Property Expo
×

ခင္ပြန္းျဖစ္သူရဲ႕ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းေတြကိုထုတ္ပိုးၿပီး ေလဆိပ္ကို သယ္ေဆာင္လာတဲ့ အမ်ိဳးသမီးတစ္ဦးကို ၾသစႀတီယား ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

သူမရဲ႕ ခင္ပြန္းဟာ မၾကာေသးခင္က ေသဆံုးသြားၿပီး ခင္ပြန္းကို အဆိုပါအမ်ိဳးသမီးက ခင္ပြန္း အဆိပ္ခပ္ခံရတာလို႔ယူဆေနေၾကာင္း ျပည္တြင္းမီဒီယာေတြေရးသားေဖာ္ျပၾကပါတယ္။ ေမာ္႐ိုကိုမွာ ခြဲစိပ္မႈ ျပဳလုပ္တဲ့အခ်ိန္မွာ ခင္ပြန္းလုပ္ႀကံခံရသလားဆိုတာကို သံသယရွိတဲ့အတြက္ ကိုယ္တြင္းအစိတ္အပိုင္းေတြကိုသယ္ေဆာင္ၿပီး ဓာတ္ခြဲစစ္ေဆးၾကည့္မလို႔ ႀကိဳးစားတာလုိ႔ အမ်ိဳးသမီးက ရဲတပ္ဖြဲ႔ကုိ ေျပာထားပါတယ္။

သူမဟာ ခရီးေဆာင္လက္ဆြဲအိတ္ထဲမွာ ကိုယ္တြင္းကလီစာေတြကို ေသတၱာႏွစ္လံုးနဲ႔ ေသခ်ာထုတ္ပိုးလာခဲ့တပါ။ အေလာင္းတစ္ခုလံုးကို သယ္လုိ႔မရတဲ့အတြက္ ဒီလိုလုပ္တာျဖစ္တယ္လို႔ သူမက အေၾကာင္းျပခ်က္ ေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ခင်ပွန်းဖြစ်သူရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုထုတ်ပိုးပြီး လေဆိပ်ကို သယ်ဆောင်လာတဲ့ အမျိုးသမီးတစ်ဦးကို သြစတြီယား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သူမရဲ့ ခင်ပွန်းဟာ မကြာသေးခင်က သေဆုံးသွားပြီး ခင်ပွန်းကို အဆိုပါအမျိုးသမီးက ခင်ပွန်း အဆိပ်ခပ်ခံရတာလို့ယူဆနေကြောင်း ပြည်တွင်းမီဒီယာတွေရေးသားဖော်ပြကြပါတယ်။ မော်ရိုကိုမှာ ခွဲစိပ်မှု ပြုလုပ်တဲ့အချိန်မှာ ခင်ပွန်းလုပ်ကြံခံရသလားဆိုတာကို သံသယရှိတဲ့အတွက် ကိုယ်တွင်းအစိတ်အပိုင်းတွေကိုသယ်ဆောင်ပြီး ဓာတ်ခွဲစစ်ဆေးကြည့်မလို့ ကြိုးစားတာလို့ အမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။

သူမဟာ ခရီးဆောင်လက်ဆွဲအိတ်ထဲမှာ ကိုယ်တွင်းကလီစာတွေကို သေတ္တာနှစ်လုံးနဲ့ သေချာထုတ်ပိုးလာခဲ့တပါ။ အလောင်းတစ်ခုလုံးကို သယ်လို့မရတဲ့အတွက် ဒီလိုလုပ်တာဖြစ်တယ်လို့ သူမက အကြောင်းပြချက် ပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top