးခဲ့သည္။ ထို႔ေနာက္၎တို႔၏ ေခါင္းကိုက္ေ၀ဒနာခံစားရမႈအဆင့္ႏွင့္ ၾကာျမင့္ခ်ိန္တုိ႔ကုိ သုေတသီမ်ားက ေမးျမန္းေလ့လာခဲ့သည္။

တရားထိုင္ေသာ ေ၀ဒနာရွင္မ်ားမွာ ေခါင္းတစ္ျခမ္းကိုက္ ေ၀ဒနာေလ်ာ့ပါးသြားၿပီး ေ၀ဒနာျပင္းထန္မႈပုိနည္းသြားေၾကာင္း သု ေတသီမ်ားက စစ္ေဆးေတြ႕ရိွခဲ့သည္။ ၎တို႔သည္ စိတ္ပုိင္းဆုိင္ ရာက်န္းမာေရးပိုေကာင္းလာၿပီး ေခါင္းကိုက္ေ၀ဒနာကို ထိန္းခ်ဳပ္ ခံစားႏုိင္မႈလည္း ပုိလာေၾကာင္း ေဒါက္တာ၀ဲလ္စ္ကေျပာသည္။

တရားထိုင္ျခင္းႏွင့္ အသက္႐ွဴေလ့က်င့္ခန္းလုပ္ၿပီး ေခါင္းကုိက္ေ၀ဒနာကို ကုသသူမ်ားမွာ ေဆး၀ါးျဖင့္ကုသသူမ်ားထက္ ပုိမုိသက္သာမႈရိွေၾကာင္း ယခု ေလ့လာမႈကေဖာ္ျပသည္။      

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။


နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြသည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့်သည့်နည်းအတိုင်း အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ခေါင်းကိုက်ခြင်းကို အဓိကဖြစ်စေနိုင်သောအရာမှာ စိတ်ဖိစီးခြင်းဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် တရားထိုင်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဒေါက်တာရေဗက္ကာအာဝင်ဝဲလ်စ်က ‘‘Headche’’ဂျာနယ်တွင် ယခုသီ တင်းပတ်အတွင်း ထောက်ပြရေး သားထားသည်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရသူ ၁၉ ဦးကို သုတေသီများက အုပ်စုနှစ်စုခွဲကာ ၁၀ ဦးကိုတရားထိုင်ခြင်း၊ ယောဂနည်းအတိုင်း အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ရန် ညွှန်ကြားခိုင်းစေခဲ့သည်။ ၎င်းတို့ကို သီတင်းအပတ်စဉ်တိုင်း ငါးရက်ကြာမျှတစ်နေ့လျှင် ၄၅ မိနစ်စီ တရားထိုင်ခိုင်းခဲ့သည်။ အခြားဝေဒနာရှင်ကိုးဦးကို စံချိန်မီဆေးဝါးများဖြင့် ကုသပေးခဲ့သည်။ ထို့နောက်၎င်းတို့၏ ခေါင်းကိုက်ဝေဒနာခံစားရမှုအဆင့်နှင့် ကြာမြင့်ချိန်တို့ကို သုတေသီများက မေးမြန်းလေ့လာခဲ့သည်။

တရားထိုင်သော ဝေဒနာရှင်များမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာလျော့ပါးသွားပြီး ဝေဒနာပြင်းထန်မှုပိုနည်းသွားကြောင်း သု တေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင် ရာကျန်းမာရေးပိုကောင်းလာပြီး ခေါင်းကိုက်ဝေဒနာကို ထိန်းချုပ် ခံစားနိုင်မှုလည်း ပိုလာကြောင်း ဒေါက်တာဝဲလ်စ်ကပြောသည်။

တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး ခေါင်းကိုက်ဝေဒနာကို ကုသသူများမှာ ဆေးဝါးဖြင့်ကုသသူများထက် ပိုမိုသက်သာမှုရှိကြောင်း ယခု လေ့လာမှုကဖော်ပြသည်။      


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top