Property Expo
×

ယဥ္ေက်းတဲ့အျပဳအမူအတြက္ ထူးျခားတဲ့ စိုက္ထုတ္ရမႈေတြ မရွိေပမဲ့  မယဥ္ေက်းဘဲရိုင္းတဲ့အျပဳအမူအတြက္ေတာ့ တစ္ခုခု ေပးဆပ္ရမွာ ျဖစ္ပါတယ္။ ဒီလိုအိုင္ဒီယာနဲ႔ စပိန္ႏုိင္ငံက ဆုိင္ပိုင္ရွင္တစ္ဦးဟာ ေကာ္ဖီကို ယဥ္ယဥ္ေက်းေက်း မမွာသူေတြကို အပိုေငြ ေကာက္ခံေနပါတယ္။

ေကာ္ဖီမွာတဲ့အခါ ရုိင္းျပသူေတြကို ၂ ေဒၚလာနီးပါး အပိုေကာက္ခံတာျဖစ္ျပီး ဒီလိုေကာက္ခံတဲ့စနစ္ဟာ လူေတြကို ပိုမို ယဥ္ေက်းေစတယ္လို႔ ပိုင္ရွင္ျဖစ္သူ မာရီဆယ္မက္ဒရစ္က ယံုၾကည္ပါတယ္။ သူ႔ရဲ႕ ေကာ္ဖီဆုိင္ဟာ Costa Brava ကမ္းရိုးတန္းမွာ တည္ရွိတာ ျဖစ္ပါတယ္။ "ေက်းဇူးျပဳျပီး" ဆိုတဲ့ ယဥ္ေက်းတဲ့စကားမ်ိဳး သံုးသူေတြကို ေစ်းထပ္ေလွ်ာ့ေပးေသးတယ္လို႔လည္း သိရပါတယ္။

သူ႔ရဲ႕ အဆုိပါ ေငြေၾကးေကာက္ခံပံုစနစ္ကို ဆုိင္အဝမွာ စာေရးခ်ိတ္ထားတာျဖစ္ျပီး ဒီေန႔ေခတ္မွာ လူေတြဟာ အလ်င္စလိုႏုိင္ေနၾကကာ ယဥ္ေက်းဖို႔ ေမ့ေနၾကတယ္လို႔ မာရီဆယ္ မက္ဒရစ္က ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ယဉ်ကျေးတဲ့အပြုအမူအတွက် ထူးခြားတဲ့ စိုက်ထုတ်ရမှုတွေ မရှိပေမဲ့  မယဉ်ကျေးဘဲရိုင်းတဲ့အပြုအမူအတွက်တော့ တစ်ခုခု ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုအိုင်ဒီယာနဲ့ စပိန်နိုင်ငံက ဆိုင်ပိုင်ရှင်တစ်ဦးဟာ ကော်ဖီကို ယဉ်ယဉ်ကျေးကျေး မမှာသူတွေကို အပိုငွေ ကောက်ခံနေပါတယ်။

ကော်ဖီမှာတဲ့အခါ ရိုင်းပြသူတွေကို ၂ ဒေါ်လာနီးပါး အပိုကောက်ခံတာဖြစ်ပြီး ဒီလိုကောက်ခံတဲ့စနစ်ဟာ လူတွေကို ပိုမို ယဉ်ကျေးစေတယ်လို့ ပိုင်ရှင်ဖြစ်သူ မာရီဆယ်မက်ဒရစ်က ယုံကြည်ပါတယ်။ သူ့ရဲ့ ကော်ဖီဆိုင်ဟာ Costa Brava ကမ်းရိုးတန်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ "ကျေးဇူးပြုပြီး" ဆိုတဲ့ ယဉ်ကျေးတဲ့စကားမျိုး သုံးသူတွေကို ဈေးထပ်လျှော့ပေးသေးတယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ အဆိုပါ ငွေကြေးကောက်ခံပုံစနစ်ကို ဆိုင်အဝမှာ စာရေးချိတ်ထားတာဖြစ်ပြီး ဒီနေ့ခေတ်မှာ လူတွေဟာ အလျင်စလိုနိုင်နေကြကာ ယဉ်ကျေးဖို့ မေ့နေကြတယ်လို့ မာရီဆယ် မက်ဒရစ်က ပြောထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top