Property Expo
×

 စပိန္ကြင္းလယ္လူ ဖာ ဘရီဂတ္စ္က နည္းျပကြန္တီ၏ ပထမဦးစားေပး စာရင္းတြင္ ပါ၀င္ခြင့္ရထိုက္ေၾကာင္း  ျပသ ရန္ ဆယ္ေက်ာ္သက္အရြယ္က စိတ္အားထက္သန္မႈမ်ိဳးျဖင့္ ေလ့ က်င့္ေနေၾကာင္း ေျပာၾကားလိုက္ သည္။

ဖာဘရီဂတ္စ္သည္ လက္စ တာကို ၄-၂ ဂိုးျဖင့္ ႏိုင္ေသာလိဂ္ ဖလားပြဲတြင္ ႏွစ္ဂိုးသြင္းယူႏိုင္ ေသာ္လည္း ပရီးမီးယားလိဂ္၌ နည္းျပကြန္တီလက္ထက္တြင္ ပါ ၀င္ကစားခြင့္မရေသးေပ။

‘‘ကြၽန္ေတာ္ ကစားခြင့္ရ ထိုက္တယ္ဆိုတာ သူျမင္ေတြ႕ လာေအာင္ သူ႔မ်က္စိေတြကို ဖြင့္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါ တယ္’’ဟု ဖာဘရီဂတ္စ္ (၂၉) ႏွစ္ ကေျပာသည္။

ခ်ယ္လ္ဆီးနည္းျပကြန္တီ က ‘‘ဖာဘရီဂတ္စ္ဟာ ခ်ယ္လ္ဆီး ကစားသမားပါ။ သူ႔ရဲ႕သေဘာ ထား၊ ေလ့က်င့္ခန္း အစီအစဥ္ ေတြမွာ သူ႔ရဲ႕ အျပဳအမူေတြနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္၀မ္းသာ ပါတယ္’’ဟု ေျပာသည္။

‘‘ကစားသမားတစ္ေယာက္ ပြဲထြက္ကစားခြင့္နဲ႔ ထိုက္တန္လာ တဲ့အခါမွာ ကြၽန္ေတာ္သူ႔ကို အ သင္းမွာထည့္ၿပီး ကစားခိုင္းမွာ ပါ’’ဟု ကြန္တီက ထပ္ေလာင္း ေျပာၾကားသည္။ ခ်ယ္လ္ဆီးအ သင္းတြင္ ပြဲထြက္ခြင့္မရ၍ ေ၀ဖန္ သံမ်ား ဆူညံခဲ့ျခင္းေၾကာင့္ ဖာဘရီဂတ္စ္က လက္စတာပြဲ၌ ၎ျပသခဲ့ေသာ စြမ္းေဆာင္ရည္က ေ၀ဖန္မႈမ်ားကို တိတ္ဆိတ္သြား ေစမည္ဟု ေမွ်ာ္လင့္ေၾကာင္း  ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

 စပိန်ကွင်းလယ်လူ ဖာ ဘရီဂတ်စ်က နည်းပြကွန်တီ၏ ပထမဦးစားပေး စာရင်းတွင် ပါဝင်ခွင့်ရထိုက်ကြောင်း  ပြသ ရန် ဆယ်ကျော်သက်အရွယ်က စိတ်အားထက်သန်မှုမျိုးဖြင့် လေ့ ကျင့်နေကြောင်း ပြောကြားလိုက် သည်။

ဖာဘရီဂတ်စ်သည် လက်စ တာကို ၄-၂ ဂိုးဖြင့် နိုင်သောလိဂ် ဖလားပွဲတွင် နှစ်ဂိုးသွင်းယူနိုင် သော်လည်း ပရီးမီးယားလိဂ်၌ နည်းပြကွန်တီလက်ထက်တွင် ပါ ဝင်ကစားခွင့်မရသေးပေ။

‘‘ကျွန်တော် ကစားခွင့်ရ ထိုက်တယ်ဆိုတာ သူမြင်တွေ့ လာအောင် သူ့မျက်စိတွေကို ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါ တယ်’’ဟု ဖာဘရီဂတ်စ် (၂၉) နှစ် ကပြောသည်။

ချယ်လ်ဆီးနည်းပြကွန်တီ က ‘‘ဖာဘရီဂတ်စ်ဟာ ချယ်လ်ဆီး ကစားသမားပါ။ သူ့ရဲ့သဘော ထား၊ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ သူ့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ ကျွန်တော်ဝမ်းသာ ပါတယ်’’ဟု ပြောသည်။

‘‘ကစားသမားတစ်ယောက် ပွဲထွက်ကစားခွင့်နဲ့ ထိုက်တန်လာ တဲ့အခါမှာ ကျွန်တော်သူ့ကို အ သင်းမှာထည့်ပြီး ကစားခိုင်းမှာ ပါ’’ဟု ကွန်တီက ထပ်လောင်း ပြောကြားသည်။ ချယ်လ်ဆီးအ သင်းတွင် ပွဲထွက်ခွင့်မရ၍ ဝေဖန် သံများ ဆူညံခဲ့ခြင်းကြောင့် ဖာဘရီဂတ်စ်က လက်စတာပွဲ၌ ၎င်းပြသခဲ့သော စွမ်းဆောင်ရည်က ဝေဖန်မှုများကို တိတ်ဆိတ်သွား စေမည်ဟု မျှော်လင့်ကြောင်း  ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top