Property Expo
×


တနင်္သာရီတိုင်းဒေသကြီး မြိတ်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန (မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး) ဦးခင်​​မောင်​​အေးနှင့်  ဌာနဆိုင်​ရာ အကြီးအကဲ အချို့ လိုက်​ပါလာပြီး ဦးခင်​​မောင်​​အေး ကိုယ်​တိုင်​​ မောင်းနှင်​လာ​သော 5G - 7642 (ဌာနပိုင်​မော်​​တော်​ယာဉ်​)နှင့် မြိတ်​မြို့၊ အလယ်​ကျွန်းနယ်​​မြေ၊ မြစ်​မရပ်​မှ ​တော်ဝင်​ အမည်​ရှိသူ နှင့် သူငယ်​ချင်း တစ်​စု ​မောင်းနှင်​ လာ​သော အနက်​​ရောင်​ ​မော်​​တော်​ယာဉ်​ (၂)စီး သည်​ ၂၀၁၆ ခုနှစ်​၊ စက်​တင်​ဘာလ (၁၀)ရက်​​၊ နံနက်​ (၀၁၁၅) နာရီ အချိန်​၌ ကန်​​ခေါင်းရပ်​၊ စကားဝါ လမ်းဆုံရှိ မုန့်​ကုလားမဲ ဆိုင်​​ရှေ့ အ​ရောက်​​ဘေးချင်း ကပ်​လျက်​ ယှဉ်​​မောင်း လာစဉ်​ ​တော်​၀င်​ တို့၏ ကားမှ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ၏ ကားအား ချိတ်​မိသလို ဖြစ်​ကာ အရှိန်​ပြင်းပြင်း​ မောင်းနှင်​ပြီး ​ကျော်​တက်​သွားခဲ့ ကြောင်း သိရပါတယ်။

ထိုသို့ ဖြစ်ပွားသဖြင့် မြို့နယ်​အုပ်​ချုပ်​​ရေးမှူးးမှ စည်းကမ်းမဲ့​ မောင်းနှင်​သွား​သော ​တော်​၀င်​ တို့၏ ​မော်​​တော်​ယာဉ်​​နောက်​ အမှီလိုက်​ကာ ​ ​အော်​ဟစ်​ဆဲဆိုခဲ့ပြီး ထမင်းစားရန်​နှင့် ကွမ်းယာ ၀ယ်​စားရန်​ အတွက်​ ကရာနီလမ်းဆုံ လဘက်​ရည်​ ဆိုင်​​ရှေ့ အ​ရောက်​၌ ​မော်​​တော်​ယာဉ်​အား ရပ်​နားထားစဉ်​ ​တော်​၀င်​ တို့၏ ​မော်​​တော်​ယာဉ်​မှ အရှိန်​ပြင်းစွာ ​မောင်းနှင်​လာပြီး ​တော်​၀င်​ တို့၏ ကား​ပေါ်မှ လူတစ်​ဦး ထွက်​လာကာ ကင်​ဒို ဓားရှည်​ကို ကိုင်​လျက်​ ရပ်​နားထား​သော မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ၏ ​မော်​​တော်​ယာဉ်​ Body အား ၆ / ၇ ချက်​ ခန့်​ ခုတ်​ခဲ့ပြီး ၄င်းတို့၏ ​မော်​​တော်​ယာဉ်​​ပေါ် သို့ အလျင်​အမြန်​ တက်​၍ ဘုရားငါးဆူ​ကွင်းပြင်​အနီး၊ မြို့မ ​ဘောလုံးကွင်းဘက်​သို့ ထွက်​​ပြေး​မောင်​နှင်​သွားခဲ့​​ကြောင်း သိရပါတယ်။



#Unicode Version
ဓာတ်ပုံ - မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (မြို့နယ် အုပ်ချုပ်ရေးမှူ း) ဦးခင်မောင်အေးနှင့်  ဌာနဆိုင်ရာ အကြီးအကဲ အချို့ လိုက်ပါလာပြီး ဦးခင်မောင်အေး ကိုယ်တိုင် မောင်းနှင်လာသော 5G - 7642 (ဌာနပိုင်မော်တော်ယာဉ်)နှင့့် မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ မြစ်မရပ်မှ တော်ဝင် အမည်ရှိသူ နှင့် သူငယ်ချင်း တစ်စု မောင်းနှင် လာသော အနက်ရောင် မော်တော်ယာဉ် (၂)စီး သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်၊ နံနက် (၀၁၁၅) နာရီ အချိန်၌ ကန်ခေါင်းရပ်၊ စကားဝါ လမ်းဆုံရှိ မုန့်ကုလားမဲ ဆိုင်ရှေ့ အရောက်ဘေးချင်း ကပ်လျက် ယှဉ်မောင်း လာစဉ် တော်ဝင် တို့၏ ကားမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ကားအား ချိတ်မိသလို ဖြစ်ကာ အရှှိန်ပြင်းပြင်း မောင်းနှင်ပြီး ကျော်တက်သွားခဲ့ ကြောင်း သိရပါတယ်။

ထိုသို့ ဖြစ်ပွားသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးးမှ စည်းကမ်းမဲ့ မောင်းနှင်သွားသော တော်ဝင် တို့၏ မော်တော်ယာဉ်နောက် အမှီလိုက်ကာ  အော်ဟစ်ဆဲဆိုခဲ့ပြီး ထမင်းစားရန်နှင့် ကွမ်းယာ ဝယ်စားရန် အတွက် ကရာနီလမ်းဆုံ လဘက်ရည် ဆိုင်ရှေ့ အရောက်၌ မော်တော်ယာဉ်အား ရပ်နားထားစဉ် တော်ဝင် တို့၏ မော်တော်ယာဉ်မှ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး တော်ဝင် တို့၏ ကားပေါ်မှ လူတစ်ဦး ထွက်လာကာ ကင်ဒို ဓားရှည်ကို ကိုင်လျက် ရပ်နားထားသော မြို့နယ် အုပ်ချုပ်ရေးမှူ း ၏ မော်တော်ယာဉ် Body အား ၆ / ၇ ချက် ခန့် ခုတ်ခဲ့ပြီး ၎င်းတို့၏ မော်တော်ယာဉ်ပေါ် သို့ အလျင်အမြန် တက်၍ ဘုရားငါးဆူကွင်းပြင်အနီး၊ မြို့မ ဘောလုံးကွင်းဘက်သို့ ထွက်ပြေးမောင်နှင်သွားခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ မေးမြန်း စုံစမ်းချက်များ အရ မည်သည့် ရဲကင်း ရဲစခန်းတွင်မျှ တရားဝင် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားခြင်း မရှိကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top