Property Expo
×

တြဲဖက္စားသုံးလုိက္ရင္ ခႏၶာကိုယ္မွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ အစားအေသာက္ေပါင္းစပ္မႈေတြ ရိွပါတယ္။ အဲဒီအစားအေသာက္ေတြဟာ အစာေျခဖ်က္မႈစနစ္ထဲ ေရာက္သြားလုိ႔ ပုံမွန္အစားအစာေတြနဲ႔ ထိေတြ႔တဲ့အခါ ျဒပ္ေပါင္းအျဖစ္ေျပာင္းသြားၾကျပီး ကသိကေအာက္ျဖစ္ေစႏုိင္ပါတယ္။

သစ္သီးဝလံနဲ႔ ဒိန္ခ်ဥ္

ခ်ဥ္တဲ့ အစားအေသာက္ေတြကို ဒိန္ခ်ဥ္နဲ႔ ေပါင္းစပ္စားသုံးတာက ကယ္လုိရီေလာင္ကြ်မ္းမႈ ေလွ်ာ့က်ေစျပီး အစာေျခခ်က္မႈ ေႏွးေကြးေစတဲ့ အက္ဆစ္ဓာတ္ေတြ ဖန္တီးျဖစ္ေပၚေစပါတယ္။

ဘိလပ္ေဖ်ာ္ရည္နဲ႔ ပူရွိန္းသၾကားလုံး

ပူစီနံက ေဆာ္ဒါနဲ႔ မတည့္တဲ့ လကၡဏာမျပပါဘူးလုိ႔ ယူဆထားၾကပါတယ္။ ဒါေပမယ့္ သတ္မွတ္ထားတဲ့ အခ်ဳိးအစားအတုိင္း မေရာစပ္ပါက အစာအိမ္မွာ ဆုိင္ယာႏုိက္အဆိပ္ (cyanide) ေပါင္းစပ္ျဖစ္ေပၚေစပါတယ္။

ပိုးသတ္ေဆးနဲ႔ ႏုိ႔ထြက္ပစၥည္း

ပိုးသတ္ေဆးအနည္းငယ္က ႏုိ႔ကေန ကယ္လ္စီယမ္နဲ႔ သတၱဳဓာတ္စုပ္ယူမႈ ဟန္႔တားထားတာေၾကာင့္ မျဖစ္မေနေရွာင္ၾကဥ္သင့္ပါတယ္။

ႏုိ႔နဲ႔ သံပုရာသီး

ႏုိ႔တစ္စက္ ဒါမွမဟုတ္ တစ္ဇြန္းေပၚကို သံပုရာရည္အစက္အနည္းငယ္ခ်လုိက္ရင္ ဘာျဖစ္သလဲ။ ပူးကပ္သြားၾကပါတယ္။ သံပုရာရည္နဲ႔ ႏုိ႔ေရာေသာက္ရင္လည္း အစာအိမ္အတြင္း အဲဒီအတုိင္းျဖစ္ျပီး အက္ဆစ္အျဖစ္ေျပာင္းကာ အဆိပ္ျဖစ္ေစပါတယ္။

ပ်ားရည္နဲ႔ ေရေႏြး  

ပ်ားရည္ကို ေရေႏြးနဲ႔ ေရာရင္ ဖယ္ရွားဖုိ႔အခက္ဆုံးအဆိပ္ျဖစ္တဲ့ ama ကို ထုတ္လုပ္ေပးတယ္လုိ႔ ေဒါက္တာ Kulreet Chaudhary က ဆုိပါတယ္။ ပ်ားရည္ကို ေရေႏြးနဲ႔ေရာစပ္လုိက္တဲ့အခါမွာ  အာနိသင္ဆုံးရႈံးျပီး အဆိပ္သင့္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

တွဲဖက်စားသုံးလိုက်ရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အစားအသောက်ပေါင်းစပ်မှုတွေ ရှိပါတယ်။ အဲဒီအစားအသောက်တွေဟာ အစာခြေဖျက်မှုစနစ်ထဲ ရောက်သွားလို့ ပုံမှန်အစားအစာတွေနဲ့ ထိတွေ့တဲ့အခါ ဒြပ်ပေါင်းအဖြစ်ပြောင်းသွားကြပြီး ကသိကအောက်ဖြစ်စေနိုင်ပါတယ်။

သစ်သီးဝလံနဲ့ ဒိန်ချဉ်

ချဉ်တဲ့ အစားအသောက်တွေကို ဒိန်ချဉ်နဲ့ ပေါင်းစပ်စားသုံးတာက ကယ်လိုရီလောင်ကျွမ်းမှု လျှော့ကျစေပြီး အစာခြေချက်မှု နှေးကွေးစေတဲ့ အက်ဆစ်ဓာတ်တွေ ဖန်တီးဖြစ်ပေါ်စေပါတယ်။

ဘိလပ်ဖျော်ရည်နဲ့ ပူရှိန်းသကြားလုံး

ပူစီနံက ဆော်ဒါနဲ့ မတည့်တဲ့ လက္ခဏာမပြပါဘူးလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း မရောစပ်ပါက အစာအိမ်မှာ ဆိုင်ယာနိုက်အဆိပ် (cyanide) ပေါင်းစပ်ဖြစ်ပေါ်စေပါတယ်။

ပိုးသတ်ဆေးနဲ့ နို့ထွက်ပစ္စည်း

ပိုးသတ်ဆေးအနည်းငယ်က နို့ကနေ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်စုပ်ယူမှု ဟန့်တားထားတာကြောင့် မဖြစ်မနေရှောင်ကြဉ်သင့်ပါတယ်။

နို့နဲ့ သံပုရာသီး

နို့တစ်စက် ဒါမှမဟုတ် တစ်ဇွန်းပေါ်ကို သံပုရာရည်အစက်အနည်းငယ်ချလိုက်ရင် ဘာဖြစ်သလဲ။ ပူးကပ်သွားကြပါတယ်။ သံပုရာရည်နဲ့ နို့ရောသောက်ရင်လည်း အစာအိမ်အတွင်း အဲဒီအတိုင်းဖြစ်ပြီး အက်ဆစ်အဖြစ်ပြောင်းကာ အဆိပ်ဖြစ်စေပါတယ်။

ပျားရည်နဲ့ ရေနွေး 

ပျားရည်ကို ရေနွေးနဲ့ ရောရင် ဖယ်ရှားဖို့အခက်ဆုံးအဆိပ်ဖြစ်တဲ့ ama ကို ထုတ်လုပ်ပေးတယ်လို့ ဒေါက်တာ Kulreet Chaudhary က ဆိုပါတယ်။ ပျားရည်ကို ရေနွေးနဲ့ရောစပ်လိုက်တဲ့အခါမှာ  အာနိသင်ဆုံးရှုံးပြီး အဆိပ်သင့်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top