Property Expo
×

ကုလသမဂၢ လုံၿခံဳေရးေကာင္စီက ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ ခ်မွတ္ေရးနဲ႔ ပတ္သက္လို႔ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏုိင္ငံတို႔ သေဘာတူညီခ်က္ ရရွိခဲ့ပါတယ္။
ေတာင္ကိုရီးယား ႏိုင္ငံျခားေရး၀န္ႀကီး ယြန္ေဗ်ာင္ဆဲ့နဲ႔ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ရီတို႔ စက္တင္ဘာ ၁၃ ရက္က တယ္လီဖုန္းနဲ႔ ေဆြးေႏြးရာမွာ သေဘာတူၾကတာလို႔ အန္အိပ္ခ်္ေကသတင္းက ေရးပါတယ္။

သူတို႔ႏွစ္ဦးဟာ ေျမာက္ကုိရီးယားႏိုင္ငံရဲ႕ ငါးႀကိမ္ေျမာက္ ႏ်ဴကလီးယား စမ္းသပ္မႈနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

တ႐ုတ္ႏိုင္ငံက ေျမာက္ကိုရီးယား ႏ်ဴကလီးယားစမ္းသပ္မႈအေပၚ ဆန္႔က်င္ခဲ့တဲ့အတြက္ မစၥတာ ယြန္ေဗ်ာင္ဆဲ့က ႀကိဳဆိုေၾကာင္း၊ ဒီစမ္းသပ္မႈဟာ လုံၿခဳံေရးေကာင္စီက ခ်မွတ္ထားတဲ့ ဆုံးျဖတ္ခ်က္ကို ေဖာက္ဖ်က္မႈျဖစ္ေၾကာင္းနဲ႔ တ႐ုတ္အေနနဲ႔ ေတာင္ကိုရီးယားနဲ႔ အတူတကြ ပူးေပါင္းတုံ႔ျပန္ဖို႔ ေတာင္းဆိုပန္ၾကားခဲ့ေၾကာင္း ေတာင္ကိုရီးယား ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားနဲ႔ ဒုံးက်ည္စမ္းသပ္မႈေတြကို တားဆီးဖို႔အတြက္ ကုလလုံၿခဳံေရးေကာင္စီက ေျမာက္ကိုရီးယားအေပၚ တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ႏိုင္ေအာင္ ဆုံးျဖတ္ခ်က္တရပ္ ခ်မွတ္ႏိုင္ေရးကို တ႐ုတ္ႏုိင္ငံက သေဘာတူတယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး ၀မ္ရီကုိ ကိုးကားၿပီး သတင္းက ေရးပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကလည္း လုံၿခဳံေရးေကာင္စီက ေျမာက္ကိုရီးယားအေပၚ သင့္တင့္ေလ်ာက္ပတ္တဲ့ တုံ႔ျပန္ေရးမွာ အတည္ျပဳႏိုင္ေအာင္ ဆႏၵေဖာ္ထုတ္ထားၿပီးသားပါလို႔ မစၥတာ ၀မ္ရီက ေျပာပါတယ္။

ေျမာက္ကိုရီးယားက ဒီႏွစ္ ဇန္န၀ါရီလမွာ ေလးႀကိမ္ေျမာက္ ႏ်ဴကလီးယားစမ္းသပ္မႈ လုပ္ခဲ့ၿပီးေနာက္ လုံၿခဳံေရးေကာင္စီက ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ေအာင္ ၂ လနီးပါး အခ်ိန္ယူခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ရေးနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗျောင်ဆဲ့နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့ စက်တင်ဘာ ၁၃ ရက်က တယ်လီဖုန်းနဲ့ ဆွေးနွေးရာမှာ သဘောတူကြတာလို့ အန်အိပ်ချ်ကေသတင်းက ရေးပါတယ်။

သူတို့နှစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုအပေါ် ဆန့်ကျင်ခဲ့တဲ့အတွက် မစ္စတာ ယွန်ဗျောင်ဆဲ့က ကြိုဆိုကြောင်း၊ ဒီစမ်းသပ်မှုဟာ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်မှုဖြစ်ကြောင်းနဲ့ တရုတ်အနေနဲ့ တောင်ကိုရီးယားနဲ့ အတူတကွ ပူးပေါင်းတုံ့ပြန်ဖို့ တောင်းဆိုပန်ကြားခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တားဆီးဖို့အတွက် ကုလလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် တင်းတင်းကျပ်ကျပ် ဆောင်ရွက်နိုင်အောင် ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ရေးကို တရုတ်နိုင်ငံက သဘောတူတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကို ကိုးကားပြီး သတင်းက ရေးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် သင့်တင့်လျောက်ပတ်တဲ့ တုံ့ပြန်ရေးမှာ အတည်ပြုနိုင်အောင် ဆန္ဒဖော်ထုတ်ထားပြီးသားပါလို့ မစ္စတာ ဝမ်ရီက ပြောပါတယ်။

မြောက်ကိုရီးယားက ဒီနှစ် ဇန်နဝါရီလမှာ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်နိုင်အောင် ၂ လနီးပါး အချိန်ယူခဲ့ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top