Property Expo
×

ၿဗိတိန္ႏုိင္ငံရိွ လူေလးဦးတြင္ သံုးဦး (၇၅ ရာခုိင္ႏႈန္း)သည္ အ၀လြန္ျခင္းႏွင့္ ကင္ဆာေရာဂါအၾကား ဆက္စပ္မႈကို သတိမျပဳမိ ၾကေၾကာင္း မၾကာမီက ျပဳလုပ္ေသာ ေလ့လာမႈတစ္ခုအရသိရ သည္။

နိမ့္ပါးေသာ လူမႈစီးပြားေရး ေနာက္ခံရိွသူမ်ားသည္ ယင္းဆက္ စပ္မႈကို သိရိွႏုိင္ေျခပုိနည္းၿပီး အ၀လြန္ျခင္းေၾကာင့္ျဖစ္ေသာ ကင္ ဆာေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္တက္လာမႈကုိ အမ်ိဳးသမီးမ်ား ထက္ပို၍ အမ်ိဳးသားမ်ားက သတိျပဳမိႏုိင္ေျခပုိနည္းေၾကာင္း ၿဗိတိန္ ႏုိင္ငံတစ္၀န္း ျပဳလုပ္ခဲ့ေသာ ယင္းေလ့လာမႈက ေဖာ္ျပသည္။

အ၀လြန္ျခင္းသည္ သားအိမ္ကင္ဆာျဖစ္ပြားမႈႏွင့္ သိသိသာ သာဆက္စပ္မႈရိွေၾကာင္းကုိ လူ ၇၈ ရာခိုင္ႏႈန္းက သတိမျပဳမိၾကဟု သုေတသီမ်ားက ေျပာၾကားသည္။

အ၀လြန္ျခင္းႏွင့္ ရင္သားကင္ဆာျဖစ္ပြားျခင္းတို႔အၾကား ဆက္စပ္မႈကုိ သတိမျပဳမိသူ ၆၉ ရာခိုင္ႏႈန္းရိွၿပီး အ၀လြန္ျခင္းႏွင့္ သရက္ ရြက္ကင္ဆာျဖစ္ပြားမႈအၾကား ဆက္စပ္မႈကို သတိမျပဳမိသူ ၅၃ ရာခိုင္ႏႈန္းရိွေၾကာင္း သုေတသီမ်ားက ေျပာသည္။

လူ ၆၀ ရာခိုင္ႏႈန္းက အ၀လြန္ျခင္းႏွင့္ အူလမ္းေၾကာင္းကင္ ဆာျဖစ္ပြားမႈအၾကား ဆက္စပ္ေနသည္ကုိ သတိျပဳမိၿပီး အ၀လြန္ျခင္းႏွင့္ အသည္းကင္ဆာျဖစ္ပြားမႈအၾကား ဆက္စပ္ေနသည္ကုိ သတိျပဳမိသူ ၅၅ ရာခိုင္ႏႈန္းရိွသည္ဟု ေလ့လာမႈက ေဖာ္ျပသည္။

ေဆးလိပ္ေသာက္ျခင္း ၿပီးေနာက္ကုိယ္အေလးခ်ိန္ပိုမ်ားျခင္း (သို႔မဟုတ္) အ၀လြန္ျခင္းသည္ အဓိကႀကိဳတင္ကာကြယ္ႏုိင္ေသာ ကင္ဆာေရာဂါျဖစ္ေစသည့္ အေၾကာင္းရင္းျဖစ္ၿပီး ၿဗိတိန္ႏုိင္ငံတြင္ တစ္ႏွစ္လွ်င္ ကင္ဆာေရာဂါျဖစ္ပြားမႈ ၁၈,၁၀၀ ႏွင့္ ဆက္စပ္ေန ေၾကာင္း သိရသည္။ ကုိုယ္အေလးခ်ိန္ပိုမ်ားေနျခင္း (သုိ႔မဟုတ္) အ၀လြန္ျဖစ္ျခင္းသည္ ရင္သားကင္ဆာ၊ အူလမ္းေၾကာင္းကင္ဆာ၊ ၀မ္းဗုိက္ကင္ဆာႏွင့္ အစာလမ္းေၾကာင္း ကင္ဆာတို႔အပါအ၀င္ ကင္ဆာေရာဂါ ၁၀ မ်ိဳးျဖစ္ပြားမႈႏွင့္ ဆက္စပ္ေနသည္။

လက္ရိွကုိုယ္အေလးခ်ိန္ပိုမ်ားေနသူ (သို႔မဟုတ္) အ၀လြန္ျဖစ္ ေနသူအေရအတြက္အတုိင္း ဆက္ရိွေနမည္ဆုိပါက လာမည့္ႏွစ္ ၂၀တြင္ ကင္ဆာေရာဂါျဖစ္ပြားသူ ၆၇၀,၀၀၀ ရိွလာမည္ျဖစ္ ေၾကာင္း ေနာက္ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

၀င္ေငြနည္းပါးေသာ လူတန္းစားမ်ားၾကား အ၀လြန္ျဖစ္ေနသူ အေရအတြက္ပုိမ်ားေၾကာင္း ယင္းေလ့လာမႈက ေဖာ္ျပသည္။

က်န္းမာေရးႏွင့္အညီ စားေသာက္ျခင္း၊ ကုိယ္လက္လႈပ္ရွား မႈပိုလုပ္ျခင္းျဖင့္ က်န္းမာေရးႏွင့္ ညီေသာ ကုိယ္အေလးခ်ိန္ကုိ ထိန္း ထားရန္ အေထာက္အကူျဖစ္ႏုိင္သည္ဟု သုေတသီမ်ားက ေျပာ သည္။ ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားကိုလည္း ထိုနည္းအ တုိင္း လုိက္နာေစျခင္းျဖင့္ ၎တုိ႔ကုိ ဘ၀ေနာက္ပုိင္းတြင္ က်န္းမာ ေရးႏွင့္ညီေသာ ကုိယ္အေလးခ်ိန္ကို ထိန္းသိမ္းထားႏုိင္ရန္ အ ေထာက္အကူျပဳႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဗြိတိန်နိုင်ငံရှိ လူလေးဦးတွင် သုံးဦး (၇၅ ရာခိုင်နှုန်း)သည် အဝလွန်ခြင်းနှင့် ကင်ဆာရောဂါအကြား ဆက်စပ်မှုကို သတိမပြုမိ ကြကြောင်း မကြာမီက ပြုလုပ်သော လေ့လာမှုတစ်ခုအရသိရ သည်။

နိမ့်ပါးသော လူမှုစီးပွားရေး နောက်ခံရှိသူများသည် ယင်းဆက် စပ်မှုကို သိရှိနိုင်ခြေပိုနည်းပြီး အဝလွန်ခြင်းကြောင့်ဖြစ်သော ကင် ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်တက်လာမှုကို အမျိုးသမီးများ ထက်ပို၍ အမျိုးသားများက သတိပြုမိနိုင်ခြေပိုနည်းကြောင်း ဗြိတိန် နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သော ယင်းလေ့လာမှုက ဖော်ပြသည်။

အဝလွန်ခြင်းသည် သားအိမ်ကင်ဆာဖြစ်ပွားမှုနှင့် သိသိသာ သာဆက်စပ်မှုရှိကြောင်းကို လူ ၇၈ ရာခိုင်နှုန်းက သတိမပြုမိကြဟု သုတေသီများက ပြောကြားသည်။

အဝလွန်ခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားခြင်းတို့အကြား ဆက်စပ်မှုကို သတိမပြုမိသူ ၆၉ ရာခိုင်နှုန်းရှိပြီး အဝလွန်ခြင်းနှင့် သရက် ရွက်ကင်ဆာဖြစ်ပွားမှုအကြား ဆက်စပ်မှုကို သတိမပြုမိသူ ၅၃ ရာခိုင်နှုန်းရှိကြောင်း သုတေသီများက ပြောသည်။

လူ ၆၀ ရာခိုင်နှုန်းက အဝလွန်ခြင်းနှင့် အူလမ်းကြောင်းကင် ဆာဖြစ်ပွားမှုအကြား ဆက်စပ်နေသည်ကို သတိပြုမိပြီး အဝလွန်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားမှုအကြား ဆက်စပ်နေသည်ကို သတိပြုမိသူ ၅၅ ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုက ဖော်ပြသည်။

ဆေးလိပ်သောက်ခြင်း ပြီးနောက်ကိုယ်အလေးချိန်ပိုများခြင်း (သို့မဟုတ်) အဝလွန်ခြင်းသည် အဓိကကြိုတင်ကာကွယ်နိုင်သော ကင်ဆာရောဂါဖြစ်စေသည့် အကြောင်းရင်းဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် တစ်နှစ်လျှင် ကင်ဆာရောဂါဖြစ်ပွားမှု ၁၈,၁၀၀ နှင့် ဆက်စပ်နေ ကြောင်း သိရသည်။ ကိုယ်အလေးချိန်ပိုများနေခြင်း (သို့မဟုတ်) အဝလွန်ဖြစ်ခြင်းသည် ရင်သားကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ ဝမ်းဗိုက်ကင်ဆာနှင့် အစာလမ်းကြောင်း ကင်ဆာတို့အပါအဝင် ကင်ဆာရောဂါ ၁၀ မျိုးဖြစ်ပွားမှုနှင့် ဆက်စပ်နေသည်။

လက်ရှိကိုယ်အလေးချိန်ပိုများနေသူ (သို့မဟုတ်) အဝလွန်ဖြစ် နေသူအရေအတွက်အတိုင်း ဆက်ရှိနေမည်ဆိုပါက လာမည့်နှစ် ၂၀တွင် ကင်ဆာရောဂါဖြစ်ပွားသူ ၆၇၀,၀၀၀ ရှိလာမည်ဖြစ် ကြောင်း နောက်လေ့လာမှုတစ်ခုက ဖော်ပြသည်။

ဝင်ငွေနည်းပါးသော လူတန်းစားများကြား အဝလွန်ဖြစ်နေသူ အရေအတွက်ပိုများကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

ကျန်းမာရေးနှင့်အညီ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုပိုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီသော ကိုယ်အလေးချိန်ကို ထိန်း ထားရန် အထောက်အကူဖြစ်နိုင်သည်ဟု သုတေသီများက ပြော သည်။ ကလေးများနှင့် ဆယ်ကျော်သက်များကိုလည်း ထိုနည်းအ တိုင်း လိုက်နာစေခြင်းဖြင့် ၎င်းတို့ကို ဘဝနောက်ပိုင်းတွင် ကျန်းမာ ရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ရန် အ ထောက်အကူပြုနိုင်သည်ဟု သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top