Property Expo
×

ေက်ာင္းဆရာ ဆရာမေတြက အိမ္မွာလည္း သားသမီးေတြကို ေက်ာင္းမွာလို အုပ္ခ်ဳပ္တဲ့အတြက္ သူတုိ႔ရဲ႕ သားသမီးျဖစ္ရတာ ဘယ္ေတာ့မွ မၿပီးဆံုးႏုိင္တဲ့ ေက်ာင္းကို တက္ရသလိုပါပဲ။

ဆရာ/ဆရာမရဲ႕ သားသမီးေတြ ၾကံဳေတြ႕ရတဲ့ ျပႆနာေတြကေတာ့...

၁။ ေက်ာင္းဝတ္စံု

အဝတ္အစားနဲ႔ ပတ္သက္ၿပီး ဘယ္ေတာ့မွ ျဖစ္သလို ဝတ္ဆင္လို႔မရပါဘူး။ သင့္မိဘက သင္ဘာဝတ္တယ္၊ ဘယ္လိုဝတ္တယ္ဆုိတာ အေသအခ်ာ စစ္ေဆးပါတယ္။

၂။ အခ်ိန္မွန္ရမယ္

မိဘက ဆရာျဖစ္ေနတဲ့အတြက္ သူတုိ႔ ေက်ာင္းသြားရင္ လိုက္သြားရပါတယ္။ ေက်ာင္းေနာက္က်ခြင့္ လံုးဝမရွိပါဘူး။

၃။ အိမ္စာ

အိမ္စာလုပ္ရတာ ဘယ္ေက်ာင္းသားမွ မႀကိဳက္ပါဘူး။ ဆရာျဖစ္ေနတဲ့ မိဘနဲ႔အတူ အိမ္စာလုပ္ရတဲ့ ဘဝက ပို္ဆိုးပါေသးတယ္။ သူတုိ႔က အိမ္စာကို ေသခ်ာလုပ္မလုပ္ စစ္ေဆးမယ္။ မသိလုိ႔ ေမးမိရင္ေတာ့ ရန္ပြဲစပါၿပီ။

၄။ စာေမးပြဲေတြ

ဆရာျဖစ္ေနတဲ့ မိဘရဲ႕ သင့္အေပၚထားတဲ့ ရည္မွန္းခ်က္က မိုးထိျမင့္မားပါတယ္။ အေကာင္းဆံုး ေက်ာင္းေတြမွာ တက္ႏုိင္ဖို႔ စာေမးပြဲေတြမွာ အမွတ္ေကာင္းဖို႔ သူတုိ႔က အပီအျပင္ေမာင္းပါတယ္။

၅။ သာမန္ကိစၥေလးေတြက သင္ခန္းစာ ျဖစ္သြားတယ္

သူတုိ႔နဲ႔အတူ အေပ်ာ္ခရီးထြက္ရတာ ေက်ာင္းေလ့လာေရးခရီးထြက္ရသလုိပဲ။ ေတြ႕သမွ်ကို လက္ညႇဳိးထုိးၿပီး ေျပာျပမယ္၊ သင္ျပမယ္၊ မွတ္ခုိင္းမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကျောင်းဆရာ ဆရာမတွေက အိမ်မှာလည်း သားသမီးတွေကို ကျောင်းမှာလို အုပ်ချုပ်တဲ့အတွက် သူတို့ရဲ့ သားသမီးဖြစ်ရတာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကျောင်းကို တက်ရသလိုပါပဲ။

ဆရာ/ဆရာမရဲ့ သားသမီးတွေ ကြုံတွေ့ရတဲ့ ပြဿနာတွေကတော့...

၁။ ကျောင်းဝတ်စုံ

အဝတ်အစားနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဖြစ်သလို ဝတ်ဆင်လို့မရပါဘူး။ သင့်မိဘက သင်ဘာဝတ်တယ်၊ ဘယ်လိုဝတ်တယ်ဆိုတာ အသေအချာ စစ်ဆေးပါတယ်။

၂။ အချိန်မှန်ရမယ်

မိဘက ဆရာဖြစ်နေတဲ့အတွက် သူတို့ ကျောင်းသွားရင် လိုက်သွားရပါတယ်။ ကျောင်းနောက်ကျခွင့် လုံးဝမရှိပါဘူး။

၃။ အိမ်စာ

အိမ်စာလုပ်ရတာ ဘယ်ကျောင်းသားမှ မကြိုက်ပါဘူး။ ဆရာဖြစ်နေတဲ့ မိဘနဲ့အတူ အိမ်စာလုပ်ရတဲ့ ဘဝက ပိုဆိုးပါသေးတယ်။ သူတို့က အိမ်စာကို သေချာလုပ်မလုပ် စစ်ဆေးမယ်။ မသိလို့ မေးမိရင်တော့ ရန်ပွဲစပါပြီ။

၄။ စာမေးပွဲတွေ

ဆရာဖြစ်နေတဲ့ မိဘရဲ့ သင့်အပေါ်ထားတဲ့ ရည်မှန်းချက်က မိုးထိမြင့်မားပါတယ်။ အကောင်းဆုံး ကျောင်းတွေမှာ တက်နိုင်ဖို့ စာမေးပွဲတွေမှာ အမှတ်ကောင်းဖို့ သူတို့က အပီအပြင်မောင်းပါတယ်။

၅။ သာမန်ကိစ္စလေးတွေက သင်ခန်းစာ ဖြစ်သွားတယ်

သူတို့နဲ့အတူ အပျော်ခရီးထွက်ရတာ ကျောင်းလေ့လာရေးခရီးထွက်ရသလိုပဲ။ တွေ့သမျှကို လက်ညှိုးထိုးပြီး ပြောပြမယ်၊ သင်ပြမယ်၊ မှတ်ခိုင်းမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top